တွေ့ဆုံမှုအပေါ် နှစ်ဖက် ကျေနပ်

တွေ့ဆုံမှုအပေါ် နှစ်ဖက် ကျေနပ်
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ) ။       ။ အစိုးရ၏ဖိတ်ကြား ချက်အရ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် တနာရီကျော်ကြာ  တွေ့ဆုံ ဆွေးနွေးခဲ့ရာ တွင် နှစ်ဘက်စလုံး အပြုသဘောနှင့် တွေ့ဆုံခဲ့ပြီး ကျေနပ်အားရမှု ရရှိခဲ့ကြောင်း  ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်များကိုပြောကြားသွား သည်။

“ဘယ်သူနဲ့ ဘာပဲပြောပြော ကျမတို့ရဲ့ ရည်ရွယ်ချက်က နိုင်ငံနဲ့ တိုင်းပြည် လူသားများ အကျိုးပြုဖို့ပဲ ရည်ရွယ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
dsmetuakyi1
စိမ်းလဲ့ကန်သာ အစိုးရ ဧည့်ဂေဟာတွင် တနင်္လာနေ့ မွန်းလွဲ ၁ နာရီက စတင်ခဲ့သည့် တွေ့ဆုံပွဲတွင်ဆွေး နွေးခဲ့ကြသည့် အသေးစိတ် အချက်အလက်ကိုမူ မထုတ်ပြန်သေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္စျိမကို ပြောသည်။

“အားရ ကျေနပ်တယ်လို့ နှစ်ဖက်စလုံးက ဆိုတဲ့ သဘောကတော့ အဲလို ပြောပုံရပါတယ် နှစ်ယောက်ထဲပါ။ ကျနော်တို့ ဘက်ကလည်း မပါပါဘူး။ ဟိုဘက်ကလည်း မပါပါဘူး။ ပါတီရဲ့ သဘောထား ကြေညာချက်ကို မနက်ဖြန် ညနေမှာ ထုတ်ပြန်ပါ့မယ်” ဟု သူက ပြောသည်။

ဦးအောင်ကြည်မှာ အလုပ်သမားဝန်ကြီး သာမက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးလည်း ဖြစ်သည်။

“ ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်နိုင်မှု၊ အခွင့်အလမ်းများရရှိနိုင်မှု၊ တရာဥပဒေ စိုးမိုးရေး ကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စ၊ အများပြည်သူ အကျိုးဖြစ်ထွန်း စေရေး ကိစ္စနှင့် သင့်တော်သော နေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံဦးမည်” ဟု ဦးအောင်ကြည်ပြောကြားသွား ပါသည်။

dsmetuakyiမတ်လအတွင်းက တက်လာခဲ့သော အရပ်ဘက်ပြောင်း စစ်အရာရှိဟောင်းများ ကြီးစိုးသော ဦးသိန်းစိန် အစိုးရသစ် လက်ထက် ပထမဆုံး တွေ့ဆုံ ဆွေးနွေးမှု ဖြစ်သည်။

ဦးအောင်ကြည်သည် ယခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရ လက်ထက်တွင် အရေးပါဆုံးသော အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လုပ်ငန်းများ ဆက်သွယ် ဆောင်ရွက်ရန်အတွက် ဆက်ဆံရေးဝန်ကြီး အဖြစ် ၂ဝဝ၇ အောက်တိုဘာတွင် စတင် တာဝန်ပေးခဲ့သည်။ ၂ဝဝ၇ ခုနှစ်အတွင်း အောက်တိုဘာ ၂၅၊ နိုဝင်ဘာ ၉၊ နိုဝင်ဘာ ၁၉၊ ၂ဝဝ၈ ခုနှစ်အတွင်း ဇန်နဝါရီ ၁၁ နဲ့ ဇန်နဝါရီ ၃ဝ နှစ်ကြိမ်၊ ၂ဝဝ၉ ခုနှစ်အတွင်း အောက်တိုဘာ၃ နဲ့ အောက်တိုဘာ ရ ရက်တို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးသည်။

“ ပြဿနာအားလုံးကို တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးဆိုတာ ကျနော်တို့ တောက်လျှောက် ကိုင်စွဲခဲ့တဲ့ မူပဲ။
ကျနော်တို့ အထွေထွေ အတွင်းရေးမှူး ပြောနေတာ တနေ့မဟုတ် တနေ့ တွေ့ကြရမှာပဲ။ ခုလို တွေ့ဆုံတယ် ဆိုတာ ကောင်းတာပေါ့ဗျ။ ကြိုဆိုပါတယ်” ဟု ဦးအုန်းကြိုင်က ပြောဆိုသည်။

Most read this week