ရခိုင်ပြည်နယ်ထဲမှ လူသုံး အများဆုံး ရေကြောင်းလမ်း ကြံ့ခိုင်ရေးပါတီမှ လုပ်ကိုင်တော့မည်

ရခိုင်ပြည်နယ်ထဲမှ လူသုံး အများဆုံး ရေကြောင်းလမ်း ကြံ့ခိုင်ရေးပါတီမှ လုပ်ကိုင်တော့မည်
by -
မင်းဆက်ခိုင်

ရခိုင်ပြည်နယ်ထဲမှ လူသွား လူလာ အများဆုံး ရေကြောင်းလမ်း တစ်ခု ဖြစ်သည့် စစ်တွေ-ဘူးသီး တောင်လမ်းကို ကြံ့ခိုင်ရေး ပါတီမှ လွဲပြောင်းလုပ် ကိုင် တော့မည် ဖြစ်ကြောင်း သတင်း

ရရှိသည်။

" ဒီလ ၁၃ ရက်နေ့က စပြီး ဘူးသီးတောင်-စစ်တွေ ရေကြောင်းလမ်းကို ကြံ့ခိုင်ရေး ပါတီက လွဲပြောင်း လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ ဒီရေလမ်းကြောင်းကို အရင်က အစိုးရရဲ့ ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်းက လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ ကြံ့ခိုင်ရေး ပါတီကို လွဲပြောင်းလိုက်ပြီ ဖြစ်ပါတယ်" ဟု ဘူးသီးတောင်မြို့ ရေကြောင်းပို့ဆောင်ရေးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

Farry-ship-in-Arakan
သို့သော်လည်း တရားဝင် ထုတ်ပြရန်ကျေညာခြင်း မရှိသေးကြောင်း သူက ပြောသည်။

" တရားဝင် ကျေညာတာတော့ မလုပ်သေးပါဘူူး။ ကျေညာရင် လူတွေက ဆန့်ကျင် ကန့်ကွက် မှာကို စိုးရိမ်တယ်ထင်ပါတယ်။ ဒါပေမယ့် ဇူလိုင် ၁၃ ရက်နေ့ကစပြီး ကြံ့ခိုင်ရေးပါတီက စတင် လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ တစ်ခါတည်း သင်္ဘောတွေကို ကြံ့ခိုင်ရေး ပါတီကို အစိုးရက ရောင်းလိုက်တာလား။ ဒါမှ မဟုတ် နှစ်လိုက် ဌားလိုက်တာလား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး" ဟု သူက ဆက်ပြောသည်။

ကြံ့ခိုင်ရေး ပါတီမှ စတင်ကိုင်တွယ်မည့်နေ့မှစ၍ သင်္ဘောခများကိုလည်း တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သူကပြောသည်။

"ခရီးသည်တဦးအတွက် သင်္ဘော လက်မှတ် တစ်စောင်ကို ၃၀၀၀ကျပ်၊ တယောက်အိပ် ကုတင်၂ လုံးပါတဲ့ အခန်းတခန်းကိုတော့ ၁၂၀၀၀ ကျပ် ကောက်ခံမယ်လို့ သိရပါတယ်။ တခြား ကုန်ပစ္စည်းတွေ တန်ဆာခ တွေကိုတော့ ဘယ်လို ယူမလဲဆိုတာ အတိအကျ မသိရှိရသေးပါဘူး။"

ယခုလက်ရှိ ဘူးသီးတောင်-စစ်တွေ သင်္ဘောခမှာ ခရီးသည် တစ်ဦးကို ၅၀၀ ကျပ်ရှိသဖြင့် သင်္ဘောခကို ၆ ဆခန့် တိုးမြှင့် ကောက်ခံမည် ဖြစ်ပြီး သင်္ဘော အခန်း တခန်းကို ယခု လက်ရှိ ၃၀၀၀ ကျပ်သာ ရှိသဖြင့် ကြံ့ခိုင်ရေးမှ ၄ ဆခန့် တိုးမြှင့် ကောက်ခံသွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ဘူးသီးတောင်- စစ်တွေ ရေကြောင်းလမ်းတွင် အစိုးရပိုင် သင်္ဘောများဖြစ်ကြသည့် ဓညဝတီ(၁)၊ ဓညဝတီ(၂)၊ ဓညဝတီ(၃) သင်္ဘောများ ပြေးဆွဲနေပြီး ကြံ့ခိုင်ရေး ပါတီမှလည်း အဆိုပါ သင်္ဘောများဖြင့် ဆက်လက် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်နှင့် စစ်တွေ အကြားတွင် နေ့စဉ် သင်္ဘော အတက်အဆင်း ရှိပြီး အဆိုပါလမ်းသည်ရခိုင်ပြည် နယ်တွင် ခရီးသည် အများဆုံး အသုံးပြုသော ရေလမ်းကြောင်း ဖြစ်သည်။

ယခုကဲ့သို့ သင်္ဘောခကို အဆမတန်မြှင့်တင် လိုက်မည်ဆိုပါက ခရီးသည်များအနေဖြင့် အထူးဒုက္ခရောက် ကြ တော့မည်ဖြစ်ကြောင်း ဘူးသီးတောင် ဒေသခံတဦးကပြောသည်။

" ဒီသင်္ဘောလိုင်းကို ကြံ့ခိုင်ရေး ကိုင်တော့မယ် ဆိုတဲ့ သတင်းကို ကြားပါတယ်။ ဒါပေမယ့် သင်္ဘောခကို ၆ ဆထိ တိုးမြင့်ကောက်မယ် ဆိုတော့ မကြားရသေးပါဘူး။ ဘာဘဲ ဖြစ်ဖြစ် အဲသလို သင်္ဘောခကိုစျေးတင် လိုက်မယ်ဆိုရင် ခရီးသွားပြည်သူတွေ အမှန် ဒုက္ခရောက်ကြရပါတော့မယ်။ ဘူးသီးတောင်ကနေစစ်တွေကို သွားပြီး တညအိပ် သွားနေတဲ့ ခရီးသည်တွေ အများကြီး ရှိကြပါတယ်။ အခုလိုစျေးမြင့်တင်တော့ခရီးစရိတ် က မလွယ်ဘူးလေ။ အသွားအပြန် သင်္ဘောခက ကျပ် ၆၀၀၀ ဆိုတော့ လုပ်ကိုင် စားသောက်ရတာဘယ်လို လုပ် တွက်ခြေကိုက် တော့မှာလဲ။ အကုန်လုံး ဒုက္ခရောက်ကြရမှာ ဖြစ်ပါတယ်။"

ထိုကဲ့သို့ ကြံ့ခိုင်ရေး ပါတီမှ သင်္ဘောခကို အဆမတန် ကောက်ခံမည်ဆိုပါ ပြည်သူများ အနေဖြင့် ၀ိုင်းဝန်း ကန့်ကွက်သွား မည်ဖြစ်ကြောင်း ဒေသခံက ပြောဆိုသည်။

Most read this week