RWU ခါကာဆိုရီ ဒုက္ခသည်များကို ပစ္စည်းများလှူဒါန်း

RWU ခါကာဆိုရီ ဒုက္ခသည်များကို ပစ္စည်းများလှူဒါန်း
by -
မောင်ရမ္မာ

ဘင်္ဂလာဒေ့ချ်နိုင်ငံ စစ်တကောင်းတောင်တန်း နယ် ခါကာဆိုးရီ မြို့နယ်ရှိ လူမျိုးရေး အဓိ ဂရုဏ်းကြောင့် မီးဘေးဒဏ်ခံခဲ့ရသောရခိုင် မျိုးနွယ်စုမျာကို RWU ရခိုင်အမျိုးသမီးအစည်း အရုံးမှ ပစ္စည်းများ သွားရောက် ကူညီလှူဒါန်း ခဲ့ကြောင်း သတင်း ရရှိသည်။

RWU
အဆိုပါ အကူအညီကို ဇွန်လ ၂၂ ရက်မှ ၂၅ ရက်နေ့အတွင်း ပေးအပ် လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အကူအညီများ သွားရောက် လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသမီးများအစည်းအရုံး (RWU) ဥက္ကဌ ဒေါ်စောမြရာဇာ လင်းက ယခုကဲ့သို့ ပြောသည်။

" အခု သွားရောက်လှူဒါန်းခဲ့တဲ့ ခါကာဆိုးရီဒေသမှာ ဧပြီလ ၁၉ ရက်နေ့က ဒေသခံဘင်္ဂလီတွေက ရခိုင်မျိုးနွယ် စုုဝင် မရမာ အိမ်ခြေ ၁၁၀ ကို မီးရှို့ပျက်ဆီးပစ် ခံခဲ့ရတဲ့ အတွက် အိုးမဲ့ အိမ့်မဲ့ ဖြစ်သွား ခဲ့ရပါတယ်။ အဲဒီ အခြေအနေ တွေကို တစွန်းတစအနေနဲ့ ဖြည့်ဆည်း ပေးချင်တဲ့ ရည်ရွယ် ချက်ကြောင့် ဧပြီလကတည်းစပြီး တော့ ကြိုးစား ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လိုအပ်တဲ့ ငွေတွေကို မရရှိနိုင်တဲ့ အတွက် အခုလို မိုးရာသီမှ သွားရောက် လှူဒါန်းခဲ့ရတာဖြစ်ပါတယ်" ဟု ပြောသည်။

RWU မှ သွားရောက် လှူဒါန်းခဲ့သော ကျေးရွာများမှာ ခါကာဆိုးရီ မြို့နယ်မှ ဂွိမရာရွာ၊ မာနိဆိုးရီ ရွာများ ဖြစ်ကြသည်။

ရခိုင်အမျိုးသမီးများအစည်းအရုံးမှာ သွားရောက်လှူဒါန်းခဲ့သော ပစ္စည်းများမှာ ထီး ၁၁၀၊ ရေသုံးဗုံးကြီး ၁၁၀၊ စောင် ၁၁၀၊ လုံချည် ၁၁၀၊ ထမီ ၁၁၀ ၊ ပလပ်စတစ် အခင်း၊ ဓါတ်ဗူးများနှင့် မီးအိမ်များ အပါအဝင်ငွေသား များလည်း ပါ၀င်သည်ဟု သိရသည်။

အဆိုပါ ဒေသရှိ ပြည်သူများ လက်ရှိ ကြံုတွေ့နေရသော အခြေအနေများကိုလည်း ရခိုင် အမျိုးသမီးများ အစည်းအရုံး ဥက္ကဌ ဒေါ်စောမြရာဇာ လင်းက ယခုကဲ့သို့ ပြောသည်။

" အခုအချိန်ထိ လူတွေဟာ မိုးရေထဲမှာ နေကြရပါတယ်။ အမိုးအကာ လုံလုံလောက် မရှိပါ။ အိမ်ကိုလည်း စနစ်တကျ ဆောက်ထားနိုင်တဲ့ အနေအထားမရှိသေးပါဘူး။ ရိက္ခာလုံလောက်မှုလည်း မရှိပါ။ သူတို့ဟာ ဂျင်း၊ သခွါး၊ နနွင်းစိုက်ပျိုးပြီး အသက်မွေး ၀မ်းကျောင်းကြပါတယ်။ အခုလို မီးရှို့ခံလိုက်ရတဲ့အတွက် ကောက်မျိုးတွေ ဆုံးရှုံးသွားရတယ်။ ဒါကြောင့် အခုအချိန်မှာ ဘယ်သီးနှံကိုမှ စိုက်ပျိုခွင့်မရတဲ့အတွက် အခုခါ ဘယ်သူအလှူလာ ပေးမလဲဆိုတာကို စောင့်မျှော်နေကြပါတယ်။"

ဘင်္ဂလာဒေ့ချ်နို်င်ငံရှိ စစ်တကောင်းတောင်တန်းနယ်တွင် ရခိုင်ဘုရင်များလက်ထက်က သက်ထောင်၊ ဗိုလ်မင်းထောင်၊ ဖလံထောင်ဟု ထောင်သုံးထောင် တည်ထောင်ပေးခဲ့သည်ဟု သမိုင်း မှတ်တမ်းများ အရ သိရသည်။ ယခုအခါ အခင်းဖြစ်ပွားရာ ဒေသမှာ ဖလံထောင်တွင် ပါ၀င်ပြီး အဆိုပါ ဒေသတွင် နေထိုင်သူများမှာ ရခိုင်လူမျိုးများနှင့် ယဉ်ကျေးမူ ဓလေ့ထုံးစံ ဘာသာစကားများ တူညီ ကြသော်လည်း သူတို့ကို သူတို့ရခိုင် လူမျိုးဟု မခံယူဘဲ မာရမာ လူမျိုးအဖြစ် ခံယူကြကြောင်း သိရသည်။

Most read this week