အစိုးရကို စမ်းသပ်မယ့် ဒေါ်စု နယ်ထွက်ခရီး

အစိုးရကို စမ်းသပ်မယ့် ဒေါ်စု နယ်ထွက်ခရီး
by -
မျိုးသန့်၊ ကျော်ခ


ချင်းမိုင် (မဇ္ဈိမ) ။        ။အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ရန်ကုန်မြို့ အပြင် ဘက်သို့ ခရီးထွက်ရန် ပြင်ဆင်လျက်ရှိရာ အစိုးရသစ်ကို စမ်းသပ်ချက်တခု ဖြစ်လာမှာဖြစ် သည်။

(သတင်းသုံးသပ်ချက်)

ချင်းမိုင် (မဇ္ဈိမ) ။        ။အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်သည်ရန်ကုန်မြို့ အပြင်ဘက်သို့ ခရီးထွက်ရန် ပြင်ဆင်လျက်ရှိရာ အစိုးရသစ်ကို စမ်းသပ်ချက်တခု ဖြစ်လာမှာဖြစ် သည်။

welcome-home-political-prisoners-2011

သြဂုတ်လသို့မဟုတ် နောက်ပိုင်းမှသာ ခရီးထွက်နိုင်မည်ဟု ယူဆရပြီး၊ ဒေါ်အောင်ဆန်းစုကြည် အထိန်း သိမ်းခံမှ လွတ်မြောက်ပြီးနောက် ပထမဆုံးဖြစ်လာမည့် ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များက ယခုထိထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။ သို့သော် ဧရာဝတီတိုင်းဘက်သို့စတင် မည်ဟု ပါတီတွင်း သတင်းရပ်ကွက် အချို့က မဇ္ဈိမကို ပြောသည်။

ဤအတိုင်းသာ ဟုတ်မှန်ခဲ့သော် သူ၏နိုင်ငံရေးကို မှတ်ကျောက်တင်ပေးခဲ့သည့် နေရာတခုကိုသွားရောက် ခြင်း၊ သို့မဟုတ် မအောင်မြင်ခဲ့သည့် ခရီးကို တတိယအကြိမ်မြောက် ကြိုးစားသည့် ခရီးစဉ် ဖြစ်လာမည်။

၁၉၈၉ ဧပြီ ၅ ရက်နေ့က ကွယ်လွန်လေပြိီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်ကျမှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့သည်။ အခင်းဖြစ်ချိန်တွင် တည်တည်ငြိမ်ငြိမ်နှင့် သူရင်ဆိုင်ခဲ့ပုံကမြန်မာ့နိုင်ငံရေး တွင် ပြောစမှတ် တွင်ရစ်သည်။

၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်လျားကန်စောင်း တက္ကသိုလ် ရိပ်သာလမ်း နေအိမ်သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက်တဦး၏ အမေးကို "တလ၊ နှစ်လလောက် ကျရင်တော့ သွားဖြစ်မယ်လို့မျှော်လင့် တယ်။ အခု နည်းနည်း အလုပ်တွေ၊ ရန်ကုန်က အလုပ်တွေ ပြီးအောင်တော့ တခါထဲ ကြိုးစားပြီး အမြန်ဆုံး ပြီးအောင်တော့ လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ကြွေးတွေက နည်းနည်းများနေတော့" ဟု သူက ပြန်ဖြေခဲ့သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူမှုရေးအဖွဲ့ပုံစံ ရှိနေသည့်ကာလ ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့တွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူများက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို အကွက်ချ အကြမ်းဖက် တိုက်ခိုက်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် နေအိမ်အကျယ်ချုပ် ၆ နှစ်ကျော် ကျပြန်သည်။

အခုတဖန် ခရီးထွက်မည်ဟုဆိုပြန်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ထိပ်တန်းခေါင်းဆောင်များအကြား သူ၏ လုံခြံုရေးအတွက် စိုးရိမ်နေကြပြန်သည်။

"အစိုးရတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ပြည်သူလူထုရဲ့ လုံခြံုရေးကို တာဝန်ယူရမယ့် တာဝန်ရှိနေတာပဲဗျာ။ အဲဒီတော့ အစွမ်းကုန်၊ အထက်မြက်ဆုံး၊ အန္တရာယ် အကင်းရှင်းဆုံး သူတို့တာဝန်ယူရမှာပေါ့။တာဝန်ယူရ မယ့်ကိစ္စက သူတို့တာဝန်ပဲလေ” ဟု ဦးတင်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးဖြစ်သူ အသက် ရဝ နှစ်အရွယ်ရှိ စစ်တပ်အရာရှိဟောင်း ဦးဝင်းထိန်က “ဘာလက်နက်မှ ပါတဲ့လူတွေ မဟုတ်ဘူး။ အဲဒါမျိုးကြံုလာရင် ကျနော်တို့ဘက်က ခံဖို့ပဲရှိတယ်။ ခံဖို့လည်း မကြောက်လို့ လိုက်သွားကြတာပေါ့ဗျာ” ဟု ကြံုခဲ့ရသည့် အဖြစ်အပျက်များကို နှိုင်းယှဉ်ရင်း ပြောပြသည်။

သို့သော် ယခုတဖန် ခရီးထွက်မည်လျှင် “ဒီတခါသွားလို့ ကျနော်လိုက်မယ်ဆိုရင် အရင်ကလို သွက်သွက် လက်လက်နဲ့ မလုပ်ကိုင်ပေးနိုင်မှာဘဲ အားမလို အားမရ ဖြစ်မိတာ။ ကျန်တာကတော့ မစိုးရိမ်ပါဘူး” ဟု ဦးဝင်းထိန်က ဆက်ပြောသည်။

ဘိုကလေးမြို့ဇာတိဖွား မတူကွဲပြားခြားနှင့် ငြိမ်းချမ်းရေးပါတီ အတွင်းရေးမှူး ဦးနေမျိုးဝေကမူဒေါ်အောင်ဆန်း စုကြည် ကျေးလက်အရောက် ခရီးထွက်သင့်သည်ဟု ယူဆသည်။

“အစိုးရဘက်က ဝန်ကြီးတယောက်လာရင်လည်း အောက်က အဆင်ပြေအောင် ပြောဖို့စဉ်းစားတယ်။ NLD ဘက်က သွားရင်လည်း တိုင်းအဆင့်က ဆင်းလာရင် မြို့နယ်အဆင့်က အဆင်ပြေအောင် ပြောတယ်။ အဲဒါကြီးက အကျင့်ပါနေပြီဗျ။ အဲဒါက မရတော့ဘူး၊ ရွာအထိသွား” ဟု သူက ပြောသည်။

သို့သော် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက အစိုးရဘက်မှတု့ံပြန်မှုမကောင်း မည် ကို စိုးရိမ်နေသည်။

“ဒေါ်အောင်ဆန်းစုကြည် လွတ်လာကတည်းက ရန်ကုန်မှာပဲ ရှိနေတယ်။ လူထုနဲ့ ထိတွေ့တယ် ဆိုတာက လည်း ရေဒီယိုကပဲ ထိတွေ့ရတာကိုး။ အခုလိုအချိန်မှာ တကယ်လို့ နယ်ထွက်မယ်ဆိုရင် အရင်လိုပဲထောက် ခံမှု ရှိနိုင်တယ်။ လူတွေက အများကြီး ပြံုပြီးတော့ လိုက်လာဦးမယ်။ လိုက်လာတဲ့အခါမှာလည်းအာဏာပိုင် တွေအတွက် စိုးရိမ်စရာ အများကြီး ဖြစ်လာပါလိမ့်ဦးမယ်။ ဒီပဲယင်းဖြစ်ရပ်ကို ပြန်ကြည့်ရင် သူတို့က(အာဏာ ပိုင်တွေ) ဘာဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ အနေအထားမျိုး တွေ့ပါတယ်” ဟု ဦးအောင်သူငြိမ်းက ပြောသည်။

“တကယ်လို့ ထွက်မယ်ဆိုရင် ရည်မှန်းချက်က ဘာလဲ၊ ဒါတွေကို သေချာစဉ်းစားပြီးမှလုပ်ရင် ပိုကောင်းတယ်” ဟု ဆိုသည်။

ဒီပဲယင်းအရေးအခင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် ကားကို မောင်းနှင်ခဲ့သည့်မန္တလေးမြို့ နေ ကိုကျော်စိုးလင်းကလည်း စိုးရိမ်နေသည်။

“ဒီအချိန်မှာက သိပ်ပြီးတော့ လုံခြံုမှု မရှိသေးဘူးလို့ ကျနော်က မြင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နောက် တက် တဲ့ အစိုးရလည်း အရင်အစိုးရပဲလို့ ကျနော်က ယူဆတယ်လေ။ အဲဒါကြောင့် ကျနော်က သိပ်ပြီးတော့ အယုံအကြည် မရှိဘူး။ အရင်အစိုးရနဲ့ အခုအစိုးရဟာ အတူတူပဲလို့ ကျနော်က မြင်တဲ့အပေါ်မှာ နောက်ထပ် ဒီပဲယင်းလို အဖြစ်မျိုးလည်း မဖြစ်ဘူးလို့ ပြောလို့မရဘူး” ဟု ကိုကျော်စိုးလင်းက ပြောသည်။

သူက  "ကျနော်တို့လည်း အနီးကပ်ကြည့်တာပဲ။ ဒါပေမဲ့ ဒီလိုပဲ ဝင်ပြီးတော့ ရမ်းကားသွားတာပဲလေ။ ကျနော်တို့က လက်ဗလာနဲ့ဆိုတော့ ထိခိုက်ဆုံးရှုံးနစ်နာမှုတွေ ရှိတာပေါ့ဗျာ” ဟု လုံခြံုရေးအနေအထားကို ပြောသည်။ 

ကြံ့ဖွံ့အဖွဲ့ကို စောင့်ကြည့်လေ့လာခဲ့ပြီး စာအုပ်ပြုစုခဲ့သည့် ပြည်ပအခြေစိုက် အတိုက်အခံ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု NDD ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း လုံခြံုရေးအတွက် အစိုးရတွင်တာဝန်ရှိသည်ဟု မြင်သည်။

“ကျမတို့ခေါင်းဆောင်က ကိုယ့်ပြည်သူတွေနဲ့ သွားတွေ့ဖို့၊ ထိတွေ့ဖို့ သူနဲ့တခြား NLD ခေါင်းဆောင်တွေ ဆုံးဖြတ်ပြီးတော့ လုပ်တာဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ ဘာမှပြောစရာ မရှိပါဘူး။ ဒါပေမဲ့ လုံခြံုရေးကတော့ လက်ရှိ အာဏာပိုင်တွေ လက်ထဲမှာ အပြည့်အဝ ရှိတယ်” ဟု သူက ပြောသည်။

NLD မှ ခွဲထွက်ခဲ့ကာ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီမှဦးခင်မောင် ဆွေကတော့ ခရီးထွက်ခြင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုလိုက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်  လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေး လုပ်ငန်းများတွင် အကြံဉာဏ်များ မျှဝေပေးနိုင်ပါကပြည်သူလူထု အတွက် အကျိုးရှိနိုင်မည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ရန်ပြုခံရသည့် အဖြစ်များ
၁၉၈၉ ဧပြီ ၅ ရက်နေ့တွင် - NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်၊

၁၉၉၆ မတ် ၁၃ - မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့၊

၁၉၉၆ နိုဝင်ဘာ ၉ - ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းတွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူ ၂ဝဝ ခန့်၊ ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းကို တိုက်ခိုက်ခဲ့၊

၁၉၉၈ ဇူလိုင် ၂၃ - ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရ၊ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ ပိတ်ဆို့ခံရ၊

၂ဝဝဝ သြဂုတ် ၂၄ - ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံရ၊ စက်တင်ဘာ ၂ ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ခံခဲ့ရ၊

၂ဝဝဝ စက်တင်ဘာ ၂၁ - မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရ၊ နေအိမ်သို့ ပို့ဆောင်ခံရပြီး၊ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရ၊

၂ဝဝ၃ မေ ၃ဝ - အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရ၊ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့၊ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ၊ ထိုမှတဆင့် နေအိမ် အကျယ်ချုပ် ကျခံရ၊

(အကျယ်ချုပ်သက်တမ်း ၆ နှစ်အကြာ၂ဝဝ၉ ခုနှစ် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တောဆိုသူ နေအိမ်ထဲ ခိုးဝင်ခဲ့သည်ကို လက်ခံမှုဖြင့် နေအိမ် အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်လက်၍ ထိန်းသိမ်းခံခဲ့ရသည်။ ၁၈ လအကြာ ၂ဝ၁ဝ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။)

Most read this week