နောက်ထပ် မြန်မာ ငါးဖမ်းသမား ၂၂ ဦးကို အိန္ဒိယက ဖမ်းဆီး

နောက်ထပ် မြန်မာ ငါးဖမ်းသမား ၂၂ ဦးကို အိန္ဒိယက ဖမ်းဆီး
by -
ထွန်းထွန်း

အိန္ဒိယနိုင်ငံ အန္တမန်ကျွန်း မြောက်ဘက် မာယာ ဘူဒါ ကျွန်းတွင် မြန်မာ ငါးဖမ်းသမား ၂၂ ဦးကို ငါးဖမ်းဘုတ် နှစ်စီးနှင့် အတူ အိန္ဒိယကမ်း ခြေ စောင့် ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၁၄ရက်နေ့ကဖမ်း ဆီးလိုက်သည်ဟု Newkerala တွင်ရေးသားထား သည်။

Reef ကျွန်းမြောက်ဘက်ပိုင်း၏ အနောက်ဘက် ရေပြင်တွင် ဘုတ် ၂ စင်းနှင့်အတူ ကျူးကျော်ငါးဖမ်းနေသော မြန်မာများအား နီကိုဘာကျွန်း မာယာဘူဒါ အခြေစိုက်အိန္ဒိယ ပင်လယ်ပြင်ထဲ ကျူးကျော် ငါဖမ်းသူများ တားဆီး ရေး ရဲတပ်ဖွဲ့မှ လိုက်လံ ဖမ်းဆီးခြင်း ဖြစ်သည်ဟု သိရသည်။

Fishing-Boats-Ngapali-Rakhine-state-Myanmar
မြန်မာ ငါးဖမ်း ဘုတ်သမားများမှာ စက်ကို စကုန်တင်ပြီးထွက် ပြေးရန် ကြိုးစားကြသော်လည်း မအောင်မြင်ခဲ့ဟု ရဲအရာရှိ တစ်ဦးကို ကိုးကားပြီး အဆိုပါ သတင်းတွင် ရေးသားထားသည်။

ဇူလိုင်လ (၈) ရက်နေ့ကလည်း မြန်မာ ငါးဖမ်းသမား ၃၂ ဦးကို အန္တမန် ပင်လယ်ပြင်တွင် ငါးဖမ်းနေစဉ် ငါးဖမ်းဘုတ် သုံးစီးနှင့် အတူ အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့ ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သော ၆ လအတွင်း မြန်မာနိုင်ငံသား ၁၇၁ ဦးကို ငါးဖမ်းဘုတ် ၁၅ စီးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု အိန္ဒိယက ပြောသည်။

အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့မှ မြန်မာ ငါးဖမ်းသမားများ ကျူးကျော်ဝင်ရောက်၍ ဖမ်းဆီးရသည်ဟု ပြောဆိုသော်လည်း မြန်မာနိုင်ငံသားများ အဖမ်းခံရသော ရေပြင််ပိုင်မှာ မြန်မာပိုင်လား၊ အိန္ဒိယ ပိုင်လား ဆိုသည်ကို သဲကွဲစွာ မသိရှိရကြောင်း ပေါ့ဘလေယားတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား တစ်ဦးက ပြောသည်။

ယခုကဲ့သို့ မြန်မာ့ ငါဖမ်းသမားများကို ကျူးကျော် ငါးဝင်ခိုးဖမ်းသည်ဟု စွပ်စွဲကာ အုပ်စုလိုက် အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့မှ နေ့စဉ်ရက်ဆက် ဆိုသလို ဖမ်းဆီးနေသော်လည်း မြန်မာအာဏာပိုင်များက အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ တုန့်ပြန်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

Most read this week