ယခုနှစ်မတ်လကကျင်းပသော ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်၏ နှစ်ချုပ်အစည်းအဝေးအပြီး ဝ ပြည်နယ် အစိုး ရ၏ ဘဏ္ဍာ/အခွန်ဌာနက အိမ်ခွန်၊ ဆိုင်ခန်းခွန် ပြေးဆွဲယာဉ်ခွန်ဆေးပေးခန်း ခွန် ငွေလှဲလှယ် ခွန်များအပြင် အခွန် အသီး သီး စတင် တိုးမြင့်ကောက်ခံလာရာယခုလဆန်းပိုင်းမှ စ၍ ထပ်မံ တိုးမြင့် ကောက်ခံကြောင်းတရုပ်နယ် စပ်မှလာသော သတင်းအရသိရသည်။
“ အရင်က ပန်ဆန်းမြို့ဆိုတာ နေလို့ကောင်းတဲ့နေရာ။ပိုက်ဆံရှာရလွယ်တဲ့နေရာ။ စီးပွါးရေးလုပ်လို့ ကောင်းတဲ့ နေရာပေါ့ ရှင်။ ဒီနှစ်ထဲမှာမှဘယ်လိုလုပ်ပြီးအခွန်တွေတိုးကောက်လာတာလဲမသိ ဘူး။ မတ်လကတိုးကောက် တဲ့ ဈေးနှုန်းလျှော့ ပေးဖို့နေနေသာသာ အခု ထပ်တိုးပြန်တော့ ဈေးသည်တွေ ဒုက္ခရောက်တာပေါ့ရှင်”ငွေလဲ ဆိုင်ပိုင်ရှင်တဦးကပြောသည်။
ဂျွန်လဆန်းကစ၍ ထပ်မံတိုးမြင့်လိုက်သော အခွန်များမှာ ငွေလဲဆိုင်ခွန်၊ ဆေးပေးခန်းခွန်နှင့် ဆေးဆိုင်ခွန် တို့ပါဝင် ကြောင်း အဆိုပါ ငွေလဲဆိုင်ပိုင်ရှင်က ဆက်ပြောပြသည်။
“ ငွေလဲခွန်ကို အစည်းအဝေးမတိုင်မီက တလ ယွမ် ၂၀၀ ပေးရတယ်။ အစည်းအဝေးပြီးတာနဲ့ တလ ၃၀၀၀ ခုန်တက်သွား တယ်။ အခု ၃၀၀၀ ကနေ ၁၀၀၀၀ အထိ ခုန်တက်သွားတယ်။ ကျနော်တို့ရတဲ့ငွေ အခွန်ပေး လိုက်တာနဲ့၊ အသုံးစရိတ်ချန် လိုက်တာနဲ့ ဘာမှမကျန်တော့ဘူး။ ဒါတောင်မှ မြို့ခံဖြစ်နေလို့။ တခြားကလာတဲ့ သူဆိုရင် ဆိုင်ခန်းခ ပေးရမယ်။ နေစရိတ် စားစရိတ်လဲပေးရတယ် ဒီအခွန်နဲ့ ဆိုရင်တော့ ငတ်ဖို့ဘဲ” ဟု၎င်းက ဆက်ပြောသည်။
ဆေးပေးခန်းခွန်ကိုလည်း ယခင် ယွမ် ၅၀ မှ ၂၀၀ ယခု ယွမ် ၆၀၀ အထိ လည်းကောင်း၊ဆေးဆိုင်ခွန်ကို လည်း အလားတူ တလ ယွမ် ၅၀ မှ ၂၀၀ ယခု ယွမ် ၆၀၀ အထိ တိုးမြင့်ကောက်ခံကြောင်း သိရသည်။
ယခုတဖန် အခွန်ထပ်မံတိုးမြင့်ကောက်ခံမှုအပေါ် တခြားဒေသမှလာသော ကုန်သည်များ စီးပွါးရေး လုပ်ငန်း ရှင်များက ငြီးငြူ ဝေဖန် နေကြပြီး တချို့မှာလည်း တပ်ဆုတ်ပြန်ကြရန် ပြင်ဆင်နေကြကြောင်း အဆိုပါ ငွေလဲဆိုင်ရှင်က ဆက်လက် ပြော ပြသည်။
“ထူးခြားတာ ရွှေဆိုင် အခွန်တိုးတာတော့ မကြားရသေးဘူး။ တလ ၅၀၀၀ ကောက်နေတုန်းဘဲ ။ ထပ်ပြီး အခွန်လျှော့ပေါ့ဦး မယ်လို့တောင် ရိုးတိုးရိပ်တိပ် ကြားရတယ်။ လျှော့ပေးရင်တော့ ကောင်းတာပေါ့ဗျာ။ အခုခေတ်က ပိုက်ဆံရှာရအရမ်း ခက်တယ်” ဟု ပုံမှန်ဈေးသည်တဦးကလည်း ပြောပြသည်။
ထိုသို့ အခွန်များ မလျှော့ပေါ့သည့်အပြင် ထပ်မံတိုးမြှင့်ကောက်ခံလာခြင်းအကြောင်းရင်းမှာ ဝပြည် အတွက် မူးယစ်ဆေး မှရသည့်ဝင်ငွေလျှော့သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း နိုင်ငံရေးစိတ်ဝင်စားသည့် စီးပွါးရေးလုပ် ငန်းရှင်တဦးကလည်း ပြော သည်။
ဝ နယ်ရှိဒေသခံလူထုများ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့ရသည်မှာ ယခုနှစ်အတွင်းမှသာမဟုတ်ဘဲ ဝ ပြည်ငြိမ်းချမ်း ရေး အနှစ် ၂၀ ပွဲမတိုင်ခင်ကာလကတည်းကဖြစ်ကြောင်း၊ ဝ ပြည်နယ်အစိုးရဝင်ငွေ အတွက် ဆိုင်ခန်းခွန် တမျိုးတည်း သာ တိုးမြင့်ကောက်ခံခြင်းမဟုတ်ဘဲလိုင်းကားပြေးဆွဲခွန်များလည်း ပါဝင်ကြောင်း၊ ထို့ပြင် ရာဇဝတ်မှုကျူးလွန် သူများအပေါ် တပ် သော ဒဏ်ငွေမှာလည်းအစိုးရသတ်မှတ် ထားသောနှုန်း ထားထက် ၃ ဆမက ပိုကောက်ယူကြောင်း ပန်းဆန်းဒေသခံ အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြဖူးသည်။