နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော သျှမ်းခေါင်းဆောင်များ ကျန်းမာရေးချို့တဲ့

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသော သျှမ်းခေါင်းဆောင်များ ကျန်းမာရေးချို့တဲ့
by -
သျှမ်းသံတော်ဆင့်

နှစ်ရှည်ထောင်ဒဏ်ကျခံနေရသောသျှမ်းခေါင်း ဆောင် များ ယခုနှစ်အတွင်းကျန်းမာရေးချို့တဲ့ မှုများလာကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ပြောသည်။

၂၀၀၅ က ဖမ်းဆီးခံရသော SNLD ဥက္ကဌနှင့် အတွင်းရေးမှူး အပါအဝင် သျှမ်းပြည်မျိုးဆက်သစ် ခေါင်းဆောင် များအား ဝေးလံ ခေါင်သီသော နယ်စွန်နယ်ဖျားထောင်များသို့ပို့ဆောင်ခံရပြီး နောက်ပိုင်း တနှစ်ထက်တနှစ် ကျန်းမာရေး ဆိုးရွာလာကြခြင်းဖြစ် သည်ဟု သိရသည်။
KTO__SST_and_Sai_Noot
“ကျောက်ဖြူထောင်ရောက် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင် ဦးထွန်းညိုကလွဲရင် ခေါင်းဆောင်တွေ အားလုံး မှာ ကျန်းမာရေးချို့ တဲ့ကြတယ်။ စိုင်းမျိုးဝင်းထွန်းက စိတ်ရောဂါ စွဲကပ်နေတယ်။ ဥက္ကဌကြီး ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူး စိုင်းညွန့်လွင်နဲ့အလုပ်အမှု ဆောင်စိုင်းလှအောင်တို့ကတော့စိတ်ဓါတ်အကြံ့ ခိုင်ဆုံးဘဲ” ဟု ပါတီပြောခွင့်ရ ဦးစိုင်းလိတ် ကပြောသည်။

U_sai_Hla_Aungကျောက်ဖြူထောင်ရောက် ဦးထွန်းညိုမှာ ညီမတူမများ ထောင်ဝင်စာသွားတွေ့ရန် ခက်ခဲသည့်အပြင် မိသားစု အခက်အခဲကြောင့် ငွေကြေးများမပို့ နိုင်သဖြင့် အဟာရချို့တဲ့မှုခံစားရပြီး သွေးအားနည်းနေသည် ဆိုပါသည်။

ပူတာအိုအကျဉ်းထောင်ရောက် ထောင်ဒဏ် (၉၃) နှစ်ကျခံရသည့် ခွန်ထွန်းဦး (၆၈ နှစ်) တွင်မူစိတ်ဓါတ် ရေးရာ ကြံ့ခိုင်မှု၌ လေးစား ချီးကျူးဖွယ်ကောင်းကြောင်းလည်း ၎င်းကပြောသည်။

U_toon_Nyo“သူ့မှာ ဆီးကျိတ်ရောင်၊ အစာအိမ်၊ နှလုံး၊ သွေးတိုး၊ အာရုံကြောအားနည်းပြီး နားအူရောဂါရှိတယ်။ မိုးရွာရင်၊ ရာသီဥတုအေးရင် တစ်ည အနည်းဆုံး ၁၀ ကြိမ်ဆီးသွားနေရတော့ အိပ်ရေးပျက်တယ်။ တစ်နေ့ဆေး ၄ ကြိမ် ပုံမှန် သောက်နေရတယ်။ ပူတာအိုဆေးရုံက အထွေအထွေရောဂါ ကုဆရာဝန် တလတခါဘဲ ဆေးလာ စစ်ဆေး ပေးတယ်” ဟုဆိုသည်။

ကျောက်ဖြူမြို့အကျဉ်းထောင်ရောက် ထောင်ဒဏ် (၇၉) နှစ်ရှိ SNLD အလုပ်အမှုဆောင် စိုင်းလှအောင် (၆၆ နှစ်) မှာမူ သွေးတိုး၊ ဆီးချို နှင့် ဦးခေါင်းအရေပြားယားယံသည့် ရောဂါရှိကြောင်း  ဧပြီလကုန်က ထောင်ဝင် စာသွား ရောက်တွေ့ဆုံလာသည့် မိသားစု ဝင်ကပြော၏။ ဆေးပုံမှန်သောက်ရသဖြင့် ကျန်းမာရေးကောင်းမွန် သည်ဟုဆို၏။

ကလေးမြို့အကျဉ်းထောင်၌ ထောင်ဒဏ် (၈၅) နှစ်ကျခံရသည့် အမျိုးသားစာပေဆုရ  SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်မှာမူ သွားလုံးဝမရှိတော့ဘဲ အံကပ်တပ်ထားရသည့်အတွက်အိမ်မှပို့သည့် ခေါက်ဆွဲ၊ ဆန်ပြုတ် စသည့် ပျော့စာများသာမှီဝဲနိုင်သည်ဟုဆို၏။  သွေးတိုးရောဂါနှင့် လိပ်ခေါင်းသွေးယို ရောဂါအတွက် ထောင်ဆေးမှူးမှ တစ်လနှစ်ကြိမ် ကျန်းမာရေးဆေးစစ်မှု ပြုလုပ်ပေးကြောင်း၊ အဆိုးဆုံးမှာ ၎င်းဝါသနာပါသော စာရေးခွင့်လုံးဝမရှိသည့် ကိစ္စဖြစ်သည်ဟု ဦးစိုင်းလိတ်ကပြောသည်။

“ ကျနော်တို့အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်မှာ လိပ်ခေါင်းရောဂါလဲရှိတယ်။ ဒါပေမယ့်သူ့ ထက်ဆိုး တာ က ပခုက္ကူမြို့ အကျဉ်းထောင်က   ထောင်ဒဏ် (၇၉) နှစ် ကျခံရတဲ့ စိုင်းညီညီမိုးပေါ့။ သူ့လိပ်ခေါင်းက တော် တော်ဆိုး နေ ပြီလို့ မကြာသေးခင်က ထောင်ဝင်စာသွားတွေ့လာတဲ့ သူ့အမျိုးကပြန်ပြောပြတယ်။ ထရခက် ထိုင်ရခက်တဲ့ အခြေ အနေပေါ့။ ဆေးထိုး ဆေးစားရင် စအိုဝအနာမှာ ခြောက်သယောင်ရှိပြီးမကြာမီ မှာဘဲ သွေးပြန်ထွက်လေ့ရှိတယ်။ အမှန်က သူအဖမ်းမခံရခင်ရက်ပိုင်းအလိုမှာလိပ်ခေါင်းခွဲစိတ်ကုသ ဖို့ ဆရာဝန်နဲ့ တောင်ချိန်းထားပြီ။ အဖမ်းခံလိုက် ရတော့ ခုချိန်ထိ မကုရသေးဘူး” ဟု ဆိုသည်။

Sai_Myo_Win_Toonအကျဉ်းကျသျှမ်းခေါင်းဆောင်များအနက် စိတ်ဓါတ်အကျဆုံးမှာ မြင်းခြံမြို့အကျဉ်းထောင်၌ ထောင်ဒဏ် (၇၉) နှစ်ကျခံနေရသော စိုင်းမျိုးဝင်းထွန်း ဖြစ်ကြောင်း၊ အကျဉ်းသားများ ထိုးနှက်ခြင်းခံရပြီးယခုအခါထောင်ဆေးရုံ ရောက်နေသည်မှာ တတိယအကြိမ် ရှိပြီဖြစ်ကြောင်း သိရသည်။

“ ၂ နှစ်လောက်ကစပြီး စိတ်ကျရောဂါစွဲကပ်လာ။ ကယောင်ချောက်ခြားဖြစ်ပြီး အစားအသောက် မဝင် ဘူး။ ညမအိပ်ဘူး။ ညမ အိပ်ဘဲ ထထအော်နေလို့  တခြားအကျဉ်းသားတွေနဲ့ ကတောက်ကဆဖြစ်ပြီး ထိုးကြကြိတ် ကြတယ်။ ထောင်ဆေးရုံ ပို့ပြီးကုသရင် တော့  သက်သာသယောင်ရှိတာပေါ့။ ဒါပေမယ့်ထောင်ထဲပြန်ရောက် ရင် ပြန် ပြန်ပြီး ဆိုးလာတယ်။ နာတာရှည်စိတ်ရောဂါစွဲကပ် မှာကို စိုးရိမ်နေရတယ်” ဟုဦးစိုင်းလိတ်ကပြော သည်။

သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲင့်မှာမူ မေ ၁၇ ရက် (မနက် ၁၁ နာရီခန့်မှ မွန်း လွဲ ၁ နာရီကျော် အထိ) က မိသားစုအား အသိပေးတိုင်ပင်ညှိနှိုင်းခြင်းမပြုဘဲ   အာဏာပိုင်များက   မျက်လုံးခွဲစိတ် ကုသ ပေးလိုက်  ကြောင်း၊ စစ်တွေမြို့ သံဃာ့ဆေးရုံ၌ ၅ ရက်ကြာ ဆေးဝါးကုသခွင့် ရရှိပြီး မေ ၂၁ ရက်  ဆေးရုံမှ ထောင်သို့ ပြန်လည် ပြောင်းရွှေ့ပေးလိုက်ကြောင်း၊ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်းမိသားစုနှင့် လုံးဝ တွေ့ဆုံ ခွင့်မပေးဘဲ၊ ဆေးရုံမှ ထောင်သို့ပြောင်းရွှေ့ပြီး မေ ၂၂ ရက်ကျမှ ထောင်ဝင် စာတွေ့ခွင့်ရခဲ့ ကြောင်း၊ အမြင် ကြည်လင်မှုရှိလာပြိး ကျန်းမာရေးလည်း ကောင်းမွန်လျက်ရှိကြောင်းမိသားစုဝင်ကပြန် လည်ပြော ပြသည်။

U_Myint_Thanသျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ရ ရက် သျှမ်းပြည်မွေးနေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ဥက္ကဌ စဝ်ခွန်ထွန်းဦးနှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင် တို့အား ရန်ကုန်မြို့ နေအိမ်၌နအဖစစ်အုပ်စုကဖမ်းဆီးထိန်း သိမ်းခဲ့ သည်။သျှမ်းပြည်အတိုင် ပင် ခံကောင်စီဖွဲ့စည်းမှု စွပ်စွဲ ချက်အပြင် အခြားအမှုပေါင်းများစွာ ရှာကြံ၍ ထောင်ဒဏ် ၉၃နှစ်စီရင်ချက်ချ ကာ ဥက္ကဌကြီးအား ရာသီဥတု ဆိုးဝါး လှသောကချင်ပြည်ပူတာအို ထောင် သို့ ပို့ဆောင်ချုပ် နှောင်လိုက်သည်။ ပုဂ္ဂိုလ်ရေး ရာစီးပွါးရေး ပိုင်ဆိုင်မှုများကိုလည်း စစ်အစိုးရက သိမ်းယူချိတ်ပိတ် ခဲ့သည်။

ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းလိုက်ပြီဖြစ်သော ဦးလွယ်မောင်းတို့၏ SSA အပစ်ရပ် တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဆေထဲန့်အား ထောင်ဒဏ် ၁၀၆ နှစ်၊  NLD အထွေအတွင်းရေးမှူး စိုင်းညွန့်လွင် ၈၅ နှစ်၊ ဗဟိုကော် မတီဝင် စိုင်းလှ အောင် ရ၉ နှစ်အပြင် ၂၀၀၆ မေလတွင် ရခိုင်ပြည်နယ် သံတွဲထောင်၌ အကျဉ်းကျနေစဉ် ကွယ်လွန်သွားသည့် သျှမ်း ပြည်မျိုးဆက်သစ် ခေါင်းဆောင်ဆရာဦး မြင့်သန်း၊ ဦးထွန်ညို၊ စိုင်းညီညီမိုး၊ စိုင်းမျိုးဝင်းထွန်းတို့အား ထောင်ဒဏ် ရ၉ နှစ်စီ အသီးသီး ပြစ်ဒဏ်စီရင်ကာမြန်မာပြည်နယ်စွန်နယ်ဖျား ထောင် များသို့ ပို့ဆောင်အကျဉ်းချခဲ့သည်။

Most read this week