ချင်းအမျိုးသားတပ်မတော်သားများက ရပ်ရွာ ဥက္ကဌ အာဏာကို အလွဲသုံးစားလုပ်ပြီး ပြည်သူအားအမျိုး မျိုးနှိပ်စက်နေ သည့် ကျေးရွာ ဥက္ကဌ တဦးကို ဇွန်လ နောက်ဆုံးပတ်တုန်းကဖမ်းဆီးအရေးယူ သည်ဟု သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ကာရာမိတ် ကျေးရွာဥက္ကဌ ဦးအောင်ပန်းဆိုသူကို အနောက်တောင်တိုင်း စစ်ဌာန ချုပ်၊ ချင်းအမျိုးသားတပ်မတော်သားများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
” ဦးအောင်ပန်းကို သတိပေးတာ ကြာပြီ၊ ပြည်သူတွေကို အကြောင်းမရှိ အခွန်ကောက်တယ်၊မတရား အမှူဆင်ပြီး စစ်တပ် ကို တိုင်၊ လဒ်စားတယ် ” ဟု ဒုတိယ တိုင်းမှူး ဗိုလ် လိန်းလော က ပြောသည်။
အဆိုပါ ကိစ္စကြောင့် ပလက်ဝမြို့မှ စစ်သားအင်အား ၃၀ ကို အိန္ဒိယ – မြန်မာနယ်စပ် ကာရာမိတ်ကျေးရွာသို့ ပို့ထား ကြောင်း ဒေသခံတွေက ပြောကြသည်။
အဆိုပါ ဦးအောင်ပန်းကို ချင်းအမျိုးသားတပ်မတော်က ကာရာမိတ်ကျေး ရွာတွင် နေခွင့်မပြုတော့ကြောင်း သိရသည်။
ချင်းအမျိုးသားတပ်မတော်သည် စစ်ဖက်ဆိုင်ရာ လမ်းညွန်ဥပဒေ ( ဂျီနီဗာ) ကို လက်မှတ်ရေးထိုးထားသည့် ချင်းလူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။