ချင်းမိုင် (မဇ္စျိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ကိုယ်ပိုင်ပြဌာန်းရေးအတွက် လက်နက်ဆွဲကိုင် တိုက်ပွဲဝင်လာခဲ့သည်မှာ ၆၄ နှစ် ရှိပြီဖြစ်သည်။ တဘက်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှသည် ဦးသိန်းစိန် အစိုးရအဖြစ် နေပြည်တော်တွင် ပြောင်းလဲသွားခဲ့ချိန်လည်း ဖြစ်သည်။
(KNU ဒုဥက္ကဌ ပဒို ဒေးဗစ်သာကပေါနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္စျိမ) ။ ။ ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် ကိုယ်ပိုင်ပြဌာန်းရေးအတွက် လက်နက်ဆွဲကိုင် တိုက်ပွဲဝင်လာခဲ့သည်မှာ ၆၄ နှစ် ရှိပြီဖြစ်သည်။ တဘက်ကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှသည် ဦးသိန်းစိန် အစိုးရအဖြစ် နေပြည်တော်တွင် ပြောင်းလဲသွားခဲ့ချိန်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသတွင် သေနတ်သံများက မစဲသေး စစ်မှန်သော၊ ငြိမ်းချမ်းရေးကလည်း အလှမ်းဝေးနေဆဲပင် ဖြစ်သည်။
အမျိုးသားအခွင့်အရေးအတွက် ရုန်းကန်နေရသော KNU အတွက် နိုင်ငံရေး အခင်းအကျင်းအသစ်၊ ပထဝီနိုင်ငံရေးက ဘယ်လောက်ထိ ရိုတ်ခတ်မှုရှိနိုင်မလဲ။ အပြောင်းအလဲဖြစ်လာလေမလဲ စိတ်ဝင်စားဖွယ် ကောင်းလှသည်။
မြန်မာအစိုးရအဆက်ဆက် အဓိက ရန်သူတဖွဲ့ဖြစ်နေခဲ့သော၊ ထိုင်း-မြန်မာနယ်စပ်တွင် အင်မတန်မှ အရှိန်အဝါ ကြီးမားခဲ့သော KNU ၏ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါကို မဇ္ဈိမသတင်းထောက် ကျော်ခက ဆက်သွယ်
မေးမြန်းထားသည်။
ဒေးဗစ်သာကပေါမှာ NDF ခေါ် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုတွင် ဥက္ကဋ္ဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
နေပြည်တော်မှာတော့ အစိုးရသစ်ရယ်လို့ ပြောင်းသွားပြီလို့ သူတို့ကိုယ်သူတို့ပြောကြတယ်။ အရင်အဟောင်းနဲ့ အခုအသစ်က ဘာတွေပြောင်းသွားတယ်လို့ ထင်လဲခင်ဗျ။ KNU အပေါ်မှာကော ဆက်ဆံရေးပြောင်းသွားလား။
“အပြောင်းအလဲကတော့ မတွေ့ရဘူး၊ အဓိက ပေါ်လစီက
ပြောင်းလဲမှုမရှိဘူး။ စစ်ဗိုလ်တွေက အရပ်ဝတ် ပြန်ဝတ်ပြီးတော့ အုပ်ချုပ်နေတာပဲ။ စစ်အစိုးရလက်ထက်က အာဏာရှင်စနစ်ရဲ့
ပေါ်လစီအတိုင်းပဲ။ သူတို့က တိုင်းပြည်ကို တပြည်ထောင်စနစ် အရင်က ပဒေသရာဇ် ခေတ်က အစွဲအလန်းတွေနဲ့ လက်တဆုပ်စာ လူတစု ကောင်းစားရေးပေါ့လေ။ ဗိုလ်ချုပ်တွေ ကောင်းစားရေး လမ်းစဉ်ပဲလုပ်နေတာ။ ပြည်သူတွေအတွက် ဘာမှ ဦးစားပေး လုပ်ဆောင်နေတာ မတွေ့ရဘူး။ အာဏာအခြေခံဖြစ်တဲ့ စစ်တပ် ကြီးထွားရေးနဲ့ လက်တဆုပ်စာ ဗိုလ်ချုပ်တွေ ကောင်းစားရေးအတွက်ပဲ ဦးတည်လုပ်နေတယ်လို့မြင်ပါတယ်”
ကရင့်တော်လှန်ရေး နှစ် ၆ဝ ကျော်ခဲ့ပြီ။ ဦးသိန်းစိန်လက်ထက်မှာ စေ့စပ်ညှိနှိုင်းရေး လုပ်ဖို့
ကေအန်ယူအနေနဲ့ ဆန္ဒရှိလား။
ကျနော်တို့ ကရင်လူထုက အဲဒါတော့ အပြည့်အဝ ထောက်ခံတယ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည့်အဝ ထောက်ခံ တယ် |
“KNU ကတော့ အရင်အတိုင်းပဲ ဆန္ဒရှိပါတယ်။ အဆက်ဆက်သော အစိုးရနဲ့ ၅ ကြိမ်တွေ့ခဲ့ပြီးပြီ ဒါပေမယ့် သူတို့က မှန်မှန်ကန်ကန် ဖြေရှင်းတာမဟုတ်ဘူး။ သူတို့က သူတို့စိုးမိုးရေးပဲ ပြည်ထောင်စုမဟုတ်ဘူး။ တိုင်းပြည်ကိုု တလက်ကိုင်ပဲ အဲဒီသဘောမျိုးသူတို့က လုပ်ချင်တာ။ လက်နက်ချရေးတမျိုးပဲ အတင်းလုပ်နေတာ။ အဲဒါကြောင့် အဆင်မပြေဘူး”
“ကျနော်တို့က ငြိမ်းချမ်ရေးရရင်တောင် သူတို့ စစ်တပ်က အစွန်းသမားတွေ ဥပမာ အလယ်အလတ်သမား Moderate တွေက ကျနော်တို့နဲ့ စေ့ဆပ်ဆွေးနွေးလို့ ရသည့်တိုင်အောင် အစွန်းသမားတွေက ရှိနေမှာပဲ”
အစိုးရအဆက်ဆက် ဆွေးနွေးညှိနှိုင်းလာခဲ့တာ ၅ ကြိမ်ရှိပြီ အဆင်မပြေဘူးဆိုတော့ အဆင်ပြေဘို့ အတွက် ဘယ်လို ညှိနှိုင်းမှုမျိုးတွေ လိုအပ်မလဲခင်ဗျ။
“အဆင်မပြေဘူးဆိုတာက ကရင်က ပြည်တွင်းစစ် (ဦး) နေဝင်းက စခဲ့တာပဲ ဦးနုလက်ထက်မှာ။ နေဝင်းက မဟာလူမျိုးကြီး ဝါဒသမား အရူး၊ အဲဒီကနေ စခဲ့တာ။ ဒါပေမယ်လို့ သူတို့ ဝါဒဖြန့်တဲ့အထဲမှာတော့ ကရင် ကပဲ စတိုက်သလိုလိုနဲ့ ကျနော်တို့ကို အတိဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ ညစ်ပတ်တော့တာပဲ”
“အမေရိကန်ဆီက လက်နက်ယူတယ်။ နေဝင်းက ၆၂ မှာ အာဏာသိမ်းပြီးတော့ လက်နက်အကြီးအကျယ် ယူပြီးတော့ တိုင်းရင်းသားတွေကို နှိမ်ပစ်တယ်။ ကရင်တဦးတည်းတင်မဟုတ်ဘူး တခြားလူတွေလည်း ကိုယ့်အခွင့်အရေးကို ကာကွယ်ကြတယ်လေ။ ကာကွယ်ကြတဲ့ အခါကျတော့ နေဝင်းက ဘာလုပ်လဲ အမေရိကန်တွေဆီက အကူအညီတွေ ယူတယ်။ အမေရိကန်က ကွန်မြူနစ်တိုက်မယ်ဆိုတော့ အဲဒီတုန်းက စစ်အေးကာလ။ သူယူတာက ကွန်မြူနစ်လည်း တိုက်မယ်၊ တိုင်းရင်းသားတွေကိုလည်း ချေမှုန်းပစ်မယ် စတုတ္ထ မြန်မာနိုင်ငံတော် ထူထောင်မယ်ဆိုတာ သူတို့ ပြောပြောနေတာ”
“ဟိုးအရင်တုန်းကတော့ ရှိခဲ့တာပေါ့ဗျာ ပထမမြန်မာနိုင်ငံတော်ဆိုတာ ပုဂံပတ်ဝန်းကျင်မှာပဲ ရှိခဲ့တာပဲ။ တခါ ဒုတိယ မြန်မာနိုင်ငံတော်ဆိုတာလည်း တောင်ငူနဲ့ ပုဂံ ပတ်ဝန်းကျင်ပဲ၊ တတိယ မြန်မာနိုင်ငံတော်ကြတော့ မွန် ပြည်နယ်ကို သိမ်းတယ်ဗျာ။ မွန်တွေကို မျိုးဖြုတ်ပစ်တယ်ဗျာ။ မွန်ကအခုဘာဖြစ်နေလဲ တတိယ အနည်းဆုံး လူနည်းစုဖြစ်သွားတယ်”
“အခုကြည့်လေ နေပြည်တော်မှာ အနော်ရထာတဲ့၊ နောက်ပြီးတော့ ဘုရင့်နောင်တဲ့၊ အလောင်းဘုရားတဲ့။ အဲဒါတွေကို သူတို့က ရုပ်ထုကြီးတွေထုပြီးတော့ ကိုးကွယ်နေကြတာလေ။ အဓိကကတော့ အလောင်းဘုရား လမ်းစဉ်ပါပဲ။ ခင်ညွှန့်တို့ လာတုန်းကလည်း အဲဒီပုံစံပဲ ။ တဖြည်းဖြည်းလက်နက်ချသွားဖို့ အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဘာညာပြောတာက မဟုတ်ဘူး။ တော်လှန်ရေးမှာ အကုန်လုံး အင်အားတွေ ကွဲအောင်ချော့တယ်၊ ချောက်တယ်၊
မြှောက်တယ်။ နောက်ပြီးတော့ လိမ်ညာမှုတွေနဲ့ပေါ့ဗျာ။ မစားရ ဝခမန်းပေါ့ဗျာ။ အဲသလို မက်လုံးတွေပေးပြီးတော့ အခုဟာ ကွဲကုန်တာပေါ့။ သဘောထားတွေကွဲတော့ လုပ်ငန်းတွေလဲကွဲကုန်တာပေါ့”
နေပြည်တော်ဘက်ကကော KNU ကို ချဉ်းကပ်တာမျိုးတွေ၊ ဆက်သွယ်လာတာမျိုးတွေ လုပ်လာတာရော ရှိလားခင်ဗျ။
“ဒီအစိုးရသစ်တက်ပြီးမှမရှိဘူး သူတို့က ကရင်ပြဿနာက ကရင်ပြည်နယ်ပြဿနာလို့ လုပ်ချင်တယ်။ အခု ကရင်ပြည်နယ်မှာ ရွေးခံရတဲ့ အမတ်တွေပေါ့ဗျာ။ စကားပြောချင်တယ်တို့ Peace Council တို့ အဲဒါမျိုးတွေ လုပ်နေကြတယ်။ KNU ဆိီကို ဘုန်းကြီးတွေဘာတွေ လွှတ်မယ်ထင်တယ်။ ဘုန်းကြီးတွေ ဘာသာရေးသမားတွေကို လွှတ်မယ့်ဆိုတဲ့ အကြံအစည်တွေ ရှိတယ်လို့ ကျနော်တို့ ကြားနေတယ်”
“ကျနော်တို့လုပ်နေတာ ကရင်ပြည်နယ်တခုတည်း အတွက် ငြိမ်းချမ်းရေးလုပ်နေတာမဟုတ်ဘူး။ တနိုင်ငံလုံး ရှိတဲ့ လူမျိုး အားလုံးအတွက်လုပ်နေတာ”
နိုင်ငံရေး အခြေအနေအသစ်၊ ထိုင်းက ထားဝယ်စီမံကိန်းလုပ်ချင်တယ်၊ စီးပွားရေးပိုတိုးချဲ့လုပ်ဖို့ အာရုံစိုက်တဲ့သူတွေလည်း ရှိနေတယ်။ နေပြည်တော်က အရပ်သားအစိုးရဆိုပြီးပြောနေတယ်။ ဒီလိုအခြေအနေမှာ KNU အနေနဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ကြုံလာရပြီလားခင်ဗျ။
“မကြံုရပါဘူး။ ဘိတ်-ထားဝယ်က စျေးပေါပေါနဲ့ ရောင်းတာပေါ့ဗျာ။ စျေးပေါတယ်ဆိုတော့လည်း ဝယ်ထားလိုက် တာပေါ့။ ဒါပေမယ့် စီမံကိန်းကြီးက နည်းတဲ့ စီမံကိန်းကြီးမဟုတ်ဘူး။ ကျနော်တို့ သိရသလောက်တော့ အဲဒီ့စီမံ ကိစ္စအတွက်ပိုက်ဆံပေးမယ့်လူမရှိဘူးလို့ ကျနော်တို့ကြားတယ်”
“ဒါတွေဟာ တနည်းအားဖြင့် ဒေသခံတွေ့ရဲ့ သယံဇာတတွေ လယ်မြေတွေ၊ ကိုအသုံးပြုတာ အဲဒါက အစိုးရ လယ်မြေတွေမှမဟုတ်တာ ပြည်သူတွေရဲ့လယ်မြေတွေလေ။ အစိုးရက ပဒေသရာဇ်ခေတ်ကလို မြေပေါ်မြေအောက် အကုန်လုံးပိုင်ချင်တယ်လေ။ ကျနော်တို့အတွက်တော့ ဒီအတွက်အကျပ်အတည်း မတွေ့ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အဲဒီလုပ်ငန်းလုပ်ဖို့က ပိုက်ဆံပေးမယ့်လူမရှိဘူး။ IMF တို့ World Bank တို့ ကပိုက်ဆံ မပေးချင်ဘူး။ တရုတ်တောင် မပေးချင်ဘူး။ တိုင်းပြည်က ငြိမ်းချမ်းမှုက တည်တံ့မှုမရှိဘူး။ သူတို့ ဒီလိုလုပ်နေရင်တော့ တဘက်သတ်ပေါ့ဗျာ”
KNU က အရင်တုန်းက ကွဲသွားခဲ့တဲ့ DKBA တွေနဲ့ပြန်ပေါင်းစည်းနေတာမျိုးေတွတွေ့ရတယ်။ မဲသဝေါလိုဟာမျိုးမှာ DKBA ကသစ္စာဖေါက် လို့ KNU ရဲ့နေရာအတော်များများ ဆုံးရှုံးခဲ့ရတယ်ဆိုတော့ အခုရော သူတို့ကို ယုံကြည်ရမယ်လို့ ထင်လားခင်ဗျ။
“ဒါကတော့ ဒီလိုပါ။ သူတို့က အမြင်မှန်ရလာတယ် ဆိုပါတော့ဗျာ။ ဒါက စစ်ကြည့်ရမှာပေါ့။ သူတို့က အခုမှ အလိမ်ခံရတဲ့ ဘဝရောက်လာခဲ့မှန်းသိလာတဲ့အခါကြေတာ့ ပြန်လာချင်တဲ့သဘောပဲ။ စစ်တပ်ကို ပြန်တိုက်မယ်။ တချိုု့လည်း တိုက်နေပြီပေါ့။ အခုဟာ မြိုင်ကြီးငူဘက်ကလည်း ပြန်လာချင်တယ်”
“အဲဒီလူတွေက ဘာမှ နိုင်ငံရေး သဘောတရား နားလည်တာမဟုတ်ဘူး။ စစ်တပ်က ဘာသာရေးနဲ့ ရန်တိုက် KNU က ကွဲအောင်လုပ် အခုတော့ အရင်က ပေးထားတဲ့ အခွင့်အရေးတွေ မရတော့ဘူးလေ။ စစ်ကျွန်ဘဝပဲ ပြန်ရောက်နေတဲ့ အခါကြတော့ အခြေအနေမှန်ကို သဘောပေါက်ပြီး အခု သိန်းစိန် လက်ထက်ထိ သူတို့ ပြန်တိုက်နေတာ ပေါ့ဗျာ”
အခု KNU၊ DKBA၊ ABSDF တို့ မဟာမိတ်ဖွဲ့ြ့ပီး မာနယ်စိုး စစ်ဆင်ရေးဆိုပြီး ပူးပေါင်းလုပ်နေကြတာရှိတယ်။ အဲဒီ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်က ဘာလဲခင်ဗျ။ ထိုးစစ်ကို ဦးတည်လား ခုခံစစ်အတွက်လား။
“အဓိကကတော့ ခုခံစစ်ပါပဲ။ ကျနော်တို့နယ်မြေမှာ ခုခံစစ်ကိုလည်း သူတို့ နိုင်မှာမဟုတ်သလို သူတို့ထိုးစစ်လုပ်လည်း သူတို့ နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ်လို့ ထိုးစစ်သွားဖို့ဆိုတာက တိုင်းရင်းသားတွေ အားလုံး ညီညွတ်ဖို့ လိုတယ်။ အခုဟာကတော့ ကိုယ့်နယ်မြေထဲမှာ ရှိတဲ့ ရန်သူကို ပြန်တွန်းထုတ်ဖို့ပေါ့”
ကိုယ့်ဘက်က နယ်မြေစိုးမိုးနိုင်မှုတွေ မရှိရင် နိုင်ငံရေးအရ နိုင်ငံရေးအရ စကားပြောနိုင်မယ့် အနေအထားမျိုးတွေ ရှိလာနိုင်ပါ့မလားခင်ဗျ။
“နယ်မြေစိုးမိုးမှုဆိုတော့ ရန်သူလည်း နယ်မြေစိုးမိုးမှုမှ မရှိတာ။ သူတို့ကို ပြည်သူလူထုထောက်ခံမှုကမရှိပါဘူး။ သူတို့က အတင်းအားဓမ္မလုပ်ယူတာပဲ။ တပါတီစနစ် ဆန်ဆန်လုပ်သွားတာပဲ။ ဘယ်သူမှ ထောက်ခံမှု မရှိပါဘူး။ အဲဒီတော့ အစိုးရသလားဆိုတော့ တကယ်တမ်းကြတော့ အစိုးမရပါဘူး။ ပြည်သူတွေရဲ့ ယုံကြည်မှုမရဘူး။ အချိန်မရွေး ပြည်တွင်းမှာ ဆူပူမှုဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အာရပ်နိုင်ငံတွေမှာ အာဏာရှင် စနစ်တွေကို ပြန်ပြီးတော့ ဆန့်ကျင်နေပြီ။ အဲဒါတွေက ကူးစက်လာမှာပဲ”
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တပ်ပေါင်းစု UNFC လိုဟာမျိုး တဖက်မှာပေါ်လာတယ်။ သူတို့ရဲ့ အဓိက လိုလားတာက စုစည်းမှုကနေ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုအသစ် နေပြည်တော်နဲ့ လုပ်နိုင်ဖို့ ဖြစ်လိမ့်မယ်လို့ ပြောကြတာတွေရှိတယ်။ တဖက်မှာလည်း KNU DKBA တို့ ပူးပေါင်းပြီး စစ်တိုက်ချင်တယ်။ လိုင်း ၂ ခု ဟန် ဖြစ်နေတယ်ဆိုရင် ဖထီးအနေနဲ့ သဘောတူလား။
မဖြစ်ပါဘူး။ ကျနော်တို့ကလည်း ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဘို့ အဆင်သင့်ပဲ။ ဒါပေမယ့် သူတို့က လာပြီးကျူးကျော်ပြီးတော့ ပြည်သူတွေကို နှိပ်စက်တဲ့စစ် ကျနော်တို့က ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့စစ်ပဲ။ ကျနော်တို့ ဖြစ်စေချင်တာကတော့ အပစ်အခတ်ရပ်စဲရေး တပ်တွေပြန်ဆုတ် မြန်မာတပ်တွေ ပြန်ဆုတ်ပေါ့ဗျာ။ အဓိက သူတို့ပဲ သူတို့က အင်ပါယာ တပ်ကြီး အဲဒီအင်ပါယာ တပ်ကို ပြန်ဆုတ် အဲဒါမျိုးတွေပေါ့ဗျာ အဲဒါမျိုးတွေ ဖြစ်စေချင်တယ်”
ဝေဖန်ကြတာတွေရှိတယ်။ တိုင်းရင်းသားအဖွဲ့တွေမှာ ခေါင်းဆောင်တွေဟာ အဖွဲ့တွေ ၄-၅ ဖွဲ့ ဖွဲ့ပြီး တာဝန်ယူကြတာတွေဟာ တော်လှန်ရေး အတွက် ထိရောက်မှုလျော့မသွားနိုင်ဘူးလား။
“အဲဒါတွေက နအဖ အလိုတော်ရိတွေရဲ့ ပြောတဲ့စကားတွေပဲ။ ကျနော်တို့ KNU လမ်းစဉ်က ကရင့်တဖွဲ့တည်းနဲ့ ကရင့်အခွင့်အရေးကို ကာကွယ်လို့မရဘူး ဒါကြောင့် ဒီမိုကရေစီ အင်အားနဲ့လည်း ဆက်စပ်တယ်။ တခြား တိုင်းရင်းသား အင်အားတွေနဲ့လည်း ဆက်စပ်တယ် ကျနော်တို့က မဟာမိတ်က မဖြစ်မနေ ကျနော်တို့က ဖွဲ့ရမယ်”
“နအဖ လိုက်လုပ်သလို ဟိုတကွက် ဒီတကွက် မသမာတဲ့ ပရိယာယ်တွေနဲ့ တိုင်းရင်းသားထဲမှာလည်း နအဖ အလိုတော်ရိတွေရှိတယ်။ နအဖ လိမ်တာညာတာကို အဟုတ်ထင်ပြီးတော့ ချော့တာ ချောက်တာ မြှောက်တာတွေ ရှိတယ်။ အဲဒါတွေကို အဟုတ်ထင်ပြီးတော့ တံလျပ်ကို ရေထင်တာပေါ့ဗျာ အဲဒါတွေလည်း ရှိတယ်။ နအဖ နဲ့ ပေါင်းဖို့ ဆိုပြီးလုပ်တယ် နအဖက ပေါင်းလို့မှမရဘဲ သိန်းစိန် အစိုးရလဲ နအဖနဲ့ မထူးပါဘူး”
“ပထမဆုံး ဂျာမနီက NGO တွေ ၉ဝ လောက်မှာဝင်လာတယ်။ နအဖ နဲ့ပေါင်းပြီး Power Share လုပ်ဖို့ ဆိုပြီးတော့ အဲဒီလမ်းစဉ်ကို ပထမဆုံး သဘောကျသွားတာ KIO ပဲ၊ သူတို့က နိုင်ငံရေး အတွေ့အကြံုမရှိဘူး၊ အဲဒါကို ကျနော်တို့ကိုပဲ ပြောချင်သေးတယ်။ ကရင်တွေဟာ နိုင်ငံရေး ပရိယာယ် မရှိဘူးပေါ့”
သူတို့က အခုမှအလိမ်ခံရတဲ့ ဘဝ ရောက်လာခဲ့မှန်း သိလာတဲ့ အခါကြတော့ ပြန်လာချင်တဲ့သဘောပဲ။ စစ်တပ်ကို ပြန်တိုက်မယ်။ တချို့လည်း တိုက်နေပြီပေါ့ အခုဟာ မြိုင်ကြီးငူဘက် ကလည်း ပြန်လာချင်တယ် |
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံခေါင်းဆောင်တွေက တိုင်းရင်းသားအရေးနဲ့ပါတ်သက်ပြီး တကယ်ပဲ အလေးအနက်ရှိတယ်ထင်လား။
“အဲဒါတော့ ဟုတ်တယ် ။ ကျနော်တို့ ကရင်လူထုက အဲဒါတော့ အပြည့်အဝ ထောက်ခံတယ် ဒေါ်အောင်ဆန်းစုကြည် ကို အပြည့်အဝ ထောက်ခံတယ်။ သူက တကယ်တမ်း ဒီမိုကရေစီကို ပြည်သူ့ ကောင်းစားရေး။ ဒီမိုကရေစီကို ကျနော်တို့ ကလည်း ဒီမိုကရေစီ လိုလားသူတွေ တကယ့် ပြည်ထောင်စု ဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီ အဲဒီအပေါ်မှာ အခြေခံရမှာပဲ။ ကျနော်တို့နဲ့ ဆန့်ကျင်ဘက်ဘာမှ မရှိဘူး”
“သိန်းစိန် အလိုတော်ရိတွေကသာ ဒေါ်စုကပဲ ပြဿနာ
နေဝင်းက မဟာလူမျိုးကြီး ဝါဒသမား အရူး၊ အဲဒီကနေ စခဲ့တာ။ ဒါပေမယ်လို့ သူတို့ ဝါဒဖြန့်တဲ့အထဲမှာတော့ ကရင်ကပဲ စတိုက်သလိုလိုနဲ့ ကျနော်တို့ကို အတိ ဒုက္ခရောက်အောင် နည်းမျိုးစုံနဲ့ ညစ်ပတ်တော့တာပဲ |
လုပ်နေသလိုလို၊ ပြည်ပနိုင်ငံတွေကလည်း Market ဖြစ်စေချင်တယ်။ မြန်မာပြည်မှ ထိုးဖေါက်ချင်တယ်။
နောက်ပြီးတော့ ဂျာမဏီက တရုတ်နဲ့ စီးပွားရေး လုပ်နေတာကိုး။ ဖြတ်ဖို့က ကျနော်တို့ မြန်မာပြည်က
ဖြတ်ရမှာကိုး။ အဲဒီတော့ကိုယ့်ကို လည်ပင်းညစ်မယ့်လူနဲ့ သွားပြီးတော့ ပေါင်းဖက်လို့ဖြစ်မလားဗျ”
“ကျနော်တို့ တိုင်းရင်းသားတွေထဲမှာလည်း လျောက်ပြောတယ်။ မြန်မာပြည် မငြိမ်းချမ်းတာဟာ တိုင်းရင်းသားတွေ
ပြဿနာတဲ့။ နောက်ပြီးတော့ ဒေါ်စုက ပြဿနာတဲ့။ ဒေါ်စုက အကင်းမပါးဘူးပေါ့ဗျာ။ ပြဿနာက ဒေါ်စု မဟုတ်ဘူး။ ဒီစစ်အာဏာရှင် စနစ်ပဲ။ စစ်တပ်ကောင်းစားရေး ဗိုလ်တအုပ်စု ကောင်းစားရေး အဲဒီလမ်းစဉ်ကနေပြီးတော့ တတိုင်းပြည်လုံးကို ပြဿနာ ဖြစ်စေတာအဲဒါပဲ”
နယ်စပ်ဒေသတွေမှာ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဗမာတွေ၊ အတိုက်အခံခေါင်းဆောင်တွေ တကယ်တမ်း သိရဲ့လား၊ စာနာမှု ရှိတယ်လို့ ထင်လား။
“တခြားခေါင်းဆောင်တွေတော့ မသိဘူး။ NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းတင်တို့ ဒေါ်စုတို့က စာနာမှုရှိတယ်။ နားလည်တယ် အရင်က ပြောနေတာပဲ တိုင်းရင်းသားတွေကို ဘာဖြစ်လို့ စစ်ပြုနေရတာလဲ။ စစ်ပြုတာက တခြား မဟုတ်ဘူးလေ။ သူတို့က အင်ပါယာ ထူထောင်ရေးသမားတွေကိုး၊ အခုက အဲဒီခေတ်မဟုတ်တော့ဘူး ၂၁ ရာစု ရောက်နေပြီ အဲဒီလို ကျနော်တို့ကို မတရား ဖိနှိပ်အုပ်ချုပ်ဖို့ လမ်းစဉ် အဲဒီ လမ်းစဉ်က ပြဿနာ ဖြစ်နေတာ”
“အဲဒီတော့ ဒေါ်စုတို့က ကျနော်တို့ကို နားလည်တယ်။ ဒါပေမယ့် ပြတ်ပြတ်သားသားတော့လည်း ဘယ်ပြောရဲမလဲဗျ။ အဲဒါတွေကို တချို့ တိုင်းရင်းသား ခေါင်းဆောင်လို့ခေါ်တဲ့ တိုင်းရင်းသားတချို့က ဒီ ဗမာ (ဒေါ်အောင်ဆန်းစုကြည် အပါအဝင်) တွေက မယုံရဘူးပေါ့ဗျာ။ ဒါပေမယ့် သူတို့တွေက နအဖလိုဟာမျိုးကျတော့ယုံတယ် အဲဒီလိုမျိုးဖြစ်နေတာ”
ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းနေတဲ့ အတိုက်အခံ အဖွဲ့တွေက KNU ကိုကမ်းလှမ်းး လာတာမျိုးတွေရှိလားခင်ဗျ။
“ဒီလိုရှိတယ် အဲဒါ လုပ်မယ်ဆိုတော့ လုပ်ပေါ့၊ ကျနော်တို့ ထောက်ခံတယ်။ ဒါ ဖြစ်လာရင်လည်း စစ်မှန်တဲ့
ပြည်ထောင်စု ဖြစ်ပေါ်ရေးပဲပေါ့။ ကျနော်တို့ ထောက်ခံပါတယ်။ မကန့်ကွက်ဘူး”
မြဝတီတံတားပိတ်ဆို့မှုဟာ KNU အတွက် ဘယ်လို ထိခိုက်မှုတွေရှိလဲခင်ဗျ။ ဝင်ငွေ အရရော ထိခိုက််မှုရှိလား။
အမေရိကန်က ကွန်မြူနစ် တိုက်မယ် ဆိုတော့ အဲဒီတုန်းက စစ်အေးကာလ။ သူယူတာက ကွန်မြူနစ်လည်း တိုက်မယ်၊ တိုင်းရင်းသား တွေကိုလည်း ချေမှုန်း ပစ်မယ်။ စတုတ္ထ မြန်မာနိုင်ငံတော် ထူထောင်မယ်ဆိုတာ သူတို့ ပြောပြောနေတာ |
“ဘာမှ မထိခိုက်ပါဘူး။ ပိတ်ချင်ပိတ် နအဖ တပ်တွေပဲ စားမလောက်သောက်မလောက်ဖြစ်နေတယ်။ ဒီလမ်းကြောင်း ကိုပိတ်ဖို့ သူတို့ ကြံရွယ်ချက်ကဒီလို အဲလိုပိတ်လိုက်ရင် ကျနော်တို့ ဒီ လုပ်ငန်းရှင်တွေပေါ့ဗျာ။ စီးပွားရေးသမား တွေက ဆူပူလာမယ်။ ထိုင်းအစိုးရကို သွားတိုင်မယ်။ ထိုင်းအစိုးရကလည်း ကျနော်တို့ နယ်စပ်မှာ နေနေရတဲ့ အခါ ကြတော့ ပိတ်ဆို့မှုတွေလုပ်လာဖို့ ပေါ့ဗျာ ။သူတို့ကြံရွယ်ချက်က အဲလိုရှိပါတယ်”
ထိုင်းအစိုးရသစ်ပြောင်းလဲလာရင် KNU အပေါ်မှာရော ထိခိုက်မှုတွေ ရှိလာနိုင်မလား။ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်လဲခင်ဗျ။
“အစိုးရသစ်ဆိုတာကလည်း ဘယ်သူနိုင်မလဲတော့ မသိဘူးလေ။ ထိုင်းအစိုးရကလည်း အရမ်းတော့မလုပ်ပါဘူး”
အခုတလော ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက
မြန်မာနိုင်ငံထဲ ပြန်ပို့မယ်လို့ သတင်းတွေထွက်နေတယ်။ အဲဒီအပေါ်မှာရော KNU အနေနဲ့ စိုးရိမ်မှုတွေရှိလားခင်ဗျ
“မစိုးရိမ်ပါဘူး။ ဒီမှာက UN စည်းမျဉ်း စည်းကမ်းတွေလည်းရှိပါသေးတယ်။ ထိုင်းအစိုးရက အဲဒါတွေကို ကျော်ပြီးတော့ မလုပ်နိုင်ပါဘူး။ ကျော်လုပ်ရင် သူကလည်း နအဖလို ဖြစ်သွားမှာပေါ့။ ပြန်ပို့မယ်ဆိုရင်လည်း ကျနော်တို့အတွက် ဘာမှ မထိခိုက်ပါဘူး”
ရွေးကောက်ပွဲဝင် ကရင်ပါတီတွေကိုရော KNU အနေနဲ့ ဘာများတိုက်တွန်းချင်လဲခင်ဗျ။
“ရွေးကောက်ပွဲဝင်ပါတီတွေက ဒီလိုရှိတယ်။ တချို့က နအဖ အလိုတော်ရိတွေ နအဖ ကမွေးထားတဲ့ ဟာတွေ။ အဲဒီလူတွေကျတော့ ဘာမှ ပြောလို့ရမှာမဟုတ်ဘူး။ သူတို့က ကျနော်တို့ကို လာပြီးတော့ ဆွယ်နေတာ။ နအဖနဲ့ ပူးပေါင်းဖို့ပေါ့ဗျာ။ သူတို့ကိုတော့ နည်းနည်းပါးပါး နေရာလေးပေးပြီး ကျွေးထားမွေးထားတော့ နအဖကို အထင်ကြီးနေတာပေါ့ဗျာ”
“ကရင်တွေအများကြီးရှိပါတယ်။ မြစ်ဝကျွန်းပေါ်တို့ ပဲခူးတိုင်းတို့ ရန်ကုန်တိုင်းတို့မှာရှိတဲ့ သူတို့ကိုပြောချင်တာ ကတော့ တကယ့် အမျိုးသားလွှတ်မြောက်ရေးအတွက် လုပ်မယ်ဆိုရင်တော့ ဒေါ်စု တို့နဲ့ပေါင်း။ NLD နဲ့ပေါင်း အတွင်းမှာ လှုပ်ရှားဖို့ အဲလိုမှာချင်တယ်”
စစ်အစိုးရ စစ်တပ်တွေက KNU တွေရှိနေတဲ့ နယ်မြေတွေကို စိုးမိုးနိုင်အောင် ကျိုးစားနေကြတာ ဘာကြောင့်ပါလဲ ခင်ဗျ။ ကေအန်ယူရဲ့ ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကျိုးစားတယ်လို့
ပြောတယ်။
“ဟုတ်တယ် အဲဒါက နေဝင်းလက်ထက်ကတည်းက လုပ်တာ ကြာပါပြီ။ သူတို့က အနောက်တိုင်းအကူအညီယူတယ်။ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ ကိုရီးယား၊ ဂျပန် တို့အကူအညီတွေကိုယူပြီး ကျနော်တို့ကို တိုက်ရုံပါမကဘူး။ ကျနော်တို့ လူမျိုးတွေကိုပါ သတ်ဖြတ်တာတွေလုပ်လာတာ နှစ်ပေါင်း ၆၄ နှစ်ရှိပါပြီ။ အဆိုးဆုံးကတော့ နေဝင်း ခေတ်ပဲ။ မျိုးဖြုတ်သုတ်သင်တယ်လို့ ကျနော်တို့ ပြောရမှာပေါ့ဗျာ”
ကျနော်တို့ လူမျိုးတွေကိုပါ သတ်ဖြတ်တာ တွေလုပ်လာတာ နှစ်ပေါင်း ၆၄ နှစ်ရှိပါပြီ။ အဆိုးဆုံးကတော့ နေဝင်း ခေတ်ပဲ။ မျိုးဖြုတ် သုတ်သင်တယ်လို့ ကျနော်တို့ ပြောရမှာပေါ့ဗျာ |
ပြည်ပရောက် ကရင်အမျိုးသား အချင်းချင်း စုစည်းမှုအပေါ်မှာ အားရ ကျေနပ်မှုရှိလားခင်ဗျ။
“အားရကျေနပ်မှုရှိပါတယ်။ စည်းလုံးညီညွတ်မှုဆိုတာကတော့ အမြဲတမ်းပြောနေရတဲ့ ကိစ္စပေါ့။ ကျနော်တို့ မကြာခင် ကပဲ စည်းလုံးညီညွတ်မှုအတွက် နှီးနှောဖလှယ်ပွဲလုပ်တယ်လေ။ စည်းလုံးညီညွတ်မှုက အမျီုးမျိုးရှီတယ်။ ဘာသာရေး အရ လမ်းညွန်မှုရှိသလို နိုင်ငံရေးအရ လမ်းညွန်မှုရှိတယ်။ နိုင်ငံရေးအရ လမ်းညွန်မှုဆိုရင်တော့ KNU က ချမှတ် ထားတဲ့ နိုင်ငံရေး လမ်းစဉ်ပေါ်မှာ နိုင်ငံရေးမူတွေပေါ်မှာ ရပ်တည်ရမယ်။ အဲဒီရပ်တည်ပေါ်မှာ ညီညွတ်မှု စည်းလုံးမှု
ဖြစ်ရမယ်ဆိုတဲ့ ဟာ ကျနော်တို့ မမြဲတမ်းပြောနေတာပဲ”
ဖထီး အစတုန်းကပြောခဲ့သလို ဦးသိန်းစိန်အစိုးရဟာ ဘာမှ ထူးမလာဘူး။ အရင်စစ်အစိုးရ အတိုင်းပဲလို့
ပြောတယ်။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်လဲခင်ဗျ။
“နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရင်ကြည့်ပေါ့။ ကျနော်တို့ကတော့ စောင့်ကြည့်လို့မရဘူးလေ။ ကျနော်တို့ကတော့ တိုက်နေရမှာပဲ။ ပြောမယ်ဆိုရင်လည်း ပြောမယ်။ ကျနော်တို့ရဲ့ စိတ်ကြိုက် Recondition ရှိတယ်။ Recondition နဲ့ ကျနော်တို့က ပြောမယ်။ အရင်ကလို ပြောလို့တော့ ထူးမှာမဟုတ်ဘူး”
“ဒီအတိုင်းဆိုရင် ပြည်သူတွေ အုံကြွလာနိုင်တယ်။ စစ်တပ်က ပြည်သူတွေဘက်ရပ်တည်လာနိုင်တယ်။ စစ်တပ်က သူတို့ ဗိုလ်ချုပ်တွေ ဖောက်ပြန်တဲ့လမ်းကို မထောက်ပ့ံတော့ဘူး။ လောလောဆယ် အများစုတော့ မဟုတ်သေးဘူးပေါ့ဗျာ။ လောလောဆယ်အဲလိုအမြင်တွေက စစ်တပ်ထဲမှာကိုပြောင်းလာနေပြီ”
ကျနော် မေးချင်တာကတော့ ဒီလောက်ပဲ ခင်ဗျ။ ဖထိအနေနဲ့ရော ဘာများထပ်ပြောချင်သေးလဲခင်ဗျ။
“ပြောချင်တာကတော့ အာဏာရှင်အစိုးရဆိုတာ စစ်အာဏာရှင်ပဲဖြစ်ဖြစ် အရပ်အာဏာရှင်ပဲဖြစ်ဖြစ်
ခေတ်နဲ့မညီညွတ် တော့ဘူး။ သိန်းစိန်အစိုးရအနေနဲ့ လူတစု ကောင်းစားရေး စစ်အုပ်စု ကောင်းစားရေးကို မလိုက်ဖို့ ပြည်သူတရပ်လုံးကောင်းစားရေး လမ်းစဉ်ကိုလိုက်ဖို့ ပြောချင်တယ်”