လစ်လပ်နေသော ဆရာ ဆရာမများနေရာသို့ ပြောင်းရွှေ့ကြေး ကျပ် ၅ သိန်းမှ ရသိန်းထိရှိ

လစ်လပ်နေသော ဆရာ ဆရာမများနေရာသို့ ပြောင်းရွှေ့ကြေး ကျပ် ၅ သိန်းမှ ရသိန်းထိရှိ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်လစ်လပ်နေ သော ဆရာ ဆရာမများနေရာများသို့ပြောင်းရွှေ့ လိုသူ တခြားဒေသမှ ဆရာ ဆရာမများ အနေဖြင့် သက်ဆိုင်ရာ ပညာရေးဌာနမှ တာဝန်ရှိသူများကို ကျပ် ၅ သိန်းမှ ရ သိန်းထိ ပေးနေရကြောင်းသိ ရသည်။

Taungup-Road
ထိုကဲ့သို့ ငွေပေးနေရခြင်းကို တောင်ကုတ်မှ ဆရာ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော် တောင်ကုတ်မှာ လွန်ခဲ့တဲ့နှစ် ဆယ်တန်း စာမေးပွဲ စစ်တုန်းက ပြဿနာ ဖြစ်ပွားခဲ့တာ တစ်ခု ရှိတဲ့ အတွက် ဆရာ ဆရာမ အယောက် ၅၀ နီးပါးကို တခြားမြို့နယ်တွေကို ပြောင်းရွှေ့ ပစ်ခဲ့ပါတယ်။ လစ်လပ် နေတဲ့ ဆရာ ဆရာမနေရာတွေကို တစ်ခြားဒေသတွေကို ရောက်နေတဲ့ တောင်ကုတ်မြို့နယ်က ဆရာဆရာမ တွေက ပြောင်းရွှေ့လိုကြတယ်။ အဲသလို ပြောင်းရွှေ့လိုရင် ဆရာ ဆရာမ တစ်ဦး အနေနဲ့ ကျပ် ၅ သိန်းက နေ ရ သိ်န်းထိ အကြားကို ပေးနေကြရပါတယ်” ဟု ပြောသည်။

အဆိုပါငွေများကို မြန်မာနိုင်ငံ အခြေခံ ပညာ ဦးစီးဌာ၊ ပြည်နယ် ပညာရေးမှူးရုံးနှင့် မြို့နယ် ပညာရေးမှူးရုံးမှ ၀န်ထမ်း တစ်ချို့ ဂွင်ရိုက်ကာ လုပ်စားနေကြောင်း သူက ဆက်ပြောသည်။

“ ရန်ကုန် အခြေခံ ပညာ ဦးစီးဌာက ဦးမြင့်ထွေးဆိုတဲ့ ပုဂ္ဂိုလ်က ဆယ်တန်း စာမေးပွဲ စစ်တုန်းက တောင်ကုတ်မှာ ကျောင်းသားတွေကို စောင့်ကြပ်တဲ့ ဆရာ ဆရာမတွေ တာဝန်ပေါ့လျော့မူနဲ့ ဖြစ်ပွားခဲ့တဲ့ ပြဿနာကို စစ်ဆေးဖို့ ရောက်နေတယ်။ သူရယ်၊ စစ်တွေ ပြည်နယ် ပညာရေးမှူးရုံးက ပုဂ္ဂိုလ် တစ်ချို့ရယ်၊ တောင်ကုတ် မြို့နယ် ပညာရေးမှူးရုံး တစ်ချို့ရယ် ပူးပေါင်းပြီး ခုလို တောင်းခံပြီး ကိုယ်ကျိုးအတွက် လုပ်နေကြပါတယ်။”

ယခုအခါ ထိုကဲ့သို့ ဂွင်ရိုက်ကာ ငွေတောင်းခံနေခြင်းကို ပြည်သူများအကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိ နေကြပြီး ဖြစ်ကြောင်းသူက ပြောသည်။

“ ပညာရေး ဌာနမှာ ခုလို လာဒ်ပေး လာဒ်ယူမူတွေ လုပ်နေတော့ မြင်မကောင်း၊ ကြားမကောင်းဘူပေါ့ဗျာ။ ဒီလို လုပ်နေတဲ့ အပေါ် ပြည်သူတွေကလည်း သိနေကြတော့ ပညာရေးဌာနကို ပိုပြီး အထင်အမြင်သေးလာ တာပေါ့။ ခုဆိုရင်တစ်ယောက် စကား တစ်ယောက်နားဆိုသလို လူတော်တော်များက ဒီလို လုပ်နေကြတာကို သိနေကြပါပြီ” ဟု ပြောသည်။

တောင်ကုတ်မြို့နယ် ဇာတိ ဆရာ ဆရာမများမှာ ဝေးလံသော မောင်းတော၊ ဘူးသီးတောင်မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြရာမှ မိမိဒေသ တောင်ကုတ်မြို့နယ်ရှိ လစ်လပ်နေသော ကျောင်းဆရာနေရာ များသို့ ပြောင်းရွှေ့လိုလျှင် သူတို့တောင်းခံသောငွေကို ပေးနေကြရသည်ဟု သိရသည်။

ယခုကဲ့သို့ ဆရာ ဆရာမများ လစ်လပ် သွားခြင်းမှာ ၂၀၁၀-၂၀၁၁ ခုနှစ် ပညာသင်နှစ် ဆယ်တန်းစာမေးပွဲကို တောင်ကုတ် အထက်တန်းကျောင်းတွင် စစ်ဆေးနေစဉ် ကျောင်းသားများ စာကူးချနေသည်အပေါ်အခန်း စောင့် ဆရာ ဆရာမများက ဖမ်းဆီး အရေးယူခြင်း မရှိဟုဆိုကာ စာမေးပွဲကို ကြီးကြပ်ရန်ရောက်ရှိ နေသူ စစ်တွေမြို့မှ ဆရာမကြီး တစ်ဦးဖြစ်သူ ဒေါ်ခင်ခင်အောင်က အထက်ကို တိုင်ကြားခဲ့သည်။ အဆိုပါတိုင်ကြား မူကြောင့် မြို့နယ် ပညာရေးမှူး ဦးထွန်းမြတ်ကို အလုပ်တာဝန်ပေ့ါလျော့မူကြောင့်အငြိမ်းစားပေး လိုက်ပြီး တစ်ခြား ဆရာ ဆရာမ ၅၀ နီးပါးကို မြေပုံ၊ မင်းပြားမြို့နယ်ဘက်သို့ ပြောင်းရွှေ့ ပစ်ခဲ့သည်။

၎င်းနောက်ပိုင်း လစ်လပ်သွားသော ကျောင်းဆရာ ဆရာမ နေရာများသို့ ပြောင်းရွေ့ တာဝန်ထမ်းဆောင် လိုသူများထံမှ ငွေကြေး အဆမတန်ယူကာ ပညာရေး ဌာနမှ တာဝန်ရှိသူများက ဂွင်ရိုက် လုပ်စားနေကြခြင်း ဖြစ်သည်။

Most read this week