သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ပညာ ရေးမှူးက စစ်မြေပြင်အတွင်းရှိစာသင်ကျောင်းများ အား ပြန် လည် ဖွင့်လှစ်စေ လိုကြောင်း ဝမ့်ဟိုင်း ဌာနချုပ်သို့ အကြောင်း ကြားသည်ဟု သိရသည်။
“ကျေးသီးက ပညာရေးမှူးက တိုက်ပွဲကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်းတွေကို ပြန်ဖွင့်စေချင် တယ်လို့ မနေ့က ပြောလာတယ်။ မြန်မာစစ်တပ်တွေ ရွာသားတွေအိမ်ပေါ် တက်ရောက် နေထိုင်စားသောက်နေတယ်။ တပ်မဆုတ် ပေးဘူး။ ဒီ့ပြင် ယောကျားတွေ့ရင်ပစ်သတ် မိန်းမတွေ့ရင် မုဒိန်းကျင့်ချင်ကျင့်ဆိုတဲ့ သူတို့ရဲ့ အထက် က အကြီးအကဲတွေ ခွင့်ပေးထားတဲ့ သတင်းကြောင့် မြန်မာတပ်တွေတပ်မဆုတ်သေး သရွေ့ ကျောင်းသား မိဘက ကိုယ့်ကလေးတွေကို ကျောင်းဘယ် ပို့ရဲကြမလဲ” ဟု ဝမ့်ဟိုင်းမှအရာရှိတဦးကပြော သည်။
ကျေးသီးမြို့နယ် ဝမ့်ဟိုင်းအုပ်စုအတွင်း စာသင်ကျောင်းပေါင်း ၁၅ ကျောင်းရှိရာ မူလတန်းကျောင်း ၁၃ ကျောင်း နှင့် အထက်တန်းကျောင်း ၁ ကျောင်း ပရဟိတကျောင်း ၁ ကျောင်းရှိကြောင်း သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက အတည်ပြုပြောဆိုသည်။
“ ကျောင်သားအားလုံး စုစုပေါင်း ၁ ထောင်ကျော်ရှိမယ်။ ဆရာ၊ ဆရာမတွေလဲ အစိုးရခန့်တာတချို့တဝက် ရှိမယ်။ ရွာသားတွေခန့်တာ တချို့တဝက်ရှိမယ်။ ပြောရင်တော့ ဗမာရော သျှမ်းရော ရှိတာပေါ့။ ခုတော့ သူတို့အားလုံး စာသင်ကျောင်းနဲ့ဝေးနေတုန်းဘဲ ” ဟု ပြောသည်။
တိုက်ပွဲကြောင့်ကျောင်းများ ပိတ်ထားကြရပြီး ကျောင်းသားများလည်းထွက်ပြေးကြသဖြင့် ကျောင်းပြန်ဖွင့်ရန် အခက်အခဲ တော့ရှိမည်ဖြစ်ကြောင်း မိုင်းရှူးရောက် ဝမ့်ဟိုင်းမှ ကျောင်းဆရာမတဦးကလည်းပြောသည်။
“ ကျမတို့ ကျောင်းက တလ လောက်ဘဲဖွင့်ရတယ်လေ။ ခု ကလေးတွေလဲ များသောအားဖြင့် ထွက်ပြေးကြ တယ်ဆို တော့ ခက်တာပေါ့။ လူထုကလဲ ဗိုလ်ချုပ်အောင်သန်းထွဌ်အမိန့် သတင်းကြောင့် မုဒိန်းကျင့် သတ်ဖြတ် ခံရမှာကိုအရမ်း ကြောက်နေကြတော့ ကလေးတွေကိုကျောင်းသွားဖို့ ဘယ်လွှတ်ရဲမှာလဲ” ဟု ဆို၏။
ဝမ့်ဟိုင်းအုပ်စုအတွင်းအခြေခံမူလတန်းကျောင်းများမှာ ပန်စေ့ရွာ၊ လွယ်ယွဲ၊ ဝမ့်ဝဂ်၊ နမ့်ပုတ်၊ ခီ့ခတ်၊ ဝမ့်ပိန်း၊ ပါခီး၊ ပန်ဝိုး၊ ဝမ့်လွေ၊ ဖာမိုက်၊ ပန်လော့၊ ဝမ့်ဝ၊ ဖတ်နမ် ရွာများရှိ ၁၃ ကျောင်းဖြစ်သည်။ ထို့ပြင်ဝမ့်ဟိုင်းရွာ ၌ အစိုးရ၏ အထက ကျောင်းတကျောင်းနှင့် ပရဟိတ အထက ကျောင်းတကျောင်း ရှိ၏။ကျောင်းသားများ မှာ မူလတန်း ကျောင်း တကျောင်း လျင် ပျှမ်းမျှ အယောက် ၅၀ ကျော်ဖြင့် စုစုပေါင်း ၆၅၀၊ပရဟိတ ကျောင်းတွင် ကျောင်းသား ဦးရေ ၃၀၀ ကျော်၊ အထက ကျောင်း တွင် ၃၀၀ ကျော် ရှိရာ ကျောင်းသား ၁ ထောင်ကျော်မှာ ကျောင်းမတက်ရဘဲ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ် ကြောင်း လဲ အဆိုပါ ဝမ့်ဟိုင်းမှ အရာရှိက ဆက်လက်ပြောပြပါသည်။