ချင်းမိုင်(မဇ္စျိမ) ။ ။ တိုင်းရင်းသားများ ုစည်း မှုကို ကိုယ်စားပြုကာ မြန်မာနိုင်င်ငံတဝှမ်း အပစ် ခတ် ရပ်စဲရေး လုပ်ရန် ကချင်လွတ်မြောက် ရေး အဖွဲ့က တောင်းဆိုထားချိန်တွင် နေပြည် တော်က ကချင်ပြည်နယ် တခုတည်း အတွက်သာ ဆွေးနွေး လိုကြောင်း အီးမေလ်းဖြင့် တနင်္လာ နေ့ညတွင် အကြောင်းပြန်လိုက်သည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်ဖြစ်သည့် ကေအိုင်အိုက တနိုင်ငံလုံးအတိုင်းအတာ အပစ်ခတ် ရပ်ဆိုင်းရေးကို ဗဟိုအစိုးရဘက်မှ သဘောတူပါက အပစ်ခတ် ရပ်ဆိုင်းသွားမည်ဟု
ဇူလိုင် ၈ ရက်နေ့က တင်ပြခဲ့သည့် အပေါ်အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ တုံ့ပြန်ချက်တွင် ကချင်ပြည်နယ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးအတွက်သာ ဇောင်းပေးထား သည်ဟု ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
“သူတို့ပြောတာက ကချင်ပြည်နယ်ကို အရင်ရပ်ပြီး စံနမူနာယူပြီးတော့ တခြားနေရာတွေ ရပ်မယ်ဆိုတာက အာမခံချက်မရှိတဲ့ အလုပ်ဘဲ” ဟု ဦးလနန်က ဆိုသည်။
ညီညွတ်သော တိုင်းရင်သားလူမျိုးများ ဖက်ဒရယ်ကောင်စီ - UNFC တွင် ကရင်အမျိုးသား အစည်းအရုံး၊မွန်ပြည်သစ် ပါတီ ၊ ချင်းအမျိုးသား တပ်ဦး ၊ ကချင်လွတ်မြောက်ရေး အဖွဲ့ ၊ ကရင်နီအမျိုးသား တိုးတက်ရေး
ပါတီ နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ တို့ ပါဝင်သည်။
နေပြည်တော်မှလာသော သတင်းများအရ ကချင်ဒေသတိုက်ပွဲများ အပါအဝင် ရှမ်း၊ ကရင်ဒေသ စစ်ပွဲများအကြောင်း အစိုးရအဖွဲ့ဝင်များနှင့် အရာရှိကြီးများအကြား ပြောဆို ဆွေးနွေးခြင်း လုံးဝ မရှိဟု ဆိုသည်။
အစိုးရသစ် အနေဖြင့် KIOကို တိုက်ခိုက်ရန်မှာ လွယ်ကူသော်လည်း နိုင်ငံရေးအရ ဆုံးရှုံးမည်ကို စိုးရိမ်သဖြင့်သာဆွေးနွေးနေရခြင်း ဖြစ်သည်ဟုလည်း အစိုးရ သတင်းရပ်ကွက် တခုက ပြောသည်။
အပစ်အခတ် ရပ်ဆိုင်းရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ UDPKS မှ ဦးခက်ထိန်နန်၊ ကြံ့ဖွံ့ပါတီမှ လွှတ်တော်အမတ် ဦးခမိုင်တန်တို့က တဆင့် ကချင်ပြည်နယ်အတွင်းရှိ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့ ခေါင်ဆောင်များကို စည်းရုံးကာ KIO နှင့်နားလည်မှု ရယူရေး ဆောင်ရွက်နေကြသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ထိုသတင်းကို ဦးခက်ထိန်နန်မှ ငြင်းဆိုသည်။
“အဲဒါမဟုတ်ဘူးနော် ဦးခမိုင်တန်နဲ့ တလောက ၃၊ ၄ ခါတော့ တွေ့ဖြစ်တယ်။ လက်ဆောင် ပစ္စည်းတွေ လိုက်ပေးတာလောက်ပဲ” ဟု ဦးခက်ထိန်နန်က ဆိုသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ပြေးဒုက္ခသည်များကို အစားအသောက်များ လှူဒါန်းရန် အင်္ဂါနေ့တွင် သွားရောက် ကြည့်ရှုနေသည်ဟု ဦးခက်ထိန်နန်က ပြောသည်။
ယင်းတို့ပါတီအနေဖြင့် ဆန်၊ ဆီ၊ ဆား၊ ခြင်ထောင်နှင့် စာအုပ်၊ ခဲတံများကို သွားရောက်လှူဒါန်းခဲ့ရာ ကာလတန်ဖိုးကျပ် ၂၅ သိန်းရှိသွားပြီဟု သူက ဆိုသည်။