အသစ်ပြန်ဆည်ထားသော ဂီရိမှ တာတံမံများ ကျိုးပေါက်၍ မျိုးစပါးခင်းများ ပျက်စီး

အသစ်ပြန်ဆည်ထားသော ဂီရိမှ တာတံမံများ ကျိုးပေါက်၍ မျိုးစပါးခင်းများ ပျက်စီး
by -
မောင်ရမ္မာ

ရခိုင်ပြည် မြေပုံမြို့နယ်တွင် လွန်ခဲ့သောအပတ်က မိုးသည်းထန်စွာရွာသွန်းသဖြင့် အသစ် ပြန်လည် တည်ဆောက် ထားသော တာတမံများကျိုးပေါက် ကာ ရေငံများ ၀င်ရောက်လာသဖြင့် မျိုးစပါးခင်း များ ပျက်စီးသွားသည်ဟု သတင်းရရှိသည်။

“ ဒီလ ၁၈ ရက်ကနေ ၂၀ ရက်နေ့ထိ အဆက်မပြတ်ရွာတဲ့ မိုးကြောင့် အသစ်ပြန်လို့ တည်ဆောက် ထားတဲ့ တာတမံတွေ ကျိုးပေါက်သွားပါတယ်။ တာတမံတွေ ကျိုးပေါက်သွားပြီး မြစ်ရေတွေ ၀င်ရောက် လာတော့ ပျိုးထားတဲ့ စပါးပျိုးခင်းတွေ အားလုံး ရေငံဝင်ပြီးတော့ ပျက်စီးသွားပါတယ်။” ဟု သင်းကနက် ကျေးရွားသား တဦးက ပြောသည်။

Paddyပျက်စီးသွားသော စပါးခင်းများမှာ မြေပုံမြို့နယ်အတွင်းရှိ မုန်တိုင်းဒက်ကို ခံခဲ့ရသော ငမန်းရိပ် ကျေးရွာ၊ ညောင်တုန်းကျေးရွာ၊ ကြက်ရေကျွန်းကျေးရွာ၊ တံတားဦးကျေးရွာ၊ သင်းကနက်ကျေးရွာနှင့်ပြင်ဖြူချောင်း ကျေး ရွာများမှ စပါးပျိုးခင်းများဖြစ်သည်။

“ပျက်စီးသွားတဲ့ စပါးပျိုးခင်းဧရိယာက အားလုံးပေါင်း ဧက ၅၀ ပတ်ဝန်းကျင်လောက် ရှိပါတယ်။စပါးစိုက် ပျိုးဖို့ အချိန်ရောက်မှာ စပါးပျိုးခင်းတွေ ပျက်စီးသွားတော့ လယ်သမားတွေအတွက် နောက်ထပ် စပါးပျိုးခင်း ထောင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒါကြောင့် မြို့နယ်အုပ်ချုပ်မှူးဆီ ပျိုးစပါး ပြန်လည်ရရှိဖို့အတွက် အကူ အညီ တောင်းထားပေမယ့် အခုအချိန်ထိတော့ ဘာမှ အကြောင့် ပြန်တာ မရှိသေးပါဘူး”ဟု အဆိုပါ ကျေးရွာ သားက ပြောသည်။

ရခိုင်ပြည်နယ် တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းအတွင်း တာတမံ ၉၀ ရာခိုင်နှုန်းကျော် ပျက်စီးသွားခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ပျက်စီးသွားသော တာတမံများကို ဆည်မြောင်းဦးစီးဌာနမှ တည်ဆောက် ပေးခြင်း မရှိသဖြင့် Save the Children အန်ဂျီ အိုအဖွဲ့များ၏အကူအညီများအပါအဝင် ကိုယ့်အားကိုယ်ကိုးပြီး ပြန်လည်တည်ဆောက် ထား သော တာတမံများ ဖြစ်သည်။

၎င်းအပြင် မျိုးစပါးများ ပျိုးထောင်နိုင်ရန်အတွက် မုန်တိုင်းဒဏ်ခံခဲ့ရသော မြေပုံမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် များတွင် Save the Children ၊ ပေါင်းကူး အန်ဂျီအိုနဲ့ ခရစ်ယာန် ဘာသာရေးအဖွဲ့များကစိုက်ပျိုးစရိတ် အတွက် အလှူငွေများ ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရှိရသည်။

Most read this week