ကျိုးပျက်သွားသော ဘူးသီးတောင်-မောင်တော ကားလမ်း ပြန်လည် ဖွင့်လှစ်

ကျိုးပျက်သွားသော ဘူးသီးတောင်-မောင်တော ကားလမ်း ပြန်လည် ဖွင့်လှစ်
by -
နိရဥ္စရာ သတင်းဌာန

တပတ်ကျော်ကြာ ကျိုးပျက်နေသော ဘူးသီး တောင်-မောင်တော ကားလမ်းမှာ ယမန်နေ့က ပြန်လည် ပြုပြင်ပြီးစီးသွားပြီ ဖြစ်သဖြင့် ကားများ ပုံမှန်အတိုင်း သွားလာနေကြပြီ ဖြစ်ကြောင်းသိရ သည်။

Arakan-photo-by-narinjaraမောင်တောမှ ကားပိုင်ရှင် တစ်ဦးက " လမ်းကတော့ မနေ့က ပြင်ပြီးသွားပါတယ်။ ဒါကြောင့် ကားကြီးတွေရော သွားလာလို့ ရသွားပါပြီ။ ဒါပေမယ့် နောက်ထပ် မိုးရွာရင် နောက်ထပ် ပျက်မယ့် အခြေအနေရှိနေပါတယ်" ဟု ပြောသည်။

ဘူးသီးတောင်-မောင်တောကားလမ်းမှာ လွန်ခဲ့သော အပတ်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းမူကြောင့် နေရာ နှစ်နေရာတွင် ကားလမ်း ကျိုးပျက်သွားခဲ့သည်။

" လမ်းကျိုးသွားတာက မောင်တောက အထွက် မြို့ဝင် ဆိုင်းဘုတ်မှာ ဖြစ်ပါတယ်။ နောက်တနေရာက တောင်ခေါင်းကြီး အဝမှာ မြေပြိုပြီး လမ်းပိတ်သွားခဲ့ပါတယ်။ မြေပြိုတဲ့နေ့က ဆိုရင် ဟိုင်းလပ်ကား တစ်စီးလည်း မြေထဲ နစ်သွားခဲ့ပါတယ်။ လူတွွေကတော့ ထွက်ပြေးနိုင်ခဲ့တဲ့ အတွက် ဘာမှ ထိခိုက်မူ မရှိခဲ့ပါဘူး" ဟု ပြောသည်။

ဘူးသီးတောင်- မောင်တောကားလမ်းမှာ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ်တွင် တခုတည်းသောကုန်သွယ် ရေး ကားလမ်း ဖြစ်ပြီး အစိုးရမှ မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့်နှစ်စဉ် မိုးရာသီတွင်ပြိုပျက်လေ့ ရှိသည်။

တစ်ခြား စီးပွားရေး လုပ်နေသူ လူငယ် တစ်ဦးကလည်း ကားလမ်းကျိုးပျက်သွားသဖြင့် ခရီးသွားပြည်သူများ ဒုက္ခရောက်ကြရပုံကို ယခုကဲ့သို့ ပြောသည်။

" ဘူးသီးတောင်နဲ့ မောင်တော အကြား သွားလာလို့ ရတာက လမ်းက ဒီတလမ်းဘဲရှိပါတယ်။ ဒီလမ်းကို အသုံးပြုပြီး လူတွေက ဘင်္ဂလာဒေချ့်နဲ့ ကုန်သွယ်တဲ့ နေကြရတာ ဖြစ်ပါတယ်။ လမ်းက ကျိုးသွားတော့ ကားတွေက သွားလို့ မရ ဖြစ်သွားတယ်။ လူတွေက ကားစီး၊ ခြေနဲ့ လျောက်၊ နောက်ထပ် ကားစီး အဲသလိုမျိုး သွားလာကြရပါတယ်။ အတက်အဆင်းနဲ့ အထုတ်အပိုးတွေနဲ့ သွားလာရတော့ လူတွေက အရမ်းပင်ပန်းပါတယ်" ဟု ပြောသည်။

ကားလမ်းကျိုးသွားသဖြင့် မောင်တောဘက်ခြမ်းတွင် ဆန်အပါအဝင်စားသုံး ကုန်ပစ္စည်းများလည်း အနည်းငယ် စျေးမြှင့်တက်သွားကြောင်း သိရသည်။

ဘူးသီးတောင်- မောင်တော ကားလမ်းမှာ ၁၆ မိုင်သာရှိပြီး ရခိုင်ပြည်နယ် အတွင်း လူအများဆုံး အသုံးပြု နေသော ဟောင်းနွမ်းနေသော ကားလမ်း တစ်ခု ဖြစ်သည်။ အဆိုပါ ကားလမ်းကို အုပ်ချုပ်သူ အစိုးရအဆက် ဆက်မှ စနစ်တကျ ပြန်လည် ပြုပြင် တည်ဆောက်ခြင်း မရှိသည့် အပြင် မောင်တောမှ စစ်တွေကို တိုက်ရိုက် သွားလာနိုင်သော မောင်တော- အငုံမော် လမ်းသစ်အားလည်း ဖေါက်လုပ်ပေးခြင်း မရှိသဖြင့် ဒေသအတွင်းက လူများမှာ မိုးရာသီ ခရီးသွားလာရာတွင် အထူး အခက်အခဲနှင့် ကြံုတွေ့နေကြရကြောင်း သိရသည်။

Most read this week