မြန်မာ စစ်တပ် လယ်သိမ်းပြီး သီးစားချ၊ ရခိုင်လယ်သမားများ လယ်ငှားဘဝ ပြန်ရောက်

မြန်မာ စစ်တပ် လယ်သိမ်းပြီး သီးစားချ၊ ရခိုင်လယ်သမားများ လယ်ငှားဘဝ ပြန်ရောက်
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် အတွင်းရှိ ရခိုင်လယ်သမားများထံမှ စစ်တပ်က သိမ်းယူထားသော လယ်မြေများကို ယခုနှစ်တွင် တဧက စပါး ၂၅ တင်းနုန်းဖြင့် လယ်သမားများကို သီးစားချထားကြောင်းသိရ သည်။

No-263-LIB" ဒီနှစ်လည်း စပါး ၂၅ တင်းနုန်းနဲ့ သီးစားချပါတယ်။ ခုလို ၂၅ တင်းနုန်းနဲ့ စစ်တပ်က သီးစားချ လုပ်ကိုင် ရတာက အမြတ် ရှိလို့တော့ မဟုတ်ပါဘူး။ ဒီအလုပ်ကို မလုပ်ရင် နောက်ထပ် လုပ်စရာ အလုပ် မရှိသလို မိမိတို့ ဘိုးဘွားပိုင် လုပ်စားလာတဲ့ လက်ငုတ် လက်ရင်း လယ်တွေကို သံယောဇဉ် ရှိတာကတကြောင်း လုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်" ဟု အပေါက်ဝမှ လယ်သမား တစ်ဦးက ပြောသည်။

အပေါက်ဝ အုပ်စုတွင် စကခ (၉) နှင့် ၎င်း လက်အောက်ခံ တပ်ရင်းများ ဖြစ်သော ခမရ ၅၃၉ တပ်ရင်းများမှ သိမ်းယူထားသော လယ်မြေဧက စုစုပေါင်း ၂၈၀ ကျော် ရှိကြောင်း သူက ပြောသည်။

" သူတို့က လယ်တွေကို စစ်တပ် တည်ဆောက်ဖို့ အတွက် သိမ်းတာ မဟုတ်ပါဘူး။ စစ်တပ် တည်ဆောက်ဖို့ အတွက်တော့ သူတို့ သီးသန့်တည် သိမ်းထားပြီးပါပြီ။ အခုလယ်တွေက စစ်တပ်ရဲ့ ဧရိယာထဲမှာ ပါတယ် ဆိုပြီး သိမ်းယူထားတာပါ။ အဲဒီ လယ်တွေကို တဧက စပါး ၂၅ တင်းနုန်းနဲ့ လယ်သမားတွေကိုပြန်ဌားပါ တယ်။ စပါးပေါ်ရင် သူတို့ကို တဧက ၂၅ တင်းနုန်းနဲ့ သွင်းရပါတယ်" ဟု သူက ပြောသည်။

၎င်းပြင်သူက " စစ်တပ်ကို တိုက်ရိုက်သွင်းရင် တဧကကို စပါး ၂၅ တင်းနှုန်နဲ့ သွားသွင်းရပါတယ်။ ပွဲစားက တဆင့် ဆိုရင် တဧကကို တင်း ၃၀ စီပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်တပ် အရာရှိတွေက သူတို့ ကိုယ်တိုင် မကောက်ပဲ တယောက်တည်းကို ကောက်ပိုင်ခွင့် ပေးလိုက်ပါတယ်။ အဲဒီ ကောက်တဲ့သူက တဧကကို တင်း ၃၀ စီကောက်ပြီးတော့ စစ်တပ်ကို ၂၅ တင်းသွင်း၊ ကျန် ၅ တင်းကိုတော့ သူက ယူပါတယ်" သူက ဆက်ပြောသည်။

လယ်တဧက စိုက်ပျိုးလျှင် တင်း ၁၀၀ ရရှိရန် မလွယ်ကူသဖြင့် ထိုအထဲမှ စပါး ၂၅ တင်းကို စစ်တပ်ကို သွင်းနေရသဖြင့် သီးစား စနစ်ဖြင့် လယ်လုပ်ရသည်မှာ များစွာ တွက်ခြေမကိုက်ဘဲ ဖြစ်နေကြောင်း သိရသည်။

ယခု နောက်ပိုင်းတွင် စစ်တပ်မှ လယ်သီးစားချထားခြင်းကို ပေါ်ပေါ်ထင်ထင် တိုက်ရိုက် ကိုင်တွယ် ခြင်းမရှိဘဲ သူတို့၏ ကိုယ်စားလှယ်တဦး တားရှိကာ ကိုင်တွယ် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သူက ပြောဆိုသည်။

စစ်တပ်မှ သီးစားချနေသော ကျောက်တော်မြို့နယ် တောင်ပိုင်းမှ ကျေးရွာများမှာ အပေါက်ဝ၊ ကျအုပ် သောင်ပြင်ရွာ၊ သက်ကေချောင်းရွာ၊ ကန်ဇောက်ရွာမှ လယ်မြေများဖြစ်သည်။ အများစု လယ်မြေများမှာ ယခင် အနောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်မောင်ဦး၏ အမိ်န့်ဖြင့် သိမ်းပိုက်ထားသော လယ်မြေများ ဖြစ်ကြောင်း သိရသည်။

No-962-engenirang-tropအလားတူ ကျောက်တော်မြို့နယ်အတွင်းရှိ လမ်းမတော်၊ ဒေါင်းတောင်ယော၊ ညောင်ပင်လှ၊ သရက်တပင်၊ သရက်အုပ်ရှိ လယ်မြေဧက ၄၀၀ နီးပါးကို တပ်မ ၉ လက်အောက်ခံ ခလရ ၃၇၄၊ ၃၇၅၊ ၃၇၆ များမှ သိမ်း ဆည်းထားပြီး လယ်သမားများကို တဧက စပါး ၂၅ တင်းနုန်းဖြင့် ပြန်လည်ငှားရမ်း လုပ်ကိုင်ခိုင်းနေသည်ဟု သိရသည်။

ယခုနှစ်ဆန်းပိုင်းကလည်း ပုဏ္ဏားကျွန်းအခြေစိုက် ခလရ ၅၅၀ တပ်ရင်းက ပုဏ္ဏားကျွန်း မြို့နယ်ထဲမှယခင် သိမ်း ထားသော လယ်မြေများမှာ ရထားလမ်းဖေါက်ရာတွင် ပါ၀င်သွားသည့် အတွက် အစားထိုးလိုသည့် အနေဖြင့် နောက်ထပ် လယ်မြေဧက ၂၀၀ ကျော်ကို လယ်သမားများထံမှ သိမ်းယူသွားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဒေသခံ တပ်ရင်းများသည် သိမ်းဆည်းထားသော လယ်မြေများတွင် စစ်တပ် ရိက္ခာအတွက် လယ်သမားများကို သီးစား ပြန်ချပြီး တောင်ကုန်းများတွင်မူ ကြက်ပေါင်စေး (ရော်ဘာခင်း)နှင့်ကြက်ဆူခင်း များကို စိုက်ပျိုး ထားသည်ဟု သိရသည်။

ယခုအခါ ရခိုင်ပြည်နယ်တခုလုံးရှ်ိ ဒေသဆိုင်ရာ စစ်တပ် တပ်ရင်းများမှာ သိမ်းယူထားသောလယ်မြေဧရိယာ မှာ ရခိုင်ပြည်ရှိ လယ်မြေဧရိယာ စုစုပေါင်း၏ တစ်ဝက် နီးပါးခန်းရှိနေပြီဖြစ်သည်ဟု သိရသည်။

Most read this week