ရမခ တိုင်းအောက်အကြီးအကဲများအား သျှမ်းပြည်တိုင်းချုပ် ခေါ်ယူတွေ့ဆုံ

ရမခ တိုင်းအောက်အကြီးအကဲများအား သျှမ်းပြည်တိုင်းချုပ် ခေါ်ယူတွေ့ဆုံ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တိုင်းချုပ် ဒု ဗိုလ်ချုပ်ကြီးအောင်သန်းထွဋ် (ရမခ) အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာချုပ်၌ အရာရှိ အကြီး အကဲများခေါ် ယူတွေ့ဆုံကာ သျှမ်းပြည် တပ်မတော် SSPP/SSA အားထိုး စစ်ဆင်တိုက်ခိုက် နေမှုနှင့် ပတ်သက်၍ပြောဆိုဆွေးနွေးဖွယ်ရှိကြောင်း စစ်တိုင်းရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းကပြော သည်။

“SSPP/SSAကို အပြတ်တိုက်ဖို့ရှိတယ်လို့ ထွက်နေတဲ့သတင်းအတိုင်း ဒီတပတ်နှစ်ပတ်ထဲမှာ အပြင်းအထန် တိုက် လာတာတွေ့ရတယ်။ ဘာအကြောင်းဆွေးနွေးလဲ သူတို့လျှို့ဝှက်ထားပေမယ့် ဝမ့်ဟိုင်းအဖွဲ့ကိုဆက်လက် တိုက်စစ် ဆင်တဲ့ ကိစ္စဖြစ်နိုင်တယ်” ဟု  အဆိုပါပုဂ္ဂိုလ်က ပြောသည်။
Aung_Than_Ttut
ဂျွန်လ ၁၃ ရက်က  ရမခ တိုင်းရုံး၌ တိုင်းချုပ်က တိုင်းမှူး ဗျူဟာမှူးများအား ခေါ်ယူတွေ့ဆုံခြင်းဖြစ်သည်။

ယခုလဆန်းက မိုင်းကောင်တိုက်နယ်တောင်ဖက် ရ မိုင် သျှမ်းတပ်စခန်းအား ဓါတုလက်နက်သုံး၍တိုက်ခိုက ်ခြင်း၊ ၁၂ ရက်နေ့က စိန်ကျော့အုပ်စုအနီး ကောင်းစမိန်းကုန်းရှိ သျှမ်းတပ်အား လက်နက်ကြီးသုံး၍တိုက်ခိုက် ခြင်းတို့ကို ကြည့်ခြင်းအားဖြင့် သျှမ်းနှင့်မြန်မာစစ်တပ်တိုက်ပွဲမှာ ရပ်မည့်အခြေအနေမတွေ့ရသေးဘဲ သျှမ်းပြည်တပ်မတော် လှုပ်ရှားသည့် တန့်ယန်း၊ မိုင်းရယ် ၊ လားရှိုးနှင့်ပတ်ဝန်းကျင်တွင်မြန်မာစစ်တပ်မ ထိန်းချုပ်နိုင်သည့် နေရာမရှိစေရန် ရှေ့ဆက် တိုက်ခိုက်သွားနိုင်ခြေရှိကြောင်း သျှမ်းပြည်တပ်မတော်မှ တပ်မှူးတဦးကလည်းပြောပြသည်။

“ ၃ ရက်နေ့က ရ မိုင် တပ်စခန်းကိုဝင်တိုက်တုံးက သူတို့သုံးတဲ့ ဓါတုလက်နက်ကိုရှူမိတဲ့ ဗိုလ်တယောက် တပ်ကြပ် ကြီး ၂ ယောက် ဒီနေ့ထိ ခံစားနေရတယ်။ ဝမ်းလျှောတာမရပ်ဘူး။ အားပြတ်တယ်။ဘာကျွေးကျွေး မစားဘူး။ ရေဘဲ တောင်းသောက်တယ်။ ချောင်းဆိုးလဲမရပ်ဘူး။ သူတို့ကို နိုင်ငံခြားထုတ်ကုဖို့လမ်းရှာနေ တုန်း”  ဟုလည်း ဌာနချုပ်ရှိ အဆိုပါတပ်မှူးကသျှမ်းသံတော်ဆင့်သို့ ပြောသည်။

SSPP/SSA အား မြန်မာစစ်တပ်က ထိုသို့အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်းသံလွင်အရှေ့ခြမ်း ရှိ ဝ ၊ မိုင်းလားတပ်တို့အပေါ် ဂယက်ရိုက်ခတ်မှုမရှိသေးဘဲ ၎င်းတို့၏ ဆက်ဆံရေးမှာလည်း ထူးခြားမှုမရှိသေးဟု ဝ တပ်ဖွဲ့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

“ ဝ နဲ့ သျှမ်းနဲ့က အခြေအနေချင်းမှမတူတာ။  ဝ တပ်က သူတို့ဌာနချုပ်က တရုတ်နယ်စပ်မှာရှိတယ်ဆိုတော့  တရုတ်ကမီးစိမ်းပြမှဖြစ်မယ်လေ။ ဆိုတော့ ဝ နဲ့ တိုက်ဖို့ ခိုက်ဖို့ဆိုတာ မြန်မာအတွက်လွယ် မှာ မဟုတ်ဘူး ” ဟု လည်း လူလတ်ပိုင်း ဝ အမျိုးသားတဦးက ပြောသည်။

သျှမ်းပြည်တပ်မတော်အား မြန်မာစစ်တပ်က ရမခ၊ ရပခ တိုင်းအောက်မှ တပ်ရင်း ၂၀ ရင်းအင်အားသုံးကာ ၃ လတာ ကာလကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှ ယနေ့မနက်ပိုင်းတွင်လည်း လားရှိုး-ကျေးသီးမှ စစ်အင်အား ၃-၄ ရင်းခန့် ဝမ့်ဟိုင်းဌာနချုပ်ဖက်   ထပ်မံဖြည့်တင်းနေကြောင်း ရမခ တိုင်းရုံးနှင့် နီးစပ် သည့် ပုဂ္ဂိုလ်က ပြောသည်။

Most read this week