လွတ်လပ်သော မွန်သတင်းအေဂျင်စီ –ရန်ကုန်မြို့ အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇွန်လ (၂၉) ရက်၌ ပြည်ထဲရေးဝန်ကြီးဌာနမှပေးပို့လိုက် သည်။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ရန်ကုန်မြို့အခြေစိုက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဇွန်လ (၂၉) ရက်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ ပေးပို့လိုက်သည်။ စာအပေါ် ၄င်းပါတီသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ၂၀၁၀ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရသော်လည်း ကောင်း ပျက်ပြယ်ခြင်းမရှိပဲ ရပ်တည်နေကြောင်း ငြင်းချက်ထုတ်ထားပေသည်။ ဇွန်လ (၂၈) ရက်နေ့ ကြေးမုံပါသတင်းစာအရ ပြည်ထဲရေးဝန်ကြီးဌာနမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဦးအောင် ရွှေနှင့် ဒေါ်အောန်ဆန်းစုကြည်တို့အား ပေးပို့သည့်စာတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်းဥပဒေအရ ပျက်ပြယ်သွားပြီးဖြစ်ကြောင်း၊နိုင်ငံရေးလှုပ်ရှားမှုများသည် တည်ဆဲ ဥပဒေများနှင့် ငြိစွန်းနိုင်ကြောင်း လူမှုရေးအသင်းအဖွဲ့အနေဖြင့် ရပ်တည်ရန်တိုက်ထွန်းထားပေးသည်။
ထိုသို့သောအခြေအနေအောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား တရားဥပဒေအရမဖျက်သိမ်း နိုင်ကြောင်း မြန်မာနိုင်ငံရှေ့နေများကောင်စီမှ လွတ်လပ်သော မွန်သတင်းအေဂျင်စီကို အခုလို ပြောသည်။
“တရားဥပဒေရှုးထောင့်အနေနဲ့ကြည့်ရင် NLD ကို လုံးဝဖျက်သိမ်းလို့မရဘူး၊ဒေါ်အောင်ဆန်းစုကြည်တို့ ကနေ ပြန်လည် ထုတ်ပြန်ထားတဲ့ ကြေငြာချက်မှာပါတဲ့အတိုင်းပဲ NLD ဟာ တရားဝင် ရပ်တည်နေတဲ့ ပါတီတစ်ပါတီဖြစ်တယ်၊ ဖျက်သိမ်းခံထားရတဲ့ ပါတီမဟုတ်ဘူး” ထိုင်းအခြေစိုက်မြန်မာနိုင်ငံရှေ့နေ များကောင်စီရုံးမှ တာဝန်ခံ ဦးမျိုးက ပြောသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီအနေနှင့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြည်ထဲရေးဝန်ကြီးဌာနထံ ပေးပို့သည့်ထုတ်ပြန်ကြေငြာစာအပေါ် အကြွင်းမဲ့ ထောက်ခံကြောင်းလည်း ဦးမျိုးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဥပဒေအမှတ်-၄/၈၈ ဖြစ်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်တွင်မှတ်ပုံတင်ခဲ့ပြီးတရားဝင်ရပ် တည် နေသော နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမုဒ်မ-၄၀၇ ပါနိုင်ငံရေးပါတီတစ် ရပ်အနေဖြင့် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိသော အချက် (၄) ချက်ပါ ပြဌာန်းချက်နှင့်လည်းလုံးဝငြိစန်းခြင်း မရှိကြောင်း ကြေငြာချက်မှာ ပါရှိသည်။
“အစိုးရဘက်က NLD ဟာ မတရားဝင်ဘူးပြောမယ်၊ NLD ဘက်ကတော့ သူတို့ပါတီဟာတရားဝင်ပါတီဖြစ် တယ်လို့ ပြန်လည် တုန့်ပြန်မယ်၊ ဒါတွေကို ဒီမိုကရေစီလမ်းကြောင်းအစစ်အမှန်အတိုင်း သွားမယ်ဆိုရင် နှစ်ဖက်စလုံး ပြေလည်အောင် တွေ့ဆုံဖြေရှင်းဖို့လိုတယ်၊ NLD ကို ဖျက်သိမ်းဖို့ဆိုတာလည်းဖြစ်နိုင်တာ မဟုတ်ဘူး” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက သုံးသပ်သွားသည်။