တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော်ကူမင်းမြို့၌ ယခုလ ၁၀ ရက်မှ ၁၈ ရက်နေ့အထိ ၉ ရက်တာ ကျင်းပမည့် ရ ကြိမ် မြောက် တရုတ်နှင့်အာစီယံ ကျောက်မျက်ပြပွဲသို့ တရုတ်နယ်စပ် ရွှေလီမြို့ ရောက် မြန်မာကျောက်ကုန်သည် ၁၀၀ ကျော် ခန့် တက်ရောက် ကြောင်း သိရသည်။
အဆိုပါ ပြပွဲတက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် မြန်မာကုန်သည်များ ရွှေလီမြို့မှ ကွန်မင်းမြို့သို့ ထွက်ခွာသွား ကြောင်း ယူနန်ပြည်နယ် ကျောက်မျက်ကုန်သည်များ အသင်း ဒုဥက္ကဋ္ဌ ဦးဘုန်းကျော်က သျှမ်းသံတော်ဆင့်သို့ပြောသည်။
“အခု ရ ကြိမ်မြောက်ပေါ့ ရွှေလီရောက် မြန်မာကုန်သည်တွေက ၃ ကြိမ်တက်ပြီးပြီ ပထမ ၄ ကြိမ်ကတော့ မတက် ဖြစ်ဘူး ရွှေလီကနေသွားတဲ့ ကုန်သည်က ၁၀၀ ကျော်ပေါ့နော် ရန်ကုန်၊ မန္တလေးက တချို့ကုန်သည် ကြီးတွေ လည်း ရွှေလီကကုန်သည်တွေနဲ့ ပေါင်းပြီးသွားတာလဲ ရှိတယ်” ဟု သူက ပြောသည်။
အဆိုပါ ပြပွဲ၌ ကျောက်စိမ်းတုံး အပါအဝင် အခြားကျောက်မျက်များဖြစ်သည့် စိန် ၊ ပတ္တမြား နှင့် နီလာများ လည်း ခင်းကျင်း ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
“အဓိက ကျောက်စိမ်းပြပွဲလို့ခေါ်တာပေါ့ ဒါပေမဲ့ အနီ ၊ အပြာပါတယ် စိန်ပါတယ် နိုင်ငံတွေ အနေနဲ့ကတော့ အရှေ့ တောင် အာရှ ၁၀ နိုင်ငံပါမယ် အိန္ဒိယ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေကိုလည်း ဖိတ်ခေါ်ထား တယ်။ နောက် ဂျပန် ၊ ကိုးရီးယားနဲ့ တခြား နိုင်ငံတွေက ကုန်သည်တွေလည်းလာမယ်” ဟု ဆိုသည်။
ယခုပြပွဲသို့ တက်ရောက်သည့် မြန်မာကုန်သည်အရေအတွက် ယခင်နှစ်များထက် ပိုများလာကြောင်း သူက ဆက်ပြောသည်။
သို့သော် မြန်မာနိုင်ငံအတွင်းမှ ကျောက်မျက်အသင်းအဖွဲ့များ ပါ၀င်တက်ရောက်ခြင်း မရှိပဲ ကုန်သည်အစု အဖွဲ့ အနေဖြင့်သာ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။