သျှမ်းပြည် (မြောက်ပိုင်း) ကချင်တပ်မဟာ ၄ ထိန်းချုပ်ဒေသ လယ်နှင့်တောင်ယာ မလုပ်နိုင်

သျှမ်းပြည် (မြောက်ပိုင်း) ကချင်တပ်မဟာ ၄ ထိန်းချုပ်ဒေသ လယ်နှင့်တောင်ယာ မလုပ်နိုင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေရှိ ကျေးရွာများ၌ ယခု ရက်ပိုင်း မြန်မာ စစ်တပ်ကရှာဖွေစစ်ဆေး မှုများ ပြုလုပ်နေရာဒေသခံများထွက်ပြေးတိမ်း ရှောင် နေရသဖြင့် လယ်နှင့်တောင်ယာလုပ်ငန်း များ လစ်ဟင်းနေကြောင်း သိရသည်။

လွန်ခဲ့သည့် ၄ ရက်ခန့်က စ၍ မြန်မာစစ်တပ်က မူစယ်ခရိုင် တီးမ ကျေးရွာ အုပ်စု  ရွာ ၆ ရွာအတွင်း တစ်အိမ်တက် ဆင်း ရှာဖွေစစ်ဆေး နေသဖြင့် ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်

“ကချင်တပ်မဟာ ၄ အုပ်ချုပ်ထားတဲ့ ရွာတွေမှာ ဗမာတပ်က တစ်ညလုံးကင်းလှည့်နေတယ်။ ရွာဥက္ကဋ္ဌနဲ့ စစ်တပ်က တစ် အိမ် တက်ဆင်း လိုက်ရှာတယ်။ KIA ရှိလား၊ သျှမ်းသူပုန်ရှိလား ဆိုပြီး အရမ်းစစ်ဆေးတော့ ယောက်ကျားတွေ တစ်ယောက်မှ အိမ်မှာမနေရဲဘူး ။ တောထဲ အကုန်ပြေးပုန်းနေရတယ် ” ဟု ဆိုသည်  

အဆိုပါ ကျေးရွာများမှာ တီးမား ၊ နားလုံ ၊ ကုန်းဆာ ၊ မန့်ဟိုင်း ၊ မန့်စန့်နှင့် ကချင်ကျေးရွာ များဖြစ်ကြောင်း သိရသည်။

“အခုအချိန်က လယ်နဲ့တောင်ယာလုပ်တဲ့အချိန်လေ။ ဒီလိုအခြေအနေမှာ လယ်လဲမစိုက်နိုင်ဘူး တောင်ယာလဲ မလုပ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။

ယမန်နေ့က အဆိုပါ တပ်မဟာ ၄ ဒေသတွင် နမ္မတူမြို့ အခြေစိုက် ခမရ ၃၂၄ မှ အရာရှိ တစ်ဦးအပါအဝင် တပ်သား ၆ ဦးကို ကေအိုင်အေက လက်ရဖမ်းမိကြောင်း သိရသည်။

Most read this week