ကျောက်ဖြူမီးလောင်၊ ကျပ်သိန်း ၃၀ ဖိုးဆုံးရှံုး

ကျောက်ဖြူမီးလောင်၊ ကျပ်သိန်း ၃၀ ဖိုးဆုံးရှံုး
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ယမန်နေ့က မီးလောင်မူ ဖြစ်ပွားရာ အိမ်တစ်လုံး မီးထဲပါသွားပြီ စုစုပေါင်း ကျပ်သိန်း ၃၀ ဖိုး ဆုံးရှံုးသွားကြောင်း သတင်း ရရှိသည်။

K-Pruကျောက်ဖြူမြို့ခံ တစ်ဦးက " မီးလောင်တာ စေတီယျရပ်ကွက်က ကိုအောင်ဆန်းဌေး အိမ်ကို လောင်တာပါ။ မီးပေးနေတဲ့ မီးစက်က အင်ဂျင်ပူပြီး စလောင်တာပါ။ အိမ်က မီးထဲပါသွားပါတယ်" ဟု ပြောသည်။

မီးမှာ ညနေ ၈ နာရီ ၃၀ ခန့်တွင် စတင် လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

"မီးသတ်ကားက မီးလောင်ပြီးမှ ရောက်လာပါတယ်။ ကျေးရွာလူတွေ ၀ုိင်းဝန်းမီးသတ်ပြီးမှ ရောက်လာတာ ဖြစ်ပါတယ်။ စိတ်ပျက်ဖို့ ကောင်းပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုအခါ ဦးအောင်ဆန်းဌေးအား ရဲက မီးလောင်မူဖြင့် အရေးယူထားသည်ဟု သိရသည်

Most read this week