ဘင်္ဂလာဒေချ့်ဝန်ကြီးချုပ်မှ မြန်မာသို့ ကုန်ပစ္စည်းများ တင်ပို့သူ မှောင်ခိုသမားကြီး ၁၇ ဦးအား ဖမ်ဆီးရန်

ဘင်္ဂလာဒေချ့်ဝန်ကြီးချုပ်မှ မြန်မာသို့ ကုန်ပစ္စည်းများ တင်ပို့သူ မှောင်ခိုသမားကြီး ၁၇ ဦးအား ဖမ်ဆီးရန်
by -
နိရဥ္စရာ သတင်းဌာန

ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ မြန်မာ နိုင်ငံသို့ တားမြစ်ကုန်ပစ္စည်းများ တင်ပို့နေသူမှောင် ခို စီးပွားရေးသမားကြီး ၁၇ ဦးကို ဖမ်းဆီးရန်ပြည်ထဲ ရေး ၀န်ကြီးဌာနသို့ အမိန့်ထုတ် လိုက်ကြောင်း သတင်း ရရှိသည်။

Teknaf-port-1ယခုကဲ့သို့ ၀န်ကြီးချုပ်မှ အမိန့်ထုတ်ပြန်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပြီး အဆိုပါ စာကို ဇွန်လ ၁၃ ရက် နေ့က ၀န်ကြီးချုပ်ရုံးမှ ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပေးပို့ခဲ့သည်ဟု သိရသည်။ မည်သည့်အတွက် ကြောင့် ညွန်ကြားချက် အမိန့်ထုတ်ပြန်ရသည်ကို ၀န်ကြီးချုပ်ရုံး တာဝန်ှရှိသူ တစ်ဦးက ယခုကဲ့သို့ပြောကြားသည်။

" သူတို့က ဘင်္ဂလာဒေချ့်နိုင်ငံက အဓိက ပြည်သူတွေ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံကို ရေလမ်းကြောင်းကတဆင့် တင်ပို့နေတယ်။ ဒီနိုင်ငံက အဓိက တားမြစ်ထားတဲ့ ဒီဇယ်ဆီ၊ ဓါတ်မြေသြဇာ၊ စားသုံးဆီနဲ့ အဝတ်စ (အဝတ်အထည်)တွေကို နေ့တိုင်းလိုလို တင်ပို့နေကြတဲ့ အတွက် တိုင်းပြည်တွင်းမှာ နစ်နာမူတွေ ရှိလာတယ်။ ဒါနဲ့ ခုလို သူတို့ကို ဖမ်းဆီးဖို့ ၀န်ကြီးချုပ် ကိုယ်တိုင်အမိန့်ထုတ်ပြန်ရတာဖြစ်ပါ တယ်" ဟု ပြောသည်။

ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခံရသူများမှာ မြန်မာ နယ်စပ်အနီးတွွင် တည်ရှိသော ကော့စ်ဘဇားခရိုင် အတွင်းမှ ဖြစ်ကြသည်။ အများစုမှာ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော တက်ကနက် မြို့နယ်မှဖြစ် ကြသည်။

" သူတို့က ဒီကစ္စည်းတွေကို မော်တော်ဘုတ်ကြီးတွေနဲ့ ရေလမ်းကြောင်းက တင်ပို့နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသဆိုင်ရာ လုံခြံုရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ဘီဂျီဘီနဲ့ ရဲအရာရှိတွေကိုလည်း မှောင်ခိုသမားကြီး တွေက ငွေပေး ပေါင်ထားနိုင်တော့ သူတို့က လွတ်လွတ်လပ်လပ် ဒီပစ္စည်းတွေကို မြန်မာနိုင်ငံကို မှောင်ခို တင်ပို့နိုင်ကြတယ်လေ။ ဒါကြောင့် သူတို့ကို ဖမ်းဆီးမယ့်သူလည်း မရှိ ဖြစ်နေတော့ ပြည်ထဲရေးဝန်ကြီးဌာန ကို ၀န်ကြီးချုပ်က အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

Most read this week