ရခိုင် အမတ်များကို တရားစွဲသည့် ကြံ့ခိုင်ရေး အမတ်လောင်းများ အရှက်ကွဲ

ရခိုင် အမတ်များကို တရားစွဲသည့် ကြံ့ခိုင်ရေး အမတ်လောင်းများ အရှက်ကွဲ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှအနိုင် ရ လွှတ်တော် ကိုယ်စားလှယ်များကို မဟုတ်မမှန် လုပ်ကြံတရားစွဲဆိုသူ ကြံ့ဖွတ်အမတ်များမှာအရှံုး နှင့် ရင်ဆိုင်နေရသည့် အပြင် ငွေကုန် လူပန်းဖြစ် နေကြရသဖြင့် ပြည်သူများအကြား မျက်နာမဖေါ် ရဲအောင် အရှက်ရနေ ကြသည်ဟု သတင်းရရှိ သည်။

Election-RNDP-party-logoဇွန်လ ၂၄ ရက်နေ့က ရခိုင်တိုင်းရင်းသားပါတီမှ တရားစွဲခံ အမတ် ၄ ဦး အမူကို နေပြည်တော်ရွှေးကောက် ပွဲကော်မရှင် အထူးခုံရုံးက ဆုံးဖြတ်ရာ ကြံံ့ခိုင်ရေးပါတီမှ တရားစွဲဆိုသူများကို အရှံုးပေးလိုက်ပြီးရခိုင်အမတ် များကို အနိုင်ပေးခဲ့သည်။

မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် အမတ် ဦးဖေသန်းက ကြံ့ခိုင်ရေးမှ တရားစွဲသူများ အရှက်ရနေကြောင်း ကို ယခုကဲ့သို့ ပြောသည်။

" သူတို့က လုပ်ကြံတဲ့ ဇာတ်လမ်းကို သူတို့ဘဲ ခံသွားရတာပါဘဲ။ ပထမ တခါ ပြည်သူတွေက သူတို့ကို လူထုကို အနိုင်ကျင့်တဲ့အတွွက် ရွှေးကောက်ပွဲနဲ့ ဆုံးဖြတ်ပေးလိုက်ပြီ ဖြစ်တယ်။ အခုတခါ သူတို့က အဲဒီ အပေါ်မှာ မကျေနပ်လို့ တရားလာစွဲပြန်တယ်။ တရားရုံးက သူတို့ရဲ့ စွပ်စွဲ ချက်တွေဟာ လုပ်ဇာတ်တွေဘဲ ဖြစ်တယ်ဆိုပြီး သူတို့ကို ထပ်ပြီး အရှံုးပေးလိုက်တာပေါ့ဗျာ။ အခုတော့ သူတို့ နှစ်ခါ ရှံုးသွားပြီ ဗျာ" ဟု ပြောသည်။

၎င်းပြင်သူက " ဒါတွေတောင် ဘယ်ကမလဲဗျာ။ ဒါ့ပြင်သူတို့က စရိတ်စခတွေလည်း အများကြီး သုံးရတယ်။ ကော်မရှင်ကို အမူတင်တဲ့ အခါမှာလည်း ၁၀ သိန်း ကုန်တယ်။ အခုတစ်ခါရှံုးတော့ ကျပ် ၁၀ သိန်းလျော်ရ တယ်။ အထပ်ထပ်အခါခါ ရှံုးတာပေါ့ဗျာ"

ယခုအခါ တရားစွဲဆိုသူများမှာ ပြည်သူများ၏ မျက်မုန်းကျိုးခြင်းကို ခံနေကြရကြောင်း သူကဆက်ပြော သည်။

" အဲဒီထက် ဆိုးတာက ပြည်သူတွေက သူတို့ကို မကျေမနပ် ဖြစ်သွားပြီး မျက်မုန်း ကျိုးသွား တာပေါ့ဗျာ။ နောက်ဆုံးမှာတော့ သူတို့ အနာဂတ် နိုင်ငံရေး လောကမှာ မျှော်လင့်ချက် မရှိတော့ဘူးလို့ ပြည်သူတွေ မြင်သွားတယ်။ နိုင်ငံရေး အညွှန့်ကျိုးသွားတာပေါ့ဗျာ။ နိုင်ငံရေး လမ်းကြောင်းဘက်မှာ ပြန်လည်လို့ ခေါင်းဆောင်နိုင်မယ့် အနေအထား မရှိတော့ဘူပေါ့ဗျာ။ ခုလို မဟုတ်မတရား လုပ်ကြံ တရားစွဲတဲ့ အတွက် ကျွန်တော်ဘက်ကတော့ ပြည်သူတွေရဲ့ ထောက်ခံမူကို အများကြီး ရရှိ လိုက်တာပေါ့ဗျာ" ဟု သူက ပြောသည်။

ဇွန်လ ၂၄ ရက်နေ့က နေပြည်တော် ကော်မရှင် တရားရုံးက အနိုင်ပေးလိုက်သော ရခိုင်အမတ်များမှာ ရသေ့တောင် အမှတ်(၁) ပြည်နယ် လွှတ်တော်အမတ် ဦးလှမောင်သိန်းနှင့် မြေပုံမြို့နယ်မှ ပြည်သူ့လွှတ် တော် အမတ် ဦးဖေသန်း၊ ပြည်နယ်လွှတ်တော်အမတ်များ ဖြစ်ကြသည့် ဦးအောင်ဝင်းနှင့်ဦးမောင်လုံး တို့ ဖြစ်ကြသည်။

ယခင် အနိုင်ရရှိခဲ့သည် အမတ် ၂ ဦးမှာ ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဦးကျော်လွှင်နှင့် ပြည်နယ် လွှတ်တော် အမတ် ဦးအုံးတင်တို့ ဖြစ်ကြသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အမတ် (၉) ဦးတရားစွဲခံထားရသည့် အထဲမှ ၆ ဦးအနိုင်ရရှိခဲ့ပြီး ၃ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။ သူတို့ ၃ ဦးမှာ ပေါက်တောမြို့နယ်မှ ဖြစ်ပြီး ယခု ၆ ရက်နေ့တွင် သူတို့ အမူကို ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

Most read this week