မိုးကြီး ရေမြုပ်၍ ကျောက်တော်မြို့နယ် အတွင်း ကျေးရွာတချို့ စိုးရိမ်စရာ အခြေအနေရောက်နေ

မိုးကြီး ရေမြုပ်၍ ကျောက်တော်မြို့နယ် အတွင်း ကျေးရွာတချို့ စိုးရိမ်စရာ အခြေအနေရောက်နေ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် မိုး အဆက်မပြတ်ရွာသွန်းနေပြီး ရေတက်လာသဖြင့် ကျေးရွာ ၃၀ ခန့်မှာ စိုးရိမ်စရာ အနေအထားသို့ ရောက်ရှိနေကြောင်း သတင်း ရရှိသည်။

Thandwe-water-flooding-Arakan-stateကျနင်းကန်မှ ရွာသား တစ်ဦးက " အခု ရေက ၅ ပေထိ တက်လာပြီ ဖြစ်ပါတယ်။ ဆက်ပြီးလည်းတက်နေပါ တယ်။ အခုကြားရတာက ဇီးချောင်းဆည် ပေါက်ကျတယ်လို့ ကြားရပါတယ်။ အရင်က မိုးလေးငါးရက် ဆက်တိုက်ရွာတာတောင် ရေက မတက်ဘူး။ အခု တစ်နေ့တည်း ရွာတာနဲ့ ရေတက်လာတော့ ကျွန်တော်တို့ ရွာသားတွေလည်း တော်တော် အံ့သြနေကြတယ်။ အခုကြားတာက ဇီးချောင်းဆည် ပေါက်ကျတယ်လို့ ကြားရပါတယ်။ အတိအကျတော့ မပြောနိုင်သေးပါဘူး" ဟု ပြောသည်။

ဇီးချောင်းဆည်မှာ ကျောက်တော်မြို့နယ်တွင် အစိုးရမှ တည်ဆောက်ထားသော ဆည်တစ်ခု ဖြစ်ပြီး မိုးဆက် တိုက်ရွာသွန်းနေသဖြင့် ရေတံခါးမှ ရေတွေကို လွှတ်ထုတ်နေကြောင်း ကျောက်တော် ဒေသခံ တစ်ဦးက ပြောသည်။ ဆည်ပေါက် မပေါက်ကို သတင်းမရသေးကြောင်း သူက ပြောသည်။

ကျနင်းကန် ကျေးရွာသားမှ နောက်ဆုံး အခြေအနေကို ယခုကဲ့သို့ ပြောသည််။

" အခု ကျွန်တော်ရွာက စပါးလှောင်ထားတဲ့ စပါးကျီတွေ အကုန်လုံး ရေမြုပ်ကုန်ပါပြီ။ လမ်းမထက်မှာ လှေတွေနဲ့ သွားလာနေကြရပါပြီ။ လူတွေက အကုန်လုံး စိုးရိမ်နေကြပါတယ်။ အခု သီရီချောင်းပတ်ဝန်း ကျင်မှာ ရှိတဲ့ ရွာတွေ အကုန်လုံးရေမြုပ်နေပါပြီ။ ရွာပေါင်း နှစ်ဆယ် သုံးဆယ် မြုပ်နေပါပြီ" ဟု သူက ဆက်ပြောသည်။

ရေမြုပ်နေသော သရီချောင်း ပတ်ဝန်းကျင်မှ ကျေးရွာများမှာ ကျနင်းကန်၊ ရွာမပြင်၊ စေတီတောင်၊ကျောက် ကျပ်၊ ထိပ်ဝပြင်၊ လိပ်မ၊ စဖိုသား၊ ကန်စောက်၊ သရက်တပင် ကျေးရွာများနှင့် တခြား ကျေးရွာများ ဖြစ်ကြသည်။

ရွာမပြင်ကျေးမှ အမျိုးသမီး တဦးလည်း " ကျွန်မတို့ ရွာမှာလည်း ရေမြုပ်နေပါတယ်။ လူတွေ သွားလို့လာလို့ မရ ဖြစ်နေကြပါပြီ။ ရေက လေးငါး ပေထိ ရေတက်နေပါတယ်" ဟု ပြောသည်။

ယခုအခါ လယ်ကွင်းများအားလုံုးကို ရေမြုပ်နေပြီး လယ်ကွင်းထဲရှိ တဲများ၊ လမ်းမများ ပေါ်ရှိ တံတားများ ရေအောက်နေကြောင်း သိရသည်။

Most read this week