တာဝါတိုင် မိုးကြိုးပစ်ခံရ၍ CDMA ဖုံးလိုင်းများ ပြတ်တောက်

တာဝါတိုင် မိုးကြိုးပစ်ခံရ၍ CDMA ဖုံးလိုင်းများ ပြတ်တောက်
by -
တာကလူး

ရခိုင်ပြည်နယ် မောင်းတောတွင် CDMA ဖုံးလိုင်း အတွက် တည်ဆောက်ထားသော တာဝါတိုင် တစ်ခု မိုးကြိုးပစ်ခံရသဖြင့် ယခုအခါ CDMA ဖုံးများ သုံး မရဘဲ ဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သတင်း ရရှိသည်။

CDMA ဖုံးများ စျေးကြီးသဖြင့် မောင်တော ဒေသခံများမှာ ကျပ်ငွေ သုံးသောင်းဝန်းကျင်ဖြင့်အသုံးပြု၍ရ သော ဘင်္ဂလာဒေချ့် ဖုံးများကိုသာ တွင်တွင်ကျယ်ကျယ် သုံးနေကြသည်။CDMA ဖုံး အသုံးပြုသူ ဒေသခံ တစ်ဦးက " အခု လောလောဆယ်တော့ တာဝါတိုင် မိုးကြိုးထိတဲ့ အတွက် ဆက်သွယ်ရေး ပြတ်တောက် နေပါတယ်။ နောက်ထပ် သုံးရက်လောက်ကြာမှ ပြန်ပီး လိုင်း အဆင်ပြေမယ်လို့ ပြောပါတယ်" ဟု ပြောသည်။

Phone-Tower

မိုးကြိုးပစ်ခံရသော တာဝါတိုင်မှာ မောင်တော- ဘူးသီးတောင် ကားလမ်းမ (၇) မိုင် မှတ်တိုင်အနီးရှိဆင်သေ တောင်တွင် တည်ရှိကြောင်း သိရသည်။

" မိုးကြိုးထိတာက ဘယ်နေ့ဆိုတာကို အတိအကျ မသိပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ အပတ်က ထိသွားတာ ဖြစ်ပါတယ်။ အဲဒီကတည်းက CDMA ဖုံးတွေ မောင်တောမှာ အဆက်အသွယ် ပြတ်တောက်နေပါတယ်" ဟု သူက ပြောသည်။

အဆိုပါ ပျက်စီးသွားသော တာဝါတိုင်အား စစ်တွေမှ အင်ဂျင်နီယာများ လာရောက် ပြုပြင်နေသော်လည်း အရေးကြီးသော စက်ပိုင်းဆိုင်ရာ ပစ္စည်းတချို့ ပျက်စီးသွား သဖြင့် ယခု အချိန်ထိ ပြင်မရ နိုင်ဘဲဖြစ် နေကြောင်း သိရသည်။

ပျက်စီးသွားသော စက်ပိုင်းဆိုင်ရာ ပစ္စည်းများကို ယခုအခါ ရန်ကုန်မှ သွားရောက် ယူဆောင်နေပြီးနောက် ထပ် သုံးရက်ခန့် အချိန်ကြာမြှင့်နိုင်ပြီး ဇွန်လ (၁၀) ရက်နေ့မတိုင်မှီ ဖုံးလိုင်း ပြန်ရမည် ဖြစ်ကြောင်းအမည် မဖေါ်လိုသူ တယ်လီဖုံးဌာနနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

Most read this week