KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲဆက်ဖြစ် ၊ ရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေး

KIA နှင့် မြန်မာစစ်တပ် တိုက်ပွဲဆက်ဖြစ် ၊ ရွာသားများ နေရပ်စွန့်ခွာ ထွက်ပြေး
by -
သျှမ်းသံတော်ဆင့်

ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေရာ ဒေသခံရွာ သားများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရသည်။

Kachin-Independence-Army-mm

ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က မံစီမြို့နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု ခေးတိပ်ရွာနှင့် ယခုလ ၂၃ ရက်နေ့က ကောင်လွေ ရွာအနီးတွင် နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကေအိုင်အေတပ်သားများ။ ဓါတ်ပုံ - James Robert Fuller)

ခေးတိပ်ရွာအနီးတွင် ကေအိုင်အေနှင့် မြန်မာစစ်တပ်တို့ ၁၀ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်း ယနေ့ မြန်မာစစ် တပ်မှ အင်အား ၅၀ ဝန်းကျင်ခန့်  ၎င်းရွာသို့ ထပ်မံရောက်ရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြော သည်။

“မနေ့ညနေ ၃ နာရီလောက်က ခေးတိပ်ရွာနားမှာ ဖြစ်တယ် ၁၀ မိနစ်လောက် ပစ်ခတ်ကြတယ် ဒီကနေ့ ဗမာစစ် တပ်ဘက် က အင်အားလေးငါးဆယ်လောက် ကားတွေနဲ့ ရွာကိုထပ်ရောက်လာတယ်အကျအဆုံး ကတော့ မသိရဘူး ” ဟု သူက ဆိုသည်။

အလားတူ ယခုလ ၂၃ ရက်နေ့က ကေအိုင်အေမှ ကောင်လွေရွာ၌ ဝင်ရောက်ရမ်းကားနေသော မြန်မာ စစ်တပ်အား ရွာ အထွက်တွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ ရွာသားများ ကြောက်လှန့်၍ နေရပ်စွန့်ခွာ ထွက်ပြေး သွားကြောင်း ကောင်လွေ ဒေသခံ နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“အင်အား ၅၀ လောက်ရှိတဲ့ ဗမာစစ်တပ်က ကောင်လွေရွာထဲ ဝင်ပြီး ရမ်းကားနေတာ သူတို့လိုချင်တဲ့ ပစ္စည်း အကုန်ယူ တယ် ဓါးမတောင်မချန်ဘူး တံခါးပိတ်ထားတဲ့ အိမ်တစ်လုံးကို လက်ပစ်ဗုံးပစ်သွင်းပြီး ဖေါက်ခွဲလိုက် သေးတယ် သူတို့ပြန် အထွက်မှာ ကေအိုင်အေက ဝင်တိုက်တာ ဗမာတပ်ကတော်တော်သေတယ်ရွာမှာ လူတစ် ယောက်မှ မကျန်ဘူး ထွက် ပြေးကုန်ပြီ” ဟု ဆိုသည်။

ယခုအခါ နှစ်ဘက်တိုက်ပွဲများအတွင်း ဝိုင်းမော်မြို့နှင့် နမ်ဆန်ယန် ကားလမ်းတစ်လျှောက် ကျေးရွာများမှ ဒေသခံ များ စစ်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မြန်မာစစ်တပ်မှ အဆိုပါ ဒုက္ခသည်များကို စုစည်း၍ ယမန်နေ့မနက်ပိုင်းက ဝိုင်းမော်မြို့၌ ဒုက္ခသည်စခန်း တစ်ခု ဖွင့် လှစ်ခဲ့ကြောင်း ကေအိုင်အေ စစ်ဘက်သတင်းရပ်ကွက်မှ သိရသည်။

“ဒုက္ခသည်စခန်းဖွင့်တာက မြန်မာစစ်တပ်က တစ်ချက်ခုတ် နှစ်ချက်ပြတ်လုပ်လိုက်တာပေါ့ နမ်ဆန်ယန် နဲ့ဝိုင်းမော် မြို့ ကြားက ရွာတွေကို စုစည်းပြီး ကေအိုင်အေနဲ့ လူထုအဆက် ပြတ်သွားအောင် လုပ်တာ နောက်တစ်ခုကေအိုင် အေ ကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာမျိုး မြင်လာအောင်လုပ်ပြတာ” - ဟုစစ်ဘက်နှင့် နီးစပ်သူကဆိုသည်။

ယခုအခါ နှစ်ဘက်တိုက်ပွဲငယ်များ ဖြစ်ပွားနေသည့် အပြင် မြန်မာစစ်တပ်မှ ကေအိုင်အေဋ္ဌာနချုပ်ရှိရာ တရုတ် နယ်စပ် အနီးလိုင်ဇာမြို့နှင့် ကပ်လျှက်ရှိသည့် ဖွန်းပျဉ်ဘွမ်စခန်းအား လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ် နေကြောင်း၊ တဘက်တွင်လည်း ကေအိုင်အေနှင့် အပစ်ရပ်ရန် မြန်မာစစ်တပ်မှ ကမ်းလှမ်းမှုများရှိနေကြောင်း သိရပါသည်။