၆၅နှစ် ထောင်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား စစ်တွေ ဆေးရုံကြီးတွင် တင်ထားရ

၆၅နှစ် ထောင်ဒဏ်ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား စစ်တွေ ဆေးရုံကြီးတွင် တင်ထားရ
by -
နိရဥ္စရာ သတင်းဌာန

ရွှေဝါရောင်တော်လှန်ရေးတွင် ၆၅ နှစ် ထောင်ဒဏ် ချမှတ်ခံထားရသူ နိုင်ငံရေး အကျဉ်းသား ကိုကြည်သန်းကို အခုအခါ စစ်တွေဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တင်ထားရကြောင်း သတင်း ရရှိသည်။

သူ၏ လုပ်ဖေါ်ကိုင်ဘက် တစ်ဦးက နိရဥ္စရာသို့ ယခုကဲ့သို့ ပြောသည်။

sittway-jail250" သူ့ကို ဒီလ ၁၇ ရက်နေ့က စစ်တွေဆေးရုံကို တင်ထားရပါတယ်။ သူက နမိုးနီးယား သွေးကြော ပေါက်တဲ့ ရောဂါ ဖြစ်ပါတယ်။ အခု အချိန်ထိ သွေး (၅) ပုလင်းသွင်းထားရပြီ ဖြစ်ပါတယ်။"

ကိုကြည်သန်းရဲ့ လက်ရှိရောဂါ အခြေအနေကိုလည်းသူက ယခုကဲ့သို့ ဆက်ပြောသည်။

" သူကျန်းမာရေးက အခုဆေးရုံကို ရောက်နေတော့ စိုးရိမ်စရာတော့ မရှိပါဘူး။ ဒါပေမယ့် ရာသီ ဥတုဆိုးရွား နေတဲ့အတွက် ထောင်ထဲကို ပြန်ပို့ရင်တော့ အခြေအနေ ပိုဆိုးရွားသွားနိုင်ပါတယ်။ အခုလည်းအခြေအနေ ဆိုုးရွားလာပြီးမှ ဆေးရုံတက်ရောက် ကုသခွင့်ရတာဟာ ၀မ်းနည်းစရာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

ကိုကြည်သန်းမှာမှာ ၈၈ ကျောင်သား ခေါင်းဆောင် တစ်ဦး ဖြစ်ပြီး ရန်ကုန် သာကေတ ၁၀ ရပ်ကွက်မှဖြစ် ကြောင်း သိရသည်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါ၀င် ပတ်သက်မူကြောင့် ထောင် ၆၅ နှစ် ချမှတ်ခံထားရသူ ဖြစ်သည်။

ကိုကြည်သန်း၏ ညီမ ဖြစ်သူမှာ ရန်ကုန်မှာ စစ်တွေသို့ လာရန် စီစဉ်နေသော်လည်း ရာသီဥတု ဆိုးရွားနေ မူကြောင့် မလာရောက်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။ " သူညီမက ဒီနေ့ရောက်မယ်လို့ ကြားရပါတယ်။ သူလည်း မိသားစုတွေနဲ့ တွေ့ချင်နေပုံရပါတယ်။" ဟု ပြောသည်။

ကိုကြည်သန်း တက်ရောက် ဆေးကုသရာ စစ်တွေ ဆေးရုံကြီးတွင် ရဲသား အစောင့်အကြပ် အများအပြားလည်း ချထားကြောင်း သိရသည်။

Most read this week