နအဖ အစိုးရထက် ယူအက်စ်ဒီပီအစိုးရတွင် ပြောရေးဆိုခွင့် ပိုမို ရှိလာ

နအဖ အစိုးရထက် ယူအက်စ်ဒီပီအစိုးရတွင် ပြောရေးဆိုခွင့် ပိုမို ရှိလာ
by -
ခိုနူမ်ထုန် သတင်းဌာန

၀န်ကြီးချုပ် ဦးဟုန်းငိုင် ဦးဆောင်သည့်ချင်းပြည် နယ် အစိုးရသစ်တွင် ချင်းပြည်သူများပြောရေး ဆိုခွင့် ပိုမိုရှိလာ သည်ဟု ထန်တလန်မြို့နယ်မှ မြို့မိမြို့ဖ တဦး က ယခုလ ဇူလိုင် ပထမပတ် အတွင်းခိုနူမ်း ထုန်ကို ပြောသည်။

Hungngaih” ၀န်ကြီးတွေ နဲ့ ဌာန ဆိုင်ရာ အရာရှိတွေကိုလည်း လုပ်ငန်းနဲ့ပါတ်သက်ပြီး ရဲရဲဝံ့ဝ့ံ ဝေဖန်တယ်၊ကျတော် တို့ တင်ပြတာ တွေကိုလည်း အလေးထား တာ သိသာပါတယ်” ဟု ပြောသည်။

ယခင် နအဖ စစ်အစိုးရသည် ပြည်သူကိုယ်စားပြုအစိုးရမဟုတ်သောကြောင့် ပြည်သူနှင့် စစ်အစိုးရ အကြား လုပ်ငန်းပူး ပေါင်းဆောင်ရွက်မှူ မရှိကြောင်း ပြည်သူလူထု တင်ပြချက်များ အရာမထင်ကြောင်း သိရသည်။

” ပြီးခဲ့တဲ့ ဇွန်လတုန်းက ပြည်သူရဲ တဦး က ပြည်သူတဦးအပေါ် ချိမ်းခြောက် စော်ကားတာကို ပြည်နယ် ၀န်ကြီး အဖွဲ့ထံ အရေးယူပေးဖို့ တောင်းဆိုတာ တိုက်ရိုက်အရေးယူကြတယ်၊ အဲဒီ ရဲ က အခု အချုပ်ထဲမှာပဲ ” ဟု ထန်တလန်မြို့ပေါ် ၀န်ထမ်း တဦးက ပြော သည်။

ယခုချင်းပြည်နယ် မြို့နယ်တချို့တွင် အစိုးရ ဌာနဆိုင်ရာ အရာရှိများ အပြောင်းအရွေ့လုပ်နေကြောင်း သိရသည်။

” ကျတော်တို့ ထန်တလန်မြို့နယ်မှာ က မြို့နယ်ဆရာဝန်၊ မြို့နယ် ပြည်သူ့ရဲမှူး၊ ဥပဒေအရာရှိတွေကို အပြောင်း အရွေ့ လုပ်ကြတယ်” ဟု ဆက်ပြောသည်။

သို့သော် ယူအက်စ်ဒီပီ အစိုးရသည် ယခင် နအဖ စစ်အစိုးရလက်ထက်က လူဟောင်းများအများစုပါ၀င်နေ သဖြင့် လုပ် ငန်းပိုင်းတွင် ပွင့်လင်းမှူ မရှိသေးကြောင်း၊ အမိန့်အာဏာ သုံးစွဲမှူ အနည်းနှင့်အများရှိနေ သေးကြောင်း ပြောကြသည်။

ဇွန်လ နောက်ဆုံးပတ်အတွင်း ကျင်းပသည် ချင်း ပြည်နယ် လွတ်တော် အထူးအစည်းအဝေးတွင် ၀န်ကြီးချုပ် ဦးဟုန်းငိုင် က ပြည်ပသတင်း ဌာနများ နှင့်  ဆက်ဆံသူ ၀န်ကြီးများ အား အရေးယူမှူပြုလုပ်မည်ဟုပြော သွားသည်။

Most read this week