ဘိန်းဖြူ ၁၁ ဂရမ် နှင့် မြန်မာနိုင်ငံသား နှစ်ဦးဖမ်းဆီး

ဘိန်းဖြူ ၁၁ ဂရမ် နှင့် မြန်မာနိုင်ငံသား နှစ်ဦးဖမ်းဆီး
by -
ခိုနူမ်ထုန် သတင်းဌာန

မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် Sub. Hqrs. YMA  Anti Drugs Squadနှင့် Excise & Narcotic Deptt တို့ပူးပေါင်းမှုဖြင့် မေလ ၃၁ ရက်နေ့ကမြန်မာ နိုင်ငံသားနှစ်ဦးထံမှ ကာလပေါက်စျေး ရူပီး ၅၅၀၀၀ ခန့်ရှိသည့် ဘိန်းဖြူ ၁၁ ဂရမ်ကို တလမ်း ဆန် ကျေးရွာတွင် ဖမ်းဆီးခဲ့ ကြောင်းသိရသည်။

အဖမ်းခံရသူနှစ်ဦးမှာ  အဘ ဦး Thangzachin ၏သား Kamthanga (25) နှင့်Jerome Punmanga, ချင်းပြည်နယ် တီးတိန်မြို့နယ် Bukphirကျေးရွာသားများဖြစ်ကြောင်း ၄င်းတို့နှစ်ဦးကို ဗဟိုထောင်သို့ပို့ လိုက်ကြောင်း သိရသည်။

ကြိုတင်သတင်းရရှိချက်အရ  Anti Drugs Squad နှင့် Excise & Narcotic Depttသည်  Tlangsam ကျေးရွာတွင် ကြိုတင်စောင့်ကြပြီး ၄င်းတို့နှစ်ဦးကိုဖမ်းဆီးနိုင်ခဲ့သော်လည်း တဦး  ထွက်ပြေးလွတ်မြောက် သွားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားများက မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု အပါ အဝင် အစိုးရဥပဒေများကို ချိူးဖောက်ကျူးလွန်နေကြသောကြောင့် ပြီးခဲ့တဲ့ မေလဆန်း တုန်းက ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရ (အဲန်စီဂျီယူဘီ) ပြန်ကြားရေးဝန်ကြီး၊ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ( မြန်မာနိုင်ငံ) အမတ် တဦးလည်းဖြစ်သည့်ဒေါက်တာ တင့်ဆွေကမြန်မာ နိုင်ငံသားများကိုယ်စား မီဇိုရမ် ပြည်နယ်အစိုးရနှင့် ဒေသခံပြည်သူ လူထုကိုအလေးအနက်တောင်းပန် စကား ပြောကြားခဲ့ သည်။