သျှမ်းပြည်တောင်ပိုင်း တောင်ကြီး - လင်းခေး -ဟိုမိန်း မှ တဆင့် ထိုင်းနိုင်ငံ မယ့်ဟောင့်ဆောင်မြို့ နှင့် ဆက်သွယ်သည့်နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်း ၌ ရောင်းဝယ်ရေး ခရီးတွင်နေကြောင်း ကုန်သည်များ ပြော ပြချက် အရသိရပါသည်။
“အဓိက ရောင်းဝယ်အားကောင်းနေတာက စားအုန်းဆီ နဲ့ ထိုင်းကဝင်တဲ့ ဂျပန်ကားတွေ”ဟုဆီကုန်သည် တဦးက ပြောပြပါ သည်။
ယခုနှစ်ဦးပိုင်းမှစ၍ ယနေ့အထိ မယ့်ဟောင့်ဆောင် ဟိုမိန်း - လင်းခေး မှတဆင့်တောင်ကြီးသို့ ဂျပန်ကား အစီးပေါင်းရာချီ ဖြတ်သန်းသွားသယ်ဆောင် သွားပြီးဖြစ်ကြောင်း၊ အများဆုံးအရောင်းအဝယ်ကတော့ စားအုန်းဆီ ဖြစ် ကြောင်း အဆိုပါဆီကုန်သည်က ဤကဲ့သို့ပြောပြပါသည်။
“ဆားအုန်းဆီက ဟို ၂၀၁၀ နှစ်ကုန်ပိုင်းကတည်းက အဝယ်လိုက်နေတာ။ ဆီက မလေးရှားကနေတိုက် ရိုက်လာ တဲ့ စားအုန်းဆီ မဲဆောက်နဲ့ ဒီဘက်နဲ့နယ်စပ် ဖြတ်ဝင်လာတာဘဲ” - ဟုဆို၏။
မယ့်ဟောင့်ဆောင်မှ ဝင်သည့် ဂျပန်ကားသစ်များ၊ စက်ကဲင်းဟဲန်းကားများ နားမွန်း လောင့်ဟဲင့် လမ်းရှိထိုင်း ချက်ပွိုင့်က ရောင်း သူထံမှ ဘတ်ငွေ တစီး ၂ သောင်း၊ SSS ကုမ္ပဏီ ပိုင်ရှင် ဦးမဟာကြာ၏သား ခွန်နု ဦး ဆောင်သည့် ဟိုမိန်းနယ်ခြားကာကွယ် ရေးတပ်ဖွဲ့က ဝယ်သူထံမှ ဘတ်ငွေ ၅ သောင်းအသီးသီးကောက်ခံ ကြောင်း ကားရောင်းဝယ်ရေးအသိုင်းအဝိုင်းက ဤကဲ့သို့ပြောပါသည်။
“ဂျပန်ကားတွေက တခါတခါရောက်ရင် ၅ စီးကနေ ၁၀ စီးလောက်အထိဝင်တယ်။ နောက်ဆုံးအသစ်ကား တွေ ချည်းဘဲ။ တောင်ကြီးအထိ သွားရောင်းတယ်လေ”
ထို့အတူ စားအုန်းဆီများလည်း တပတ်လျင် ၁၈ ဘီးကားကြီးများ ၄ - ၅ စီး ရ-၈ စီးအထိဝင်ကြောင်း၊ မယ့်ဟောင့်ဆောင်မှ နယ်စပ် သို့ ၆ ဘီးကား ၁၀ ဘီးကားများဖြင့် သယ်ဆောင်ကြောင်း၊ ဖှီးဝှီးကားများက ဟိုမိန်းမှတဆင့် သံလွင်မြစ် တာ့ဆွပ်တိန်း ကူးတို့ဆိပ် သို့ ထပ်ဆင့်သယ်ဆောင်ကြောင်း၊ ထိုမှ တဆင့် လင်းခေး၊ မိုးနဲ၊ နမ့်ဇန်၊ လွိုယ်လင်၊ မိုင်းပွန်၊ ဟိုပုံး တောင်ကြီးရောက် သည့်အထိ သယ်ဆောင်ကြောင်း ပြောပါသည်။
“တောင်ပေါ်ကနေ သံလွင်ကူးတို့ဆိပ်ကို လှမ်းမျှော်ကြည့်ရင်လေ တာ့ဆွပ်တိန်းဆိပ်မှာ စုပုံထားတဲ့ ဆားအုန်းဆီ ပုံးတွေ ဖွေးနေတာ ဘဲ။ ညညဆို မီးတွေကလဲ ထိန်ထိန်လင်းလို့။သံလွင်အနောက်ဘက်ခြမ်း ကတော့လင်းခေး ခရိုင်ထဲက နားကုန်း၊ စလောင်း ဘက်ကကုန်သည်တွေ ထော်လာဂျီ အလတ်၊ အကြီးတွေနဲ့ လင်းခေး မြို့ဘက်ကို ဆက်သယ်တယ်” - ဟု ခရီးသွားတဦးကလဲ သျှမ်းသံတော်ဆင့်တို့ပြောပါသည်။
ပြီးခဲ့သည့်လ ၂၉ ရက်နေ့၌ မယ့်ဟောင့်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူး နိုင်းကမ်းထွမ်း ထာဝမ်းဆထစ်ဦးဆောင် သည့် အဖွဲ့ ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့က ဆိုင်ရာမြန်မာအာဏာပိုင် နှင့် နယ်စပ်ကုန်သွယ်ရေးဆွေးနွေး ဖို့ရန် မေ ၂၅ ရက်ကတည်းက အကြောင်းကြား စာဖြင့် ရက်ချိန်းထားပြီးခရီးထွက်ခဲ့၏၊ ဘန်ကောက်မှ တဆင့်ရန်ကုန်၊ နေပြည်တော် တောင်ကြီးသို့ ရောက်ရှိသော် လည်း တာဝန်ယူ ဧည့်ခံကြိုဆိုမည့်သူမရှိ နယ်ကုန်သွယ်ရေး အတွက် ရေရေရာရာဆွေးနွေးခွင့်မရဘဲ ယမန်နေ့က ထိုင်းသို့ ပြန်လည်ရောက်ရှိခဲ့ သည်ဟုဆိုသည်။
မတ်ခ်ျ လလယ်ကလည်း (ထိုင်း) မယ်ဟောင့်ဆောင် - ကရင်နီပြည် (ဟွေ့ပူလောင်း) အမှတ်၁၀ နယ်စပ် ကုန်သွယ် ရေးလမ်းမအား ဖွင့်လှစ်ခဲ့သည်။