အိန္ဒိယ ကွန်ကရက် ပါတီ ဥက္ကဌ ဆိုနီယာ ခရီးစဉ်ကြောင့် ဘင်္ဂလာဒေချ့်တွင် လုံခြံုရေး တင်းကျပ်

အိန္ဒိယ ကွန်ကရက် ပါတီ ဥက္ကဌ ဆိုနီယာ ခရီးစဉ်ကြောင့် ဘင်္ဂလာဒေချ့်တွင် လုံခြံုရေး တင်းကျပ်
by -
နိရဥ္စရာ သတင်းဌာန

ယနေ့တွင် စတင်မည့် ၂ ရက်ကြာ အိန္ဒိယ ကွန်ကရက် ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီ၏ ခရီးစဉ်ကြောင့် ဘင်္ဂလာဒေချ့်နိုင်ငံ၏ မြို့တော် ဒက္ကားတွင် လုံခြံုရေးကို တင်းကျပ်လိုက်သည်။

ဆိုနီယာသည် ယနေ့ တနင်္ဂနွေနေ့ ယနေပိုင်းတွင် ဒက္ကားမြို့သို့ ရောက်ရှိလာမည် ဖြစ်သည်။ သူမသည် ဒက္ကားမြို့တော်တွင် ၂ ရက်ကြာ ကျင်းပမည့် " Autism Spectrum Disorders and Developmental Disabilities in Bangladesh" ကွန်ဖရင့်သို့ တက်ရောက်မည် ဖြစ်သည်။

Sonia_Gandhiယခုအခါ ထောင်ပေါင်းများစွာသော ရဲတပ်ဖွဲ့ဝင်များနှင့် အထူးမူခင်းနှိမ်နှင်းရေး Rapid Action Battalion မှ တပ်ဖွဲ့ဝင်များကို အရေးကြီးသော နေရာများနှင့် လမ်းမပေါ်များတွင် ဖြန့်ကျက် ချထားလိုက်ပြီ ဖြစ်သည်။

မြို့တော် ဒက္ကားတွင် အစစ်အဆေးများ တိုးပွားပြီး ယမန်နေ့က မြို့တော်တဝန်းတွင် လုံခြံုရေးတပ်ဖွဲ့ဝင်များ က ကားအများအပြားကို မွေနှောက် ရှာဖွေ စစ်ဆေးခဲ့သည်။

ဆိုနီယာ၏ ခရီးစဉ်မှာ စက်တင်္ဘာလ ၆ ရက်နှင့် ရ ရက်တွင် ဘင်္ဂလာဒေချ့်သို့ လာရောက် လည်ပတ်မည့် အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း ၏ ခရီးစဉ် မတိုင်မှီ လာရောက်သော ခရီးစဉ် ဖြစ်ပြီး သူမ၏ ခရီးစဉ် အတွင်း ဘင်္ဂလာဒေချ့် ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ ၀န်ကြီးချုပ် ရှိတ်ခါဆီးနာ ဦးဆောင်သော ဘင်္ဂလာဒေချ့် အစိုးသည် လက်ရှိ အိန္ဒိယ အစိုးရနှင့်နီးနီး ကပ်ကပ် ဆက်ဆံသော အစိုးရဖြစ်ပြီး ယခုနှစ်အတွင်း ထိပ်တန်းနိုင်ငံရေး သမားနှစ်ဦး အိန္ဒိယမှ လာရောက် လည်ပတ်မည့် အစီအစဉ် ဖြစ်သည်။

ဆိုနီယာ ဂန္ဒီသည် ဘင်္ဂလာဒေချ့့်နိုင်ငံမှ နိုင်ငံခြားမှ သူနိုင်ငံ၏ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး အတွက် စွန်းစွန်း တမံ ပါ၀င် ဆောင်ရွက်ခဲ့သူများကို ဂုဏ်ပြု ပေးအပ်သော အဆင့်မြင့်ဆုံး ဆုကို သူမ၏ ယောက္ခမ ဖြစ်သူ အိန္ဒရာဂန္ဒီ ကိုယ်စား တက်ရောက် ယူဆောင်မည် ဖြစ်သည်။

သူမသည် သူမ၏ ခရီးစဉ် အတွင်း ဘင်္ဂလာဒေချ့် သမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးတူ ကိစ္စရပ်များကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week