မြန်မာမှ လူငယ်တဦး တက်ကနက် ဆိပ်ကမ်းတွင် ရုတ်တရက် သေဆုံး

မြန်မာမှ လူငယ်တဦး တက်ကနက် ဆိပ်ကမ်းတွင် ရုတ်တရက် သေဆုံး
by -
နိရဥ္စရာ သတင်းဌာန

မြန်မာနိုင်ငံမှ သစ်တင်ပို့လာသော မော်တော်ဘုတ် တစီးမှ လူငယ် တစ်ဦး ဘင်္ဂလာဒေချ့် နိုင်ငံ တက် ကနက် ဆိပ်ကမ်းတွင် ကြာသပတေးနေ့ကရုတ် တရက် သေဆုံးသွားကြောင်း သတင်းရရှိသည်။

Teknaf-landport
သေဆုံးသွားသူမှာ ကိုလှထွန်း အသက် (၂၃) နှစ်ဖြစ်ပြီး တောင်ကုတ်မြို့မှ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ကိုင်နေသူ တစ်ဦးက " အရက်သောက်ပြီး ပင်ကာအောက်မှာ အိပ်တဲ့ အတွက် သေသွားပုံရပါတယ်။ သူက တောင်ကုတ် ဦးကျောက်တောင် အဖွဲ့ကပါ။ ဟိုတည်မှာ တည်းနေ့စဉ်သေဆုံး သွားတာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ပြောသည်။

အဆိုပါ သေဆုံးသူ လူငယ်မှာ ဦးကျောက်တောင် ကုပ္မဏီမှ သစ်တင်ပို့သော ဘုတ်တွင် လုပ်ကိုင်သူ လူငယ်ဖြစ်ပြီး သေဆုံးပြီး နောက်တစ်နေ့တွင် သူ့အလောင်းကို တောင်ကုတ်သို့ ဘုတ်ဖြင့် ယူဆောင် သွားသည်ဟု သိရသည်။

" သူ့အလောင်းကို ဘောင်တော် ဆိပ်ကမ်းကနေ တောင်ကုတ်ကို ပြန်ယူသွားတာပါ။ သစ်တင်ပို့တဲ့ ဦးကျောက်တောင် မော်တော်ဘုတ်က နေ့တိုင်းလိုလို အသွားအပြန် ရှိနေတော့ ချက်ချင်းဘဲနောက်တစ် နေ့မှာ ယူဆောင်သွားပါတယ်" ဟု သူက ဆက်ပြောသည်။

လွန်ခဲ့သော မတ်လ ၂၁ ရက်နေ့ကလည်း တက်ကနက် ဘောင်တော် ဆိပ်ကမ်းတွင် တောင်ကုတ်မြို့မှ ဘုတ်ပိုင်ရှင် တစ်ဦး ဖြစ်သူ ဦးသိန်းမောင်သည် ဖေါင်တော်အောက်တွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

Most read this week