ကချင်ဒေသခံ ၂ သောင်းခန့် တရုတ်နယ်စပ်ဘက် စစ်ရှောင်

ကချင်ဒေသခံ ၂ သောင်းခန့် တရုတ်နယ်စပ်ဘက် စစ်ရှောင်
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIAနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့် ကချင်ဒေသခံ ၂ သောင်းခန့် ယနေ့နံနက်ပိုင်းတွင် တရုတ်နယ်စပ်ဘက် ထွက်ပြေးရောက်ရှိလာကြောင်း သိရသည်။

kokang_refugee_group_305_zကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့အနီး တစ်ဝိုက်ရှိ ကျေးရွာသားများသည် နှစ်နိုင်ငံနယ်စပ်မြို့ လွယ်ဂျယ် တစ်ဘက်ကမ်း တရုတ်ပိုင် လားရင်းဒေသဘက် ထွက်ပြေးလာသည်ဟု ဒေသခံများက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။

လွယ်ဂျယ် ကျောင်းထိုင် ဆရာတော်တစ်ပါးက“ ဒီနေ့မနက်ပြေးလာကြတာ ၂ သောင်းလောက်ရှိမယ် လွယ် ဂျယ်မြို့ပေါ်နဲ့ လွယ်ဂျယ်နားက ရွာတွေက အများဆုံး”ဟု ပြောသည်။

လွယ်ဂျယ်မြို့နယ် အတွင်းရှိ ကျေးရွာများဖြစ်သည့် ဝင်းဟိုင်း ၊ အုံလုံ ၊ မန့်လင် ၊ ကုန်းဆာ ၊ လွယ်ဂျယ် ၊ မန့် ကောင်း ၊ တုံ့ဟုန်းနှင့်နောင်းပုံရွာများမှ ဒေသခံများ ဖြစ်ကြောင်း သိရသည်။

နောက်ထပ်ဒေသခံတစ်ဦးက “ အခုအခြေအနေက သဲသဲလေးပဲကျန်တော့တယ် တံတားတွေလည်းချိုး လိုက်ပြီ ကား အသွားအလာ လုံးဝမရှိတော့ဘူး စစ်ဖြစ်မှာ စိုးရိမ်တာလည်းပါတယ်  ကေအိုင်အေ ကလည်း ဒီနားမှာရှိတဲ့ရွာတွေမှာ ယောက်ကျားတွေကို ပြည်သူ့စစ် မလုပ်မနေရ လိုက်ကောက်နေတယ် ကြောက်လို့ ပြေးကြတာပေါ့ ” ဟု ဆိုသည်။

တရုတ် - မြန်မာနယ်စပ် တစ်လျှောက်တွင် တရုတ်လုံခြုံရေး ယခင်ထက် အင်အားတိုးမြှင့်ချထားသော် လည်း နယ်စပ်နေ ပြည်သူများအတွက် နယ်စပ် အဝင်အထွက်မခက်ခဲကြောင်း သူက ဆိုသည်။

ယခုအခါ KIA ဋ္ဌာနချုပ်လိုင်ဇာမြို့ခံများလည်း တရုတ်နိုင်ငံဘက် ပစ္စည်းများရွေ့ပြောင်းနေကြောင်းသိရ သည်။

Most read this week