ဖက်ဒရယ်ပါလီမာန်ဖွဲ့စည်းရေးအတွက် MPU ဥက္ကဌ နှင့်မွန်ပြည်သစ်ပါတီတွေ့ဆုံ

ဖက်ဒရယ်ပါလီမာန်ဖွဲ့စည်းရေးအတွက် MPU ဥက္ကဌ နှင့်မွန်ပြည်သစ်ပါတီတွေ့ဆုံ
by -
ဖြုဖြုကို

ဖက်ဒရယ်ပါလီမန်ဖွဲ့စည်းရေးနှင့်ပက်သက်ပြီး မွန်ပြည်သစ်ပါတီနှင့် MPU (The Members of Parliament Union) ခေါ် (ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်များအဖွဲ့မြန်မာနိုင်ငံ)တို့သည် ဇူလိုင်လ(၂၃)ရက်တွင် ထိုင်းနယ်စပ် တနေရာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

၎င်းဆွေးနွေးပွဲသည် MPU မှ ဥက္ကဌ ဒေါ်စန်းစန်း၊ အတွင်းရေးမှူး ဦးသိန်းဦးနှင့် ဦးကျော်သက်တို ့တက် ရောက် ဆွေးနွေးခဲဲ့့ပြီး မွန်ပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာနှင့် ဗဟို အလုပ်အမှုဆောင်နိုင်ရွှေသိန်း တို ့ ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင် ဖက်ဒရယ်ပါလီမာန်ဖွဲ ့စည်းရေးအတွက် ဦးတည်ဆွေးနွေး ခဲ့သည်ဟု MPU အတွင်းရေးမှူး ဦးသိန်းဦးက ပြောပါသည်။

 “မွန်ပြည်သစ်ပါတီကတော့ ဖက်ဒရယ်ပါလီမာန်ဖွဲ ့စည်းရေးကိုလက်ခံပြီးသားပါ။ အခုလာတဲ့ကိစ္စက တော့ MPU က စုစည်းရရှိထားတဲ့ အချက်အလက်တွေကို ဖလှယ်ဖို ့နဲ ့ ရှေ ့လုပ်ငန်းစဉ်အတွက် ဘာတွေဆက် လုပ်သွားမလဲဆိုတာကို လာရောက်ညှိနှိုင်းတာဖြစ်ပါတယ်။ ဥပမာပြောရရင် ဖက်ဒရယ်ပါလီမာန်က ထားရှိရမဲ့ နိုင်ငံရေး စစ်ရေးကိစ္စ သဘောထားတွေပေါ့”

မွန်ပြည်သစ်ပါတီသည်ဖက်ဒရယ်ပါလီမာန်အတွက် အဖွဲ့ဝင် (၆) ဖွဲ့ရှိသည့်ကိုယ်စားလှယ်အဖွဲ့့ကို စာရင်း ပေး သွင်းထားပြီးဖြစ်ပါသည်။ ဖက်ဒရယ်ပါလီမာန်၌အားလုံးအဖွဲ့ဝင် မည်မျှရရှိထားပြီး ဖြစ်သည်ကိုဦးသိန်းဦးက ထုတ်ဖေါ် မပြောဆိုခဲ့ပေ။

ဒါပေမယ့် ရှိထားတဲ့ အဖွဲ ့အစည်းနဲ့ပါတ်သက်ပြီး ဦးသိန်းဦးပြောတာက “ တိုင်းရင်းသားတွေထဲမှာဆိုရင် လောလောဆယ် မွန်ပြည်သစ်ပါတီရယ် ကေအန်ယူရယ် ကရင်နီတိုးတက်ရေးပါတီရယ် လက်ခံထားပြီး ဖြစ် ပါတယ်။ အခု ရှမ်းနဲ ့ကချင်ကပါ ပါ၀င်လာမယ့် အခြေအနေရှိနေတယ်။ ဒါမှ ဖက်ဒရယ်ပါလီမာန်မှာ ကျနော်တို ့က ပြည်ထောင်စုနဲ ့ပါတ်သက်တဲ့ စစ်ရေးဆိုင်ရာများကအစ ကျယ်ကျယ်ပြန် ့ပြန် ့ဆွေးနွေးနိုင်တော့မယ်လေ”

ဖက်ဒရယ်ပါလီမာန်ဖွဲ ့ရေးအတွက် အစည်းအဝေးများကျင်းပရန် ဖက်ဒရယ်ပါလီမာန်ရုံးကို ကရင်နီ တိုးတက် ရေး ပါတီ၏ နယ်မြေ၌အခြေခံထားရှိပါသည်။ ဖက်ဒရယ်ပါလီမာန်ဖွဲ ့ရေး အစီစဉ်ကို ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ဦးဆောင်နေပြီး ကုလသမဂ၌ စစ်အစိုးရတည်ရှိမှုကိုလည်း ဖယ်ရှားနိုင်ဖို့(Credential Challenge) ဖြင့်လည်း တိုက်ပွဲဝင်လျက်ရှိသည်။