မြန်မာစစ်အစိုးရအား လက်နက်ပစ္စည်း ထောက်ပ့ံ သည့် အိန္ဒိယအစိုးရကို ဆန္ဒပြခဲ့

မြန်မာစစ်အစိုးရအား လက်နက်ပစ္စည်း ထောက်ပ့ံ သည့် အိန္ဒိယအစိုးရကို ဆန္ဒပြခဲ့
by -
ခိုနူမ်ထုန် သတင်းဌာန

အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို စစ်လက်နက် များ ထောက်ပ့ံ့ခဲ့သည့် အတွက် ဇူလိုင် ၂၂ ရက်က ဂျန်တားမန် တား (Jantamanta) တွင် ဆန္ဒပြခဲ့ကြ သည်။

Demonဆန္ဒပြပွဲကို ဘားမားစင်တာ Burma Center Delhi က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ဒေလီရောက် ကချင်၊ ရခိုင်၊ ကရင်တိုင်းရင်းသားများနှင့် မြန်မာ ့ဒီမိုကရေစီ လှုပ်ရှားသည့် အဖွဲ ့အစည်းအသီးသီးမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀၀ နီးပါးခန် ့ပါ၀င်ခဲ့ကြသည်။

ဆန္ဒပြသူများအနေဖြင့် ဒီမိုကရေစီနှင့် လူ ့အခွင့်အရေးလိုလားကြောင်း၊ အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို စစ်လက်နက် ပစ္စည်း တင်ပို ့ခြင်းကို ရပ်တန် ့ပေးရန်နှင့် ဒီမိုကရေစီကို အိန္ဒိယအစိုးရက လေးစားစေလိုကြောင်း ကြွေး ကြော်ခဲ့ကြသည်။

ဆန္ဒပြခေါင်းဆောင် ကိုကင်မ်က “မကြာသေးခင်က အိန္ဒိယပြည်ထဲရေးဝန်ကြီး မြန်မာပြည်ခရီးစဉ် မှာ မြန်မာ စစ်ခေါင်း ဆောင်တွေနဲ ့တွေ ့ပါတယ်။

အဲဒီမှာဆွေးနွေးတာက နှစ်နိုင်ငံလုံခြုံရေးနှင့် စီးပါွးရေးကြောင်းတွေဘဲ ဆွေးနွေး ပါတယ်။ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနကတွေ ့ဆုံပေမဲ့ ယနေ ့အထိအဲဒီတွေ ့ ဆုံကိစ္စ သဘောထား ထုတ်ဖေါ် တာမရှိပါဘူး ” ဟုပြောကြားခဲ့သည်။

သူကဆက်လက်ပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီးနှင့် ထောက်လှမ်းရေးချုပ် မြန်မာပြည်ခရီးစဉ်မှာ မြန်မာအစိုးရကို စစ်လက်နက်ထောက်ပံ့ရန် သဘောတူကြမည်ဟု ယူဆကြောင်း၊ မြန်မာအစိုးရသည် အဲဒီလက်နက်များဖြင့် ပြည်သူလ ထုကို ပစ်သတ်မှာဖြစ်ပြီး ၁၉၈၈ခုနှစ်တုံးကလည်း အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် သတ်ခဲ့ဖူး ကြောင်း၊ ထို ့ကြောင့် အိန္ဒိယအစိုးရအနေဖြင့် မြန်မာစစ်အစိုးရကို စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုကို ရပ်တန် ့ဖို ့ တောင်းဆိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို ့နောက် ယခုကဲ့သို ့ မြန်မာစစ်အစိုးရကို စစ်လက်နက်ထောက်ပံ့ခြင်းကို ရပ်တန် ့ဖို ့ အိန္ဒိယအစိုးရ ၀န်ကြီး ချုပ်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများသို ့ စာရေးပေးပို ့ကြောင်းသိရသည်။

အိန္ဒိယအစိုးရက မြန်မာစစ်အစိုးရကို ယခုလ (၇)ရက်နေ ့အိန္ဒိယ နိုင်ငံအရှေ့မြောက်ဖက် မဏိပူရ်ပြည်နယ် မိုးရေးမြို့ မှ စစ်လက်နက်အပြည့် တင်ဆောင်လာသော မြန်မာစစ်တပ်သုံး စစ်ကား ၅၂ စီးဖြင့် စစ်ကိုင်းတိုင်း တမူးမြို့မှ တဆင့် ပေးပို ့ခဲ့သည့် သတင်းထွက်ပေါ်လာသည့်အပေါ် ယခုကဲ့သို ့ ဆန္ဒပြကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံ အစိုးရသစ်ဖြစ်ပေါ်လာပြီး မကြာခင် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများ အဆက်မ ပြတ်ဖြစ်ပွားရာတွင် အပြစ်မဲ့လူထုကို မြန်မာစစ်အစိုးရက သတ်ပစ်ခြင်း၊ လူ ့အခွင့်အရေးချိုးဖောက်မှု နေရာအနှံ ့ ဖြစ်ပွားသည့် ကြားက ကမ္ဘာမှာ အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်သည့် နိုင်ငံက ယခုလို လူ ့အခွင့် အရေးအချိုးဖောက်ဆုံးနိုင်ငံ ကို စစ်လက်နက်တင်ပို ့ခြင်းကို ကန် ့ကွက်ကြောင်း ထုတ်ဖေါ်သည့် အနေဖြင့် ဆန္ဒပြ ခဲ့ခြင်းဖြစ်သည်။

မကြာသေးခင်က အိန္ဒိယနိုင်ငံသို ့ရောက်ရှိခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စက် ကလင်တန်က ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာ့ ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ပိုမို အလေးထား ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိူးဖောက်မှု အခြေ အနေ များအား ရေငုံ နှုတ်ပိတ်မနေပဲ ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိကြောင်း ပြောဆိုခဲ့သည်။

Most read this week