ဆန်စျေးများ မြင့်တက်လာမူ ဒေသခံများကို စိုးရိမ်မူပို

ဆန်စျေးများ မြင့်တက်လာမူ ဒေသခံများကို စိုးရိမ်မူပို
by -
တာကလူး

ရခိုင်ပြည်နယ် အတွင်း မိုးဦးကာလ လယ်စိုက်ပျိုးမူ မစတင်မှီ ဆန်စျေးများ မြင့်တက် လာနေခြင်း ကြောင့် မိုးတွင်းရာသီတွင် စားဝတ်နေရေး ပိုခက်ခဲ မည်ကို ဒေသခံများအကြား စိုးရိမ်နေကြကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ် တဝှန်း မိုးများ စတင် ရွာသွန်းလာသည်နှင့်အတူ ဆန်များမှာလည်း အမျိုးအစားအလိုက် နေရာဒေသ အတော်များများတွင် မြှင့်တက်သွားခဲ့သည်။

ယခင် စျေးထက် တအိတ်ကို ကျပ် ၃၀၀၀ မှ ၆၀၀၀ အထိ အသီးသီး မြင့်တက်သွားခဲ့ကြောင်း ဒေသခံများနှင့် ဆန်ကုန်သည်က ပြောသည်။

Rice-mill-in-rural-area-of-Burma" စစ်တွေတွင် ဧည့်မထ တအိတ်ကို ယခင် ကျပ် ၁၂၀၀၀ ခန့် ရှိနေခဲ့ရာကနေ ယခု ကျပ် ၁၅၀၀၀ ထိ တက် သွားပြီး ဒေသထွက် ပေါ်ဆန်းမွှေး တအိတ်က အရင် ကျပ် ၂၀၀၀၀ ရှိနေခဲ့ရာကနေ အခု ကျပ် ၂၅၀၀၀ အထိ စျေးတက် သွားခဲ့ပါတယ်" ဟု ပြောသည်။

ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့တွင် ဒေသအခေါ် ဆန်ချေ အညံ့စား ဆန်တစ်အိတ်လျှင် ယခင် ကျပ် ၁၀၀၀၀ ခန့် ရှိနေခဲ့ရာမှ ယခု ကျပ် ၁၂၀၀၀ နှင့် ၁၃၅၀၀ အကြားထိတက် သွားပြီး ဆန်ကြီးခေါ် အကောင်းစား ဆန်တစ်အိပ်မှာ ယခင်ကျပ် ၁၃၀၀၀ ခန့်ရှိနေခဲ့ရာမှ ယခု ကျပ် ၁၆၀၀၀ နှင့် ၁၈၀၀၀ ခန့်ထိ စျေးတက်သွား ခဲ့သည်။

ဂီရီလေမုန်းတိုင်းဒဏ် အဆိုးဝါး ဆုံးခံခဲ့ကြရသည့် မြေပုံ၊ ပေါက်တော နှင့် ကျောက်ဖြူတို့တွင် တခြားနယ်များမှ ဆန်များ တင်သွင်းနေရသောကြောင့် အညံ့စား ဆန်တစ်အိတ်လျှင် ယခင် ကျပ် ၁၂၀၀၀ ခန့်ရှိနေခဲ့ရာမှ ယခု ၁၈၀၀၀ ထိမြင့်တက်သွားပြီး၊ အလယ်အလတ်အဆင့် ဆန်တစ်အိတ်လျှင် ယခင် ၁၅၀၀၀ခန့်ရှိနေခဲ့ရာမှ ယခု ၂၀၀၀၀ နီးပါး အထိ မြင့်တက် သွားခဲ့ကြောင်း သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ဘူးသီးတောင်တွင် ဧည့်မထ တအိတ်လျှင် ယခင် ၁၃၀၀၀ ခန့် ရှိနေခဲ့ရာမှ ယခု ၁၆၀၀၀ ခန့်၊ ပေါ်ဆန်းမွှေးတအိပ်လျှင် ယခင် ၂၂၀၀၀ခန့် ရှိနေခဲ့ရာမှ ယခု ၂၈၀၀၀ ခန့်ထိမြင့်တက်သွားခဲ့ပြီး၊ မောင်တောတွင် ဧည့်မထ တအိပ်လျှင် ကျပ် ၂၀၀၀၀ ထိ စျေးတက်နေပြီး၊ ပေါ်ဆန်းမွှေး တအိတ်လျှင် ၃၅၀၀၀ ခန့်အထိ စျေးတက်နေကြောင်း စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်တွင် နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလများတွင် ဆန်စျေးများမြင့်တက်တတ်သော်လည်း ယခုနှစ် တွင် မိုးရာသီ မဝင်သေးမှီ ကတည်းက ဆန်စျေးနှုန်းများ မြင့်တက်လာနေခြင်းကြောင့် မိုးတွင်းတွင် ပိုမို စျေးမြင့် လာမည်ကို ဒေသခံများ အကြား စိုးရိမ်နေကြသည်။

"ကျွန်တော်တို့ ဒေသမှာက အလုပ်ရှားပြီး ၀င်ငွေနည်းတာကြောင့် တရက်လုပ်လို့ တထပ်စာ မဖူလုံ နိုင်ကြ ပါဘူး။ ခုမိုးနည်းနည်းရွာလာတာနဲ့ ဆန်စျေးတွေက ထိုးတက်လာနေတာတော့ မိုးတွင်းမှာ ဘယ်လို စားသောက်ကြရမလဲဆိုတာ တွေးပူနေကြရပါတယ်" ဟု စစ်တွေ ဒေသခံ တစ်ဦးကလည်း ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆန်စျေးနှုန်းများမြင့်တက်လာနေခြင်းမှာ လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် တိုက်ခတ်ခဲ့သည့် ဂီရီမုန်တိုင်းကြောင့် ပြည်နယ်အဝှန်းရှိ ရိတ်သိမ်းခါနီးစပါးခင်းများစွာ ပျက်စီး ဆုံးရှုံးခဲ့ရပြီး ဆန်စပါး ပြတ်လပ်နေခြင်းကြောင့် ဖြစ်သည်ဟု ဆန်ကုန်သည်တစ်ဦးက ပြောသည်။

"ခုတလော ဆန်စျေးတွေ တက်လာတာဟာ ဒေသတွင်းမှာ ဆန်စပါးတွေ ပြတ်လပ်မှုနဲ့ ကြံုတွေ့ နေရလို့ ဖြစ်ပါတယ်။ ဂီရီမုန်တိုင်းကြောင့် ရခိုင်ပြည်နေရာအနှံ့မှာ ရိတ်သိမ်းခါနီး စပါးခင်းတွေပျက်စီးဆုံးရှုံးခဲ့ကြ ရပါတယ်။ တချို့ မြေပုံ၊ ပေါက်တော နဲ့ ကျောက်ဖြူဒေသတွေမှာဆိုရင် ဒီရေလှိုင်းတွေ လွှမ်းသွားပြီးတော့ စပါးခင်းတွေအပြင် သိုလှောင်ထားတဲ့ စပါးတွေလဲ လုံးဝ သုံးမရ အောင် ပျက်သွားခဲ့ရပါတယ်။ အဲဒီဒေသ တွေကို တခြားနယ်တွေကနေ ဆန်တင်ပို့ပေးနေရတဲ့ အပြင် ဒေသတွင်း ပြတ်လပ်မှုနဲ့ရင်ဆိုင်နေကြရတာ ကြောင့် ခုလို စျေးတက်လာရတာဖြစ်ပါတယ်" ဟု ၄င်းဆန်ကုန်သည်က ပြောသည်။

ရခိုင်ပြည်နယ်တွင် တစ်နှစ်လျှင် တစ်သီးသာ စိုက်ပျိုးနိုင်ကြပြီး၊ စိုက်ပျိုးရေးရာသီ မစမှီ ဆန်စပါးပြတ်လပ်မှု နှင့် ရင်ဆိုင်နေကြရသောကြောင့် ယခုမိုးတွင်းကာလတွင် ဆန်စျေးများ ပိုမိုတက်လာပြီး စားဝတ်နေရေးပိုမို ခက်ခဲလာမည်ကို ဒေသခံများအကြား စိုးရိမ်နေကြရကြောင်း စုံစမ်းသိရှိရသည်။

Most read this week