ဒိန်းမတ်နိင်ငံတွင် ရခိုင်ရိုးရာသင်္ကြန် ပထမဦးဆုံး အကြိမ်ကျင်းပ

ဒိန်းမတ်နိင်ငံတွင် ရခိုင်ရိုးရာသင်္ကြန် ပထမဦးဆုံး အကြိမ်ကျင်းပ
by -
ခိုင်သဇင်

ဒိန်းမတ်နိင်ငံတွင် ပထမအကြိမ် ရခိုင်ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို ယခုလ ဇူလိုင်၂၃ ရက်နေ့၌ စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

ရခိုင်ရိုးရာ နှစ်သစ်ကူး သင်္ကြန်ပွဲတော်ကို Vig forsamlingshus, Ravnsbjergvej 1, 4560 Vig တွင် ရခိုင် အမျျိးသား ရိုင်းပင်းကူညီမှု အသင်းမှ ကြီးမှုး ကျင်းပခဲ့ကြောင်း သိရသည် ။
Arakanese-in-Demark
ရခိုင်အမျိုးသား ရိုင်းပင်ကူညီမူအသင်းမှ ဦးဆောင်ပါ၀င်သူ ကိုတင်ညွန့်က ရေသဘင်ပွဲ ပြုလုပ်ရသော ရည်ရွယ်ချက်ကို အခုလို ပြောသည် ။

" ဟုတ်ပါတယ်၊ ကျနော်တို.က မိမိ တို. ရခိုင်လူမျိုးတွေ ရဲ့ မိဘဘိုးဘွား အစဉ်အလာအရ ပြုလုပ်ကျင်းပ လာကြသော ရိုးရာ အတာရေသဘင်ပွဲတွေကို အခက်အခဲအမျိုးမျိုးကြောင့် မိမိတို့ ကိုယ်တိုင် မကျင်းပ မဆင်နွဲဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အခုအချိန်မှာ ပျော်ရွင်စွာ ပြုလုပ်ကျင်းပရ ခြင်းဖြစ်တယ်။ ကျနော် တို.ရဲ့ ရခိုင်ရိုးရာ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း စဉ်လာတွေကို မြတ်နိးပြီး ထိမ်းသိမ်း ထားချင်တာရယ် ၊ မိမိတို.ရဲ့ မျျိးဆက်သစ် လူငယ်တွေကို ကိုယ်ရိုးရာ ယဉ်ကျေးမူတွေကို လက်ဆင့်ကမ်း ပေးခြင်းဖြစ်ပါတယ်" ဟု ပြောသည် ။

ရေသဘင်ပွဲ ဖြစ်မြောက်ရေး အတွက် ကြံုတွေ့ခဲ့ရသော အခက်အခဲများကိုလည်း သူက အခုလိုပြောပြ ပါသည်။

" ဒိန်းမတ်နိင်ငံက အလွန်အေးပြီး လေ အလွန်တိုက်တဲ့ နိင်ငံဖြစ်တဲ့ အတွက် ရေလောင်းလို့ ရတဲ့ ရာသီ ဥတု ကို ရွေးတာက တစ်ကြောင်း ၊ ပွဲကို ဦးဆောင်ကျင်းပ နိင်မဲ့သူတွေ အားတဲ့အချိန်၊ ပွဲကြည့် ပရိတ်သတ်တွေ အားမယ့်အချိန်ကို ရွေးပြီးတော့ ကျင်းပရတာဖြစ်ပါတယ်။ ပီးတော့ ရိုးရာ ၀တ်စုံ အဝတ်အစား ချုပ်ခိုင်းရတဲ့ အခက်အခဲ တွေ၊ ရိုးရာ ပွဲတော်မှာ ပါ၀င်ဆင်နွဲနိင်အောင် သူတို့တွေကို အဆိုအက တိုက်ရတဲ့ အခက်အခဲပေါ့။ ဒီပွဲက ပထမဦးဆုံးအကြိမ် ကျင်းပတာ ဖြစ်တော့ တခြားအခက်အခဲတွေလည်း အများကြီးရှိတာပေါ့ဗျာ ။ ဒါဘယ်မယ့် အခုလို အခက်အခဲကြားက ပွဲပျော်ပျော်ရွင်ရွင် ပြီးမြောက်သွားကိုပဲ ၀မ်းသာပါတယ် " ဟုပြောသည်။

ဒိန်းမတ်နိင်ငံနှင့် ရခိုင်လူမျိုး အကြား မတူကွဲပြားသော ယဉ်ကျေးမှု အယူဝါဒများ ကွဲပြားခြားနားမူများ ရှိသော်လည်း ရခိုင်လူမျိုးများ အပေါ် စိတ်ဝင်စားသော ဒိန်းမတ်နိုင်ငံသားများကို ရခိုင်လူမျိုးများ၏ရှည်လျား သော သမိုင်းနောက်ခံများနှင့် ဆက်စပ်နေသော ရခိုင်ရိုးရာ ယဉ်ကျးမှုဓလေ့ ထုံးတမ်းစဉ်လာများကို မိတ်ဆက်ပေးခြင်း ဖြစ်ကြောင်း သူကပြောသည်။

ဒိန်းမတ်နိင်ငံတွင် ရခိုင်ရိုးရာ ရေသဘင်ပွဲတော်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး နောက်နှစ်များမှာလည်း ယခုထက် ပျော်ရွင်ဖွယ်ကောင်းသော ရိုးရာ သင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။

Most read this week