ထိုင်း-မြန်မာ နယ်စပ်လမ်း ဖြစ်သော ဟွေပူး လောင်းမှ စွပ်ပိုင် နယ်စပ်ကားလမ်းတွင်နမ့်ပန် ချောင်းရေများ ကားလမ်းထိ ရေများဖုံးလွှမ်း နေပြီ ဖြစ်၍ ခရီးသည်ကုန်တင်ကားများကားလမ်း ဖြင် ့သွားလာလို့ မရကြောင်းဟွေပူး လောင်နယ် စပ်ဂိတ်မှ ဒေသခံ တစ်ဦးက ပြောသည်။
“လမ်းပေါ်ထိ ရေတွေက ဖုံးနေတာ လမ်းကို မြင်တောင် မမြင်တော့ဘူး။ ကားနဲ့ သွားမယ်ဆိုရင်တော့ ဒုက္ခရောက်မယ်” ဟု ပြောသည်။
တောင်အတက် အဆင်းကားလမ်းများမှာ မြေသားလမ်းများမှာ ရွှံ့နွံများ ချော၍ ကားအတက်အဆင်း များမှာလည်း အန္တာယ် ရှိသောကြောင့် ကားလမ်းဖြင့် မသွားပဲ မော်တော် စက်လှေများဖြင့်သာသွားလာကြ သည်ဟု ခရီးသွား ကုန်သည် တစ်ဦးက ပြောသည်။
“အရင်တစ်ပတ်က ကားနဲ့ လာတုန်းက တောင်ပေါ်မှာ ကားမသွားနိုင်တော့လို့့ ခြေလျှင်နဲ့ လျှောက်ခဲ့ရတယ်။ ကုန်ပစ္စည်းတွေကို စက်လှေနဲ့ တစ်ခါ ပြန်မှာပြီး သွားသယ်ရတယ်” ဟု ပြောသည်။
နမ့်ပန်ချောင်းပေါ်တွင် ရှိသော ဟွေပူးလောင်းဂိတ်မှ သံလွင်မြစ်ဆုံတွင် ရှိသော စွပ်ပိုင်ဂိတ်ကိုနှစ်နာရီခန့် အကြာ စက်လှေဖြင့် သွားခဲ့ကြရသည်ဟု သိရသည်။
မိုးရာသီတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိပြီး ခရီးသွား ကုန်သည်များ ကုန်းကူး သန်းသွားလာမှု နည်းသည် ကုန်သည်များကို စက်လှေဖြင့် ပို့ဆောင်ပေးနေသော စက်လှေ ပိုင်ရှင် တစ်ဦးက ပြောသည်။
“အခုချိန်ကတော့ လူတွေ သိပ်မတွေ့ရဘူး။ နွေအချိန်ဆို လူတွေ ဂိတ်မှာ အပြည့်ပဲ ရှုပ်ယှက်ခတ်နေတာပဲ” ဟု ပြောသည်။
ကရင်နီပြည်နယ်မှ ထိုင်းသို့ သွားလာလို့ ရသော လမ်းများမှာ ဘီပီ ဆယ်သုံး နမ့်မန်း၊ ဘီပီ ဆယ်လေး မယ်စဲ့နှင့် ဟွေပူးလောင်းဂိတ်ဘက်ဖြစ်ပြီး ဖာဆောင်မြို့တွင် သံလွင်မြစ် တစ်ဖက်ကမ်းသို့ ကူးဒိုးဇက်ဖြင့် ကားများ၊ ကုန်များတင်၍ သွားလာကြသည်။