အထက်အရာရှိနှင့် နီးစပ်၍ အရေး မယူမူ အပေါ် တောင်ကုတ်ဒေသခံများ မကျေနပ်

အထက်အရာရှိနှင့် နီးစပ်၍ အရေး မယူမူ အပေါ် တောင်ကုတ်ဒေသခံများ မကျေနပ်
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် မတ်လဆယ် တန်း စာမေးပွဲ စစ်ဆေးစဉ်က စာမေးပွဲကြီးကြပ် ရန် ရောက်ရှိ လာသူနှင့် ဒေသခံ မြို့နယ် ပညာ ရေး ၀န်ထမ်းများ အကြား အကြီးအကျယ် ပြဿနာ ဖြစ်ပွားခဲ့ရာ အထက်မှ တောင်ကုတ်မှ ပညာရေးဝန်ထမ်းများကို အရေးယူခဲ့ပြီးစာမေးပွဲ ကြီးကြပ်ရန် ရောက်ရှိလာသူ အပေါ် တစုံတရာ အရေး မယူသဖြင့် အထူးမကျေနပ်မှု များတိုးပွား နေကြောင်း သတင်း ရရှိသည်။

တောင်ကုတ်တွင် ၂၀၁၁ ခုနှစ် မတ်လ ဆယ်တန်း စာမေးပွဲတွင် စစ်တွေ အထက (၄)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်အောင်မှ ကြီးကြပ်ရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ရာ ကျောင်းသားများ စာကူးချမူ အပေါ် အခန်းစောင့် ဆရာ ဆရာမများက တားဆီးခြင်း မရှိဟု ဆိုကာ တိုင်းတန်းခဲ့့သဖြင့် ဆရာဆရာမ အနည်းဆုံး ၄၅ ဦးကို ရန်ကုန်က အခြေခံ ပညာဦးစီးဌာနက အပြစ်ပေးခဲ့ပြီး ကျောင်းသား ၅၀ မှာကျောင်းထုတ်ခံခဲ့ရ သည်။
Taungup-gate
အဆိုပါ ပြဿနာတွင် ဆရာမကြီး ဒေါ်ခင်ခင်အောင်နှင့် တောင်ကုတ်မြို့နယ် ပညာရေးမှူးအကြားတွင် အထူး စကားများခဲ့ကြရပြီး ဒေါ်ခင်ခင်အောင်က အထက်သို့ တိုင်ကြားခဲ့သဖြင့် ပညာရေးမှူးလည်း အလုပ်မှ အငြိမ်းစား ပေးခံခဲ့ရသည်။

အထက်အရာရှိများမှ အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး တောင်ကုတ်သို့ လာရောက်စစ်ဆေးစဉ် ဆရာ ဆရာမများ ထွက်ဆိုချက်ကြောင့် ဒေါ်ခင်ခင်အောင်ဘက်မှ အမှားများ ရှိနေကြောင်း သိရှိသွားသော်လည်း ရန်ကုန်ကို ရောက်ရှိသွားသောအခါ ဒေါ်ခင်ခင်အောင်အား တစုံတရာ အပြစ်ပေး အရေးယူခြင်း မရှိဘဲ တောင်ကုတ်မြို့နယ် ပညာရေးမှူးကို အငြိမ်းစားပေးလိုက်ပြီး ဆရာဆရာမ ၄၅ ဦးကို တောင်ကုတ်မြို့နယ်မှ တခြား ဝေးလံသော မြို့နယ်များသို့ ပြောင်းရွှေ့ကာ အပြစ်ပေးခဲ့သည်။

“ ဆရာမကြီး ဒေါ်ခင်ခင်အောင်က လက်ထောက် ကြီးကြပ်ရေးမှုး အဖြစ ်ခေါ်လာတဲ့ ဒေါ်လှသိန်းနုကို စာမေးပွဲ ဖြေဆိုခန်းထဲ ၀င်ခိုင်းပြီး ဖြေဆိုနေတဲ့ ကျောင်းသား ကျောင်းသူတွေကို ရှာဖွေ နှောင့်ယှက်မူတွေ ပြုလုပ် ခဲ့ပါတယ်။ စာမေးပွဲ စည်းမျဉ်း စည်းကမ်း အရ ကြီးကြပ်ရေးမှုးမှ လွဲပြီး မည်သူ တစ်ဦး တစ်ယောက်မှ စာမေးပွဲ ခန်းထဲကို ၀င်ခွင့်မရှိပါဘူး။ ဒီကိစ္စကိုလည်း တောင်ကုတ်မှ တာဝန်ကျ ဆရာဆရာမတွေ၊ မိဘတွေနဲ့ ကျောင်းသားတိုင်း သိကြပါတယ်။ အမှတ်(၁)အခြေခံပညာ ဦးစီးဌာမှ တောင်ကုတ်ကို လာစစ်တဲ့ အခါ ဆရာ ဆရာမများရဲ့ ထွက်ဆိုချက်တွေအရ ဒေါ်ခင်ခင်အောင်ရဲ့ အမှားတွေကို အထက်က သိရှိ သွားခဲ့ ပေမယ့် ရန်ကုန်သို့ သွားရောက် ဒေါ်ခင်ခင်အောင်ရဲ့ ဆရာ အမှတ်(၁) အခြေခံ ပညာရေးဌာနမှ ညွန်ကြားရေးမှုး ဦးကိုကိုဇော်မှ အစီရင်ခံစာကို စိတ်ကြိုက်ရေးပြီး အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမူးချုပ် ချူပ်ဗိုလ်မှူးချုပ် ကျော်သူကို တင်လိုက်တာပါ။ ဗိုလ်မှူးချုပ် ကျော်သူကလည်း အဲဒီ အစီရင်ခံစာအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချကာ ဆရာ ဆရာမတွေ အပြစ်ပေး အရေးယူလိုက်ပါတယ်” ဟု တောင်ကုတ်မှ ဒေသခံ ဆရာ တစ်ဦးက ပြောသည်။

ဆရာမကြီး ဒေါ်ခင်ခင်အောင်မှာ ရခိုင်ပြည်နယ် ကျောက်တော် ဇာတိ ဖြစ်ပြီး အမှတ်(၁) ခြေခံပညာရေး ဌာနမှ ညွန်ကြားရေးမှုးဦးကိုကိုဇော် ကျောက်တော်တွင် တာဝန်ကျစဉ် ဆရာမကြီး ဒေါ်ခင်ခင်အောင်အိမ်မှာ နေခဲ့သူ ဖြစ်ကြောင်း သိရသည်။ ၎င်းပြင် ဦးကိုကိုဇော်၏ ဇနီးမှာလည်း ကျောက်တော်သူ ဖြစ်ပြီး ဆရာမကြီးဒေါ်ခင်ခင် အောင်၏ သူငယ်ချင်း ဖြစ်ကြောင်း ဒေသခံ ဆရာက ပြောကြားသည်။

“ အခု အမူကိစ္စ အတွက် ရန်ကုန် သွားရောက်စစ်ဆေး ခံစဉ်မှာလည်း ဒေါ်ခင်ခင်အောင်က ဦးကိုကိုဇော် အိမ်မှာ ပဲတည်းပါတယ်။ အဲဒါကို စဉ်စားကြည့်ရင် သူတို့ ချင်း ဘယ်လို ရင်းနှီးဆိုတာ သိနိုင်ပါတယ်။ ဒေါ်ခင်ခင်အောင် မှားတဲ့ အချက်တွေလည်း အများကြီး ရှိပါတယ်။ ပြဿနာ ဖြစ်ပြီးတဲ့ နောက်မှာ ဘာမှ မပါတဲ့ စာရွက် တရွက်ပေါ် အခန်းစောင့် ဆရာ ဆရာမတွေကို အတင်း လက်မှတ် ရေးထိုးခိုင်းပြီး ကူးချတာ ဟုတ်မှန်ပါတယ်လို့ သူ့ဟာကို သူရေးပြီး အထက်ကို တင်တယ်။ ဆရာ ဆရာမတွေကလည်းအလုပ်ပြုတ်မှာ ကို ကြောက်ပြီး လက်မှတ်ရေးထိုးပေးလိုက်တယ်။ နောက်ဆုံးတော့ ဆရာဆရာမတွေဘဲအပြစ်ပေးခံထိသွားပါ တယ်” ဟု သူက ဆက်ပြောသည်။

တခြားတောင်ကုတ် ဒေသခံ တစ်ဦးကလည်း “ ဒီလို စာရွက်တွေ ယူပြီး ကျောင်းသားတွေ ကူးချ နေတာက တောင်ကုတ် တမြို့တည်းမှာ ဖြစ်နေတာ မဟုတ်ဘဲ တနိုင်လုံးမှာ ဖြစ်နေတာပါ။ ဒီလောက် ခိုးစားနေတဲ့ ခေတ်ကြီးမှာ။ ဒါကို ဆရာမကြီး ဒေါ်ခင်ခင်အောင်က သခင်အားရ ကျွန်းပါးဝ လုပ်ပီး မျက်နာလို မျက်နာရ လုပ်တော့ ဘာမှ မဆိုင်တဲ့ ကျောင်းသားတွေ ကျောင်းထုတ်ခံလိုက်ရတယ်။ နယ်ကလာပြီး အခန်းစောင့်တဲ့ ဆရာ ဆရာမတွေလည်း ဘာမှ မသိလိုက်ဘဲ နယ်ပြောင်းခံရတယ်။ ခုလို ဒေါ်ခင်ခင်အောင်က လုပ်ရပ်ကြောင့် မိမိတို့ လူမျိုးတွေ အတွင်းမှာလည်း တဘက်နဲ့ တဘက် အမြင်တွေ စောင်းသွား ကြတယ်။ စာကူးချရင် စာကူးချတဲ့ သူကို အရေးမယူဘဲ တခန်းလုံးကို ထုတ်ပယ်တဲ့ ဆိုတာက လုံးဝ လက်သင့်ခံနိုင်တဲ့ အနေအထား မရှိဘူး။ ကျွန်တော်တို့ကတော့ ရန်ကုန် ပညာရေး ဌာနက ဆုံးဖြတ်ချက်ဟာ လုံးဝ ဘက်လိုက်တယ်။ ညီမျှမူ မရှိဘူးလို့ မြင်တယ် ။ ဒါကြောင့် ခုလုပ်ရပ် အပေါ်မှာ လုံးဝ လက်မခံနိုင်ဘူး။ လူတွေက တောင်ကုတ်မှာ ဒီလို လုပ်တဲ့ အပေါ် အထူး မကျေမနပ် ဖြစ်နေကြပါတယ်” ဟု ပြောသည်။

၂၀၁၁ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ တောင်ကုတ် အ.ထ.က (ကျောင်းကြီးစင်တာ) စာစစ်ဋ္ဌာနတွင် အ.ထ.က(၄) စစ်တွေဆရာမကြီးဒေါ်ခင်ခင်အောင်၏ မျက်နာလို မျက်နာရ လုပ်မူကြောင့် ကျောင်းသာ ၅၀ မှာ ကျောင်းမှ (၂) နှစ် ထုတ်ပယ်ခံလိုက်ရပြီး ဆရာ ဆရာမ ၄၅ ဦးလည်း တခြားဝေးလံသော ဒေသများသို့ ပြောင်းရွှေ့ခံရသဖြင့် မတရား လုပ်ကြံ ပက်စက်မှု အပေါ် အထူးမကျေမနပ် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

Most read this week