တရုတ်အချောင်သမား ဝါဒနှင့် နားလည်ရခက်တဲ့ မြန်မာပြည်

တရုတ်အချောင်သမား ဝါဒနှင့် နားလည်ရခက်တဲ့ မြန်မာပြည်
by -
ဂျိုးဇက်ဘောလ်

မြန်မာပြည်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏အပြုအမူ သည် နှစ်ပေါင်းများစွာပင် အငြင်းပွါးဖွယ်ဖြစ်နေခဲ့ သည်။ မြန်မာအစိုးရနှင့် ပြုလုပ်သော တရုတ်ရင်း နှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး မှန်သမျှကို မြန်မာ အစိုးရ၏ အတိုက်အခံတို့က အမြဲလိုပင်မြန်မာ နိုင်ငံ၏ အာဏာရ အဝန်းအဝိုင်းကိုသာကြွယ်ဝ ချမ်းသာစေသည်၊

မြန်မာပြည်နှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အပြုအမူသည် နှစ်ပေါင်းများစွာပင် အငြင်းပွါးဖွယ် ဖြစ်နေခဲ့သည်။ မြန်မာအစိုးရနှင့် ပြုလုပ်သော တရုတ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး မှန်သမျှကို မြန်မာအစိုးရ၏အတိုက် အခံတို့က အမြဲလိုပင် မြန်မာနိုင်ငံ၏ အာဏာရ အဝန်းအဝိုင်းကိုသာ ကြွယ်ဝချမ်းသာစေသည်၊ လူ့အခွင့်ရေး ချိုးဖောက်မှုများကိုသာ ဖြစ်ပေါ်စေသည်၊ တိုင်းပြည်အဝှမ်း အခြေအနေများကိုပို၍သာဆိုး လာစေသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။ ယခုမြန်မာသမ္မတ ဦးသိန်းစိန် တရုတ်ပြည် ခရီးစဉ်အပြီးတွင်လည်း မြန်မာဘလော့ များ နှင့် သတင်းများကို ကြည့်လိုက်ပါက လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်နေသာ အစိုးရများကို ထောက်ခံအားပေးနေသည်၊ ပီကင်းသည် မြန်မာနိုင်ငံကို ၂၁ ရာစု ကိုလိုနီသဖွယ် ဆက်ဆံနေသည်ဟု ပြစ်တင်ဝေဖန် ထားကြသည်ကိုသာ တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ တရုတ်၏ မူဝါဒသည် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တသမတ်တည်းသာ ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနှင့် တရုတ်ကိုယ်စားလှယ် အဖွဲ့များ၏ ဆွေးနွေးပွဲတွင် ပါဝင်သည့် အစည်းအဝေး အစီအစဉ်တရပ်မှာ တရုတ်ရေတပ် သင်္ဘောများ မြန်မာဆိပ်ကမ်းများတွင် အထူးအခွင့် အရေးတရပ် ရရှိရေးပင် ဖြစ်သည်။ ပီကင်းသည် ယခုလည်း အိန္ဒိယသမုဒ္ဒရာဒေသတဝှမ်း အထူးသဖြင့် ပါကစ္စတန်နှင့် သီရိ လင်္ကာတို့တွင် အလားတူ ဆိပ်ကမ်း အခြေခံအဆောက်အအုံများ တိုးတက်ဖွ့ံဖြိုးရေးကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိနေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် လစ်ဗျားဆူပူအုံကြွမှုများအတွင်း တရုတ်ရေတပ်ဖွဲ့ လှုပ်ရှားလာမှုကလည်း အနောက်နိုင်ငံများ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ တရုတ်သည် သူတို့နိုင်ငံ၏ အကျိုးစီးပွါးများကို ကာကွယ်ရာ တိုင်းပြည်တွင်းမှကယ်ထုတ်ရာတွင်၎င်းမြောက်အာဖရိက နိုင်ငံသို့ မိမိရေတပ်ဖွဲ့ကို တခါမျှ မကြံု ဖူးသည့် အနေအထားဖြင့် စေလွှတ်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာဒေသတဝှမ်းတွင် ရေနက်ဆိပ်ကမ်း အဆောက်အအုံများ အထူးတလည် လိုက်လံ တည်ဆောက်နေခြင်းမှာ တရုတ်၏ စွမ်းအင်အရင်းအမြစ်များ လိုအပ်နေခြင်းနှင့် ဆက်စပ်နေသည်။ ဒါ့ကြောင့်ပင် ပီကင်းသည် စွမ်းအင်အရင်းအမြစ် ကြွယ်ဝသော်လည်း ဖွ့ံဖြိုးမှုနည်းပါးသော သို့မဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံများကို အမြဲတစေ ပစ်မှတ်ထား ဆက်ဆံရေး ထူထောင်ခဲ့သည်ကို တွေ့ရမည် ဖြစ်သည်။ တရုတ်၏ ဆက်ဆံပုံ သဘောထားကိုလည်း အဆိုပါနိုင်ငံများက အမြဲတစေ ကြိုဆိုခဲ့ကြသည်။

မြန်မာနိုင်ငံသည် လက်တွေ့အရ တရုတ်၏ ကိုလိုနီတခု ဖြစ်သွားလိမ့် မည်ဟု လိုသည် ထက်ပို၍ ခြောက်လှန့် ပြောဆိုနေသည့် အချိန်တွင် ပီကင်းအဘို့ ကွဲပြဲနေသော မြန်မာနိုင်ငံ တွင် နှစ်နိုင်ငံ အကျိုးတူ စာချုပ်များ အစီအစဉ်များ ပြုလုပ်ရာတွင် သူတို့ လိုချင်သည့် စည်း ကမ်းချက်များ လိုလား ချက်များကို တဘက်သတ် အသာစီးလို သလို ရယူနိုင် စွမ်း ရှိနေစေပါသည်။

သူတို့နှင့်လုပ်သော ကုန်သွယ်ရေးလုပ်ငန်းများနှင့် သူတို့ပေးအပ်သော အကူအညီ အထောက်အပံ့များကို စိုးရိမ်ဖွယ် လူ့အခွင့်အရေး မှတ်တမ်းများနှင့် ဆက်စပ် မထားသောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် တရုတ် နိုင်ငံ အတွက်လည်း စီးပွါးရေးနှင့် စွမ်းအင် အကျိုးစီးပွါးများကို အခြေခိုင်အောင် လုပ်နိုင်လေသည်။ တဘက် ကုန်သွယ်ဖက်နိုင်ငံ အစိုးရအဖို့လည်း အင်မတန် လိုအပ်နေသော ဘဏ္ဍာရေးနှင့် နိုင်ငံရေးသြဇာကိုရရှိပြီး ဖြစ်စေကာ နိုင်ငံတွင်း အာဏာခိုင်မြဲအောင်လည်း တည်ဆောက်ပြီး ဖြစ်စေသည်။

သို့သော် အိန္ဒိယသမုဒ္ဒရာ ဝန်းကျင်တလျှောက် မငြိမ်မသက် ဖြစ်နေသော နိုင်ငံများအတွင်း မြန်မာနိုင်ငံထက် ပို၍ ပီကင်း၏ တက်ကြွပြင်းထန်သော နိုင်ငံခြားရေးမူဝါဒကြောင့် အန္တရာယ်ရှိသော နိုင်ငံကို ရှာဖွေရန်မှာမူ မလွယ်ကူပါ။ လွန်ခဲ့သောနှစ် နိုဝင်ဘာလက ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီး ယခုနှစ် အစောပိုင်းကပါလီမန် သစ်ကို ခေါ်ယူကျင်းပခဲ့ကာ ပေါ်ထွက်လာသည့် အစိုးရသစ်ကို ပထမဆုံး လက်ခံကြိုဆိုသည့်နိုင်ငံမှာတရုတ် နိုင်ငံပင် ဖြစ်သည်။

အဆင့်မြင့် နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ကို တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။မည်သို့ပင်ဖြစ် စေ မြန်မာနိုင်ငံ၏ ဆိပ်ကမ်းများ၊ သဘာဝသံယံဇာတများသည် တရုတ်နိုင်ငံအဘို့ မျက်စိကျစရာချည်း ဖြစ်နေသည်။ မြန်မာ့နိုင်ငံရေးလောကအတွင်း နက်နက်ရှိုင်းရှိုင်း ကွဲပြားနေမှုက ပီကင်းအဘို့ သူလိုချင်သော သဘောတူညီချက်များ ရယူရာတွင် တဘက်သတ် အသာစီး ရနေစေသည်။

အသစ်ဖွဲ့စည်းလိုက်သော သမ္မတဦးသိန်းစိန်၏ အစိုးရသစ်အဘို့ တရုတ်နိုင်ငံ၏ အရေးပါ ထင်ရှားသော အခန်းကဏ္ဍကို အသိအမှတ် ပြုလိုက်ပုံရသည်။ ဦးသိန်းစိန်သည် တရုတ် နိုင်ငံသို့ ကြာသပတေးနေ့က
 ရောက်ရှိလာခဲ့သည်။ အိမ်နီးချင်း နိုင်ငံကြီးထံ ပထမဆုံး နှစ်နိုင်ငံအကျိုးတူ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံ၏ အရွယ်အစားနှင့် အထူးသဖြင့် ဒေသတွင်း သြဇာအရှိန်အဝါ ကြောင့် နိုင်ငံတွင်း နိုင်ငံရေးစနစ်များနှင့် ခေါင်းဆောင်မှုတို့ မည်မျှပင် ပြောင်းလဲသည်ဖြစ်စေ မြန်မာ့နိုင်ငံ ခြားရေးမူဝါဒ ချမှတ်ရာတွင် အမြဲတမ်း အရေးပါသော အခန်းကဏ္ဍက ပါဝင်နေခဲ့သည်။ နေပြည်တော်နှင့် ပီကင်းဆက်ဆံရေးမှာ အမြဲချောမွေ့နေသည်ချည်းလည်း မဟုတ်ပါ။ လက်ရှိနေပြည်တော်ခေါင်းဆောင်များ သည် လွန်ခဲ့သော ရာစုနှစ်များတလျှောက် ယခင် မြန်မာအစိုးရများနှင့် ပဒေသရာဇ် အစိုးရများကဲ့သို့ တရုတ် အကျိုးစီးပွါးအပေါ် အမြဲပျပ်ဝပ် ခစားနေရသည်ဟု အထင်ခံလိုစိတ် မရှိတော့ပါ။

ဤသို့ဆိုလျှင်အဘယ်ကြောင့်  တရုတ်နှင့် ဆက်ဆံရာတွင် ညီငယ်လေးသဖွယ် အောက်ကျို့ ဆက်ဆံနေပါ သလဲဟု မေးခွန်းထုတ်စရာဖြစ်နေသည်။ ရိုးရိုးလေးပြောရလျှင် မလုပ်လျှင်မဖြစ်လို့ဟုဘဲ ပြောရပါမည်။ ၂ဝ၁၂ ခုနှစ်တနှစ်ထဲအတွက် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၂ ဘီလျံတန်ဘိုးရှိနိုင်ငံတွင်းတိုက် ရိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုပမာဏသည် တနှစ်လျှင် အမေရိ ကန်ဒေါ်လာ ၁.၃ ဘီလျံသာ ဝင်ငွေရှိသည့် အစိုးရတရပ်အဘို့ အလွန််များပြားသော ပမာဏဖြစ်သည်။ နိုင်ငံရေးဗဟိုချက်မ၌ လက်ရှိအလုံးစုံ ကွဲလွဲနေမှုသည် မြန်မာခေါင်းဆောင်များ အပေါ်သို့သာကျရောက်လာ သည်။ နို်င်ငံရေးအရ ကြာမြင့်စွာ ကွဲလွဲနေမှုကြောင့် ပီကင်းအဘို့ နေပြည်တော်နှင့် ဆက်ဆံရာတွင် နိုင်ငံ၏ ထင်ရှားသိသာသော အင်အားကြီးမားမှုကို ပြကာ မိမိ၏ကျယ်ပြန့်သော နိုင်ငံရေးမူဝါဒ ရည်မှန်းချက်များ ရယူရာတွင် မရအရ ရယူနိုင် စွမ်းကိုရရှိစေခဲ့သည်။

တိုင်းပြည်ရှိ စစ်ခေါင်းဆောင်များ၏ ကြီးကြီးမားမား လွှမ်းမိုးချုပ်ကိုင်မှုကို ခံထားရသော မြန်မာအစိုးရသည် ပြည်တွင်း လုံခြံုရေးကို နိုင်ငံတကာ လုံခြံုရေးထက် ပို၍အလေးထား စဉ်းစားမှုကို ဆက်လက် ပြုလုပ်ဆဲပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ် ၂ ခုအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် စစ်ရေးစွမ်းရည် ကွာဟမှုကို ကျဉ်း မြောင်းစေရန်သာ မြန်မာစစ်တပ် သို့မဟုတ် မြန်မာ့တပ်မတော်က ပြုလုပ်ခဲ့ခြင်းကြောင့်အခြားအချက် များ ဖြစ်သော နိုင်ငံတကာ လုံခြံုရေး ကိစ္စများမှာ  လျော့နည်းမှေးမှိန်ခဲ့ရသည်။ အမျိုးသားလုံခြံုရေးဆို သည်မှာ စစ်တပ်ဖြန့်ချက်ချထားမှု၏ တခုတည်းသော လုပ်ငန်း တာဝန်တရပ် မဟုတ်ပါ။အမျိုးသားလုံခြံုရေး နှင့်အတူ အခြားအရေးပါသောအချက်များဖြစ်သည့် လူမှုရေး၊ စီးပွါး ရေးနှင့် လူသားလုံခြံုရေးကိစ္စများကိုထည့်သွင်း စဉ်းစားလုပ်ဆောင်ရမည်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေ တရုတ်မြန်မာဆက်ဆံရေးတွင် မညီမမျှဖြစ်နေသည့်အချက်က မြန်မာ စစ်တပ်နှင့်လက်ရှိ အရပ်သားများကို ဗန်းပြထားသော အစိုးရအကြား ဆုံးဖြတ်ချက် ချမှတ်ရေး ဖြစ်စဉ်များကိုလွှမ်းမိုးသက် ရောက်စေသည်သာ မဟုတ်ပါ။ မြန်မာ့အတိုက်အခံများ၏ တကိုယ်တော် အထီးကျန် မူဝါဒများကလည်း နိုင်ငံအများအပြား၏ နိုင်ငံခြားရေးမူ ဝါဒများချမှတ်ရာတွင် ရောင်ပြန်ဟပ် ဖော်ပြနေသည်ကိုလည်းထည့်သွင်း စဉ်းစားရမည် သာဖြစ်ပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လက်ဦးမှုရှိရှိ ထိတွေ့ဆက် ဆံရေးမူဝါဒများကို အတိုက်အခံများ၏ အကျီုးစီးပွါးကို ထိခိုက်စေသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ယင်းတို့ကို မြှင့်တင်လုပ်ဆောင်ဘို့ လိုပါသည်။ ယင်းသို့ လုပ်ဆောင်ရာတွင် သာမန်တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်ဘို့တင် မဟုတ်၊ သဘောတရားရေးအရ ကွဲပြားနေမှုများ ရင်ကြားစေ့ရေး အတွက်ကိုလည်းရှေ့တန်း တင်၍ ကြိုးပမ်းဘို့ ရည်မှန်းချက် ထားရှိရပါမည်။ မြန်မာနို်င်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်၏ အသစ် ချမှတ်လိုက်သော သဘောထား ရပ်တည်ချက်ကို အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ထောက်ခံလိုက်ခြင်းမှာ အားရှိစရာ ဖြစ်ပါသည်။

သို့သော် နိုဘယ်ဆုရှင် အနေဖြင့် မြန်မာနိုင်ငံ၏ အာဏာရများထံ ဝင်ထွက် ပြောဆိုပေးနိုင်သူများကို အလားတူ စိတ်ဓါတ်အရ ပို၍ပင် ပျော့ပျော့ပျောင်းပျောင်း၏ ပြောဘို့ လိုပါသေးသည်။ သို့သော် ထိုသို့ ပျော့ပျော့ပျောင်းပျောင်း ပြောသည်ဆိုခြင်းမှာ အတိုက်အခံများ၏ ရေရှည် ရည်မှန်းချက်များအတွက် ပို၍ပင် အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။

မြန်မာနိုင်ငံသည် လက်တွေ့အရ တရုတ်၏ ကို်လိုနီတခု ဖြစ်သွားလိမ့်မည်ဟု လိုသည်ထက်ပို၍ ခြောက်လှန့်
 ပြောဆိုနေသည့် အချိန်တွင် ပီကင်းအဘို့ ကွဲပြဲနေသော မြန်မာနိုင်ငံတွင် နှစ်နိုင်ငံ အကျိုးတူ စာချုပ်များ အစီအစဉ်များ ပြုလုပ်ရာတွင် သူတို့လိုချင်သည့် စည်းကမ်းချက်များ လိုလားချက်များကို တဘက်သတ် အသာစီးလိုသလို ရယူနိုင်စွမ်း ရှိနေစေပါသည်။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးအရ ပြောရလျှင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှား ဆောင်ရွက်နိုင်ဘို့ လိုသေးသော မြန်မာနိုင်ငံအဘို့ တရုတ်နှင့် ဆက်ဆံရာတွင် ဘဏ္ဍာရေးနှင့်ဖွံ့ဖြိုး ရေး ရည်မှန်းချက်များအပြင် မြန်မာနိုင်ငံသားများ၏ အခွင့်အရေး ကာကွယ် မြှင့်တင်ပေးရေး ကိုလည်းထည့် သွင်း စဉ်းစားလုပ်ဆောင်နိုင်စွမ်း ရှိစေရပါမည်။

တိုတိုပြောရလျှင် မြန်မာနိုင်ငံအဘို့ ကိုယ့်ပြည်တွင်း အခြေအနေကို နိုင်နင်းအောင် အရင်လုပ်ရပါဦးမည်။ ထိုအချိန် မရောက်မချင်း တရုတ်နိုင်ငံအနေနှင့် မိမိနိုင်ငံ မိမိနိုင်ငံသား အကျိုးစီးပွါးများကိုသာ မြန်မာနိုင်ငံနှင့် ဆက်ဆံရာတွင် တဘက်သတ် အမြတ်ထုတ်ခွင့် ရရှိနေစေဦးမည် ဖြစ်သည်။

ထိုအကျိုးစီးပွါးဆိုသည်များမှာလည်း မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွါးအတွက် မဟုတ်သည်မှာသေချာ လှပါသည်။ ထိုအချက်သည် မြန်မာခေါင်းဆောင်များအဘို့ ဖန်တီးမှုရှိစွာ ရှေ့တန်းတင်စုပေါင်းအဖြေရှာရ မည့်ကိစ္စ ဖြစ်ပါသည်။