လက်နက်နှင့် ပန်ဆေးပြည်သူ့စစ် အဖွဲ့ဝင်နှစ်ဦးကို တရုတ်ရဲဖမ်း

လက်နက်နှင့် ပန်ဆေးပြည်သူ့စစ် အဖွဲ့ဝင်နှစ်ဦးကို တရုတ်ရဲဖမ်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့မှ တရုတ်ပိုင် ကျယ်ဂေါင်နယ်စပ်မြို့သို့လက်နက်နှင့်ဝင်လာသွား သော ပန်ဆေး ပြည်သူ့စစ် အဖွဲ့ဝင် နှစ်ဦးအား ယမန်နေ့ညနေ ၄နာရီခန့်ကတရုတ် အာဏာပိုင် များဖမ်းဆီးလိုက် ကြောင်း သိရသည်။

ပါဂျဲရိုးကားစီး၍ မန်ဝိန်းကြီးဂိတ်ပေါက်မှ ဝင်လာခြင်းဖြစ်ပြီး တရုတ်အာဏာပိုင်များ ရှာဖွေစစ်ဆေးရာပစ္စတို လက်နက်ငယ် နှစ်လက်တွေ့ရှိသဖြင့် ဖမ်းဆီးထားကြောင်း ကျယ်ဂေါင်မြို့ခံမြန်မာတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ပါဂျဲရိုးကားစီးပြီးပန်းဆေးပြည်သူ့စစ်အဖွဲ့ဝင်နှစ်ယောက်မန်ဝိန်းကြီးအပေါက်က ဝင်လာတာအရာရှိလား တပ်ဖွဲ့ ဝင်တွေ လား မပြောတတ်ဘူး သက်ဆိုင်ရာတရုတ်ရဲတွေ ရှာဖွေတော့ အမ် ၂၀ ပစ္စတို ၂ လက် တွေ့တယ် လူရောကား ရော ဖမ်းထားလိုက်တယ်” ဟု ဆိုသည်။

တရုတ်ပိုင်နယ်မြေအတွင်း ၎င်းပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး လက်နက်ကိုင်ဆောင်ဝင်ရောက်သည့် အကြောင်း ရင်း မသိရ သော်လည်း လတ်တလော တရုတ် - မြန်မာနယ်စပ် တစ်လျှောက် တရုတ်အာဏာပိုင်များ လုံခြုံရေး တိုးမြှင့်ထား ကြောင်း သိရသည်။