ကချင်သို့စစ်ကူသွားမည့် ချင်းပြည်က မြန်မာအစိုးရစစ်သားများ သယ်ဆောင်သည့်ကားမှောက်

ကချင်သို့စစ်ကူသွားမည့် ချင်းပြည်က မြန်မာအစိုးရစစ်သားများ သယ်ဆောင်သည့်ကားမှောက်
by -
ခိုနူမ်ထုန် သတင်းဌာန

ကချင်ပြည်သို့ စစ်ကူအဖြစ်သွားရောက်ကြမည့် ချင်းပြည်နယ် မှမြန်မာအစိုးရစစ်သားများ သယ်ဆောင်သော ဘာစ်ကား တစီး ဇွန်လ ၁၄ ရက်နေ့က တိမ်း မှောက်သောကြောင့် စစ်သား ၄၀ ဦး ဒါဏ်ရာ ရရှိပြီးနှစ်ဦး ဆုံးသွားကြောင်းသိရ သည်။

မြန်မာအစိုးရစစ်တပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(ကေအိုင်အေ)တပ်များ တိုက်ပွဲဖြစ်ပွားရာ မြန်မာ နိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်သို့ စစ်ကူအဖြစ်ပို့ဆောင်မည့် ချင်းပြည်နယ်၊ ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းမှ စစ်သား အင်အား ၈၀ ခန့်သယ်ဆောင်လာသော ရွေခြင်္သေ့ ဘာစ်း ကားသည်  စစ်ကိုင်းတိုင်း ကလေးမြို့မရောက်မီ မိုင် ၄၀ ခန့် ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် တိမ်းမှောက်ခဲ့ပြီး ပေ ၂၀၀ အထိလိမ့် ဆင်းသွားသည်ဟုဒေသခံတဦးကဆိုသည်။

ဒါဏ်ရရ စစ်သားများကို ကလေးမြို့ အောင်သစ္စာရပ်ကွက်၊ ခလရ ၈၉ အနီးတပ်မတော်ဆေးရုံတွင်ပြုစုကု သနေ ကြ ကြောင်း စစ်သား နှစ်ဦးသည်ဆေးရုံရောက်မှ ဆုံးသွားခြင်းဖြစ်ပြီး အရာရှိ တချို့လည်းဒါဏ်ရာ ပြင်းထန်ကြောင်း သိရ သည်။

ဟားခါးမြို့ တပ်မိသားစုအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူတဦးက အဆိုပါစစ်သားများသည် ကချင်ပြည် နယ်သို့ စစ်ကူ အဖြစ်ပို့ဆောင်မည့်စစ်သားများဖြစ်သည်ဟုပြောသည်။ သို့သော်လည်း ခိုနူမ်းထုန်အနေဖြင့် သီးခြားအတည်ပြုချက် မရရှိနိုင်သေးပေ။

ကားဒရိုင်ဗာ ပါထန်းဆိုသူသည် အပြင်းအထန်ဒါဏ်ရာ ရသွားသဖြင် ့မည်သို့ကားမှောက်ရသည်ကို အသေးစိပ် မသိရှိ နိုင်သေးကြောင်း၊ ဘာစ်ကားသည်ရစရာမရှိအောင်ပျက်စီးသွားသည်ဟု ဒေသခံ မျက်မြင်တဦးကပြောသည်။

အဆိုပါဘာစ်ကားသည် စစ်သားများပို့ဆောင်ရန် ချောဆွဲထားသောပုဂ္ဂလိကပိုင်ဘာစ်ကားဖြစ်သည်ဟု ဟားခါးဒေသခံ တဦးကပြောသည်။

“ စစ်သားတွေဟာ ဟားခါး- ကလေးမြို့ပြေးဆွဲနေတဲ့ ပုဂ္ဂလိကပိုင်ရွှေခြင်္သေ့လိုင်းကားကို ချောဆွဲကြတယ်၊ သူတို့က လက်နက်အပြည့်အစုံနဲ့ပေါ့ ၊ဗိုလ်မှူးကြီးတဦးလည်းပါတယ်” ဟု သူကပြောသည်။

မြန်မာစစ်အစိုးရ နှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲ ဖြစ်ပွား ခဲ့ ခြင်းဖြစ်သည်။ တိုက်ပွဲကြောင့် ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ဝိုင်းမော် တို့မှ ရွာသားများသောင်းချီ တရုတ် နယ်စပ်ဘက်သို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုသိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) နှင့် မြန်မာစစ်အစိုးရတို့ ၁၇ နှစ်အကြာငြိမ်းချမ်းရေးယူပြီး နောက် တိုက်ပွဲ များပြန်လည်ပေါ်ပေါက်လာခြင်းဖြစ်သည်။

Most read this week