မြန်မာမှ အဆင့်မှီ လေဆိပ် တစ်ခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ် တစီး ညအိပ်ရပ်နားခဲ့ရ

မြန်မာမှ အဆင့်မှီ လေဆိပ် တစ်ခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ် တစီး ညအိပ်ရပ်နားခဲ့ရ
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံကို အုပ်ချုပ်သူ အစိုးရ တာဝန်ရှိသူများမှ နိုင်ငံတကာ အဆင့်မှီ လေဆိပ် တစ်ခု အဖြစ် တိုးချဲ့ တည်ဆောက်နေပါသည်ဟု ဆိုသော စစ်တွေ လေဆိပ်တွင် လေယာဉ်ဘီးများကို လေထိုးရန် စက်မရှိသဖြင့် လေယာဉ် တစီး ညအိပ် ရပ်နားခဲ့ရ သည်ဟု သိရသည်။

အဆိုပါ လေယာဉ်မှာ မေလ ၂၉ ရက်နေ့က ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များကို တင်ဆောင် ပျံသန်းလာသော အစိုးရပိုင် မြန်မာလေကြောင်းလိုင်း XY- AIB လေယာဉ် ဖြစ်ကြောင်း သိရသည်။
sittwe-airport" ညအိပ်ရပ်နားခဲ့ရတာက မှန်ပါတယ်။ နေုာက်တစ်နေ့ နေ့လည်ပိုင်းမှ ရန်ကုန်ကို ပြန်သွားခဲ့ရပါတယ်။ ဘီးက လေလျော့နေတဲ့ အတွက် ဘီးတစ်လုံး ရန်ကုန်က ရောက်လာပီးမှ ပြန်လဲကာ ထွက်ခွာသွားခဲ့ပါတယ်" ဟု လေဆိပ်တွင် အလုပ် လုပ်ကိုင်နေသူ ကိုထွန်းရွှေက ပြောသည်။

ယခုကဲ့သို့ ဘီးလေလျာ့နေသဖြင့် လေယာဉ်မပျံနိုင်၍ ခရီးသည် တစ်ချို့မှာ ကြောက်ပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး တစ်ချို့ ခရီးသည်များမှာ တခြား လေယာဉ်များဖြင့် ရန်ကုန်သို့ လိုက်ပါ သွားခဲ့ရသည်ဟု သိရသည်။

" လူတွေကတော့ အများစု အိမ်ကို ပြန်သွားကြပါတယ်။ စစ်တွေမှာ လေယာဉ် လက်မှတ် ချက်ချင်းရဖို့ဆိုတာ အစိုးရ အာဏာပိုင်တွေမှ အပ သာမန် လူတွေက သိပ်မလွယ်ပါဘူး။ အများစုကတော့ ခရီးစဉ်ကို ဖျက်လိုက်တာ ရှိပါတယ်။ တစ်ချို့လည်း နောက်နေ့မှာ လိုက်ပါသွားကြပါတယ်" ဟု သူက ဆက်ပြောသည်။

စစ်တွေနှင့် ရန်ကုန် ခရီးစဉ်တွင် လေကြောင်းလိုင်း ၃ ခုခန့် နေ့စဉ် ပျံသန်းနေပြီး ပုဂ္ဂလိကလေကြာင်းလိုင်း များတွင် လေယာဉ်ခ တစ်ကြောင်းတည်းမှာ ကျပ် ရှစ်သောင်းကျော် ရှိပြီး အစိုးရပိုင် မြန်မာ့လေကြောင်း လိုင်းမှာ ငါးသောင်း လေးထောင်ကျပ်သာ ယူသည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမူကြောင့် စစ်တွေ လေဆိပ်မှာ ခရီးသည်အသွားအလာများသော လေဆိပ် တစ်ခု ဖြစ်သော်လည်း အစိုးရ အာဏာပိုင်များက ခေတ်မှီ တိုးတက်အောင် ပြုပြင်ပေးမူ မရှိသဖြင့် လမ်း လျော်ခြင်း၊ လေယာဉ်များ အချိန်နှင့် တပြေးညီ ပျံသန်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခြင်း၊ လေယာဉ် လက်မှတ်များ ရရှိရန် ခက်ခဲ ကြန့်ကြားခြင်းစသည့် အခြေအနေများနှင့် ကြံုတွေ့နေကြရ ကြောင်း သိရသည်။

Most read this week