ရတပ ပါတီ အထွေထွေ အတွင်းရေးမှူး (ဦးလှစောနဲ့ အင်တာဗျူး)

ရတပ ပါတီ အထွေထွေ အတွင်းရေးမှူး (ဦးလှစောနဲ့ အင်တာဗျူး)
by -
နိရဥ္စရာ သတင်းဌာန

အခု ရခိုင်ပြည် မြို့နယ် အတော်များများက မိသားစုတွေဟာ စီးပွားရေး ကျပ်တည်းမူနဲ့ အလုပ် အကိုင် ရှားပါးမူကြောင့် နေရပ်ရင်း ရခိုင်ကို စွန့်ခွာပြီး မိသားစုလိုက် ထွက်ခွာ သွားနေကြတယ်လို့ သိရပါတယ်။ အခုလို သွားလာနေတဲ့ အထဲမှာ အထူးဆိုးဆိုးရွား ဖြစ်နေတဲ့ မြို့နယ်တွေကတော့ ဂီရိဒဏ်ကို ခံခဲ့ရတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တွေလို့ ဆိုပါတယ်။

အခု ရခိုင်ပြည် မြို့နယ် အတော်များများက မိသားစုတွေဟာ စီးပွားရေး ကျပ်တည်းမူနဲ့ အလုပ် အကိုင် ရှားပါးမူကြောင့် နေရပ်ရင်း ရခိုင်ကို စွန့်ခွာပြီး မိသားစုလိုက် ထွက်ခွာ သွားနေကြတယ်လို့ သိရပါတယ်။ အခုလို သွားလာနေတဲ့ အထဲမှာ အထူးဆိုးဆိုးရွား ဖြစ်နေတဲ့ မြို့နယ်တွေကတော့ ဂီရိဒဏ်ကို ခံခဲ့ရတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တွေလို့ ဆိုပါတယ်။ အခုလို ရခိုင်ပြည်ကို စွန့်ခွာနေကြတဲ့ အတွက် ဒါဟာ ရခိုင် လူမူ အဖွဲ့အစည်းရဲ့ အနာဂတ် ရှင်သန်မူကို ခြိမ်းခြောက်နေသလို ဒီလို ဖြစ်ရပ်တွေကြောင့် အမျိုးသား ဆိတ်သုန်းမူ လမ်းကြောင်းကို ရောက်သွားနိုင်တယ်လို့ ခန့်မှန်း ပြောဆိုမူတွေလည်း အကြီးအကျယ် ထွက်ပေါ် နေပါတယ်။ တစ်နေ့ တစ်နေ့ကို ကလေးငယ်တွေက အစ မိသားစု အလိုက် အိုးအိမ်တွေကို ရောင်းချပြီး ပြောင်းရွှေ့ နေကြတာကြောင့် ရခိုင်အမျိုးသားတွေ မလေးရှား၊ ထိုင်းကို အလုပ် သွားလုပ်တာထက် ကြောက်စရာ ကောင်းတယ်လို့ ဆိုပါတယ်။ ခုလို အခြေအနေတွေကြောင့် ဒီပြဿနာကို ဘယ်လို ကိုင်တွယ် ဖြေရှင်းရင် ကောင်းမလဲလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးလှစောကို နိရဥ္စရာက စတင်မေးကြည့်ရာမှာ သူက အခုလို ပြောပါတယ်။

RNDPဖြေ။ ။ ဒီကိစ္စက အခုလတ်တလော ဖြစ်တဲ့ ကိစ္စမဟုတ်ဘူး။ သူ့မှာရေခံမြေခံတွေရှိတယ်၊ ရေခံ မြေခံ ဆိုတာ နှစ်ပေါင်း ဆယ်စုနဲ့ချီပြီးတော့ ချောင်းတွေ မြောင်းတွေမှာ လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့် မရှိဘူး။ တောင်ပေါ်တက်ပြီးတော့ လုပ်ကိုင် စားသောက်ခွင့် မရှိဘူး။ အဲဒီမှာ မတော်မတရား လက်ဝါးကြီး အုပ်ပြီးတော့ ဖြစ်လာတဲ့ ပြသာနာတွေပါ။ အဲဒီတော့ ရေရှည်မှာ ဘဝရပ်တည်ဖို့ ခက်ခဲ့တဲ့ အတွက်ကြောင့် သူတို့ဟာ တနယ်တရွာကို ပြောင်းရွေ့သွားတယ်။ အဲဒီဟာတွေ မဖြစ်အောင် လုပ်ဖို့ ဆိုလို့ ရှိရင် အဲဒီမှာ ရေရှည်လွတ် လပ် စွာ လုပ်ကိုင် စားသောက်ခွင့် အခြေအနေကို ကျနော်တို့ ဖန်တီး ပေးနိုင်ရမယ်။ အဲဒီတော့ ကျနော်တို့ စဉ်းစားထားတာက သူတို့ဟာ လယ်ယာချောင်းမြောင်းတွေကို မှီခို စားသောက်ကြတဲ့ မိသားစုတွေ များတယ်။ အဲဒီချောင်းမြောင်းတွေကို ကျနော်တို့က ဘုံ ငါးဖမ်း ကွက်တွေ အဖြစ် လွတ်လပ်စွာ လုပ်ကိုင် စားသောက်ခွင့် ပေးရပါမယ်။ အရင်တုန်းက ဆိုရင် ကျနော်တို့ ရခိုင်ပြည်မှာ မဆလခေတ်တုန်းကတောင်မှအဲဒီချောင်းမြောင်း တွေမှာ လေလံပစ်ပြီး ငါးမဖမ်းရဘူး ဆိုတာ မရှိပါဘူး။ ဒီခေတ်ကြီးမှ ပေါ်လာတာ။ အဲဒီစနစ်ကို လုံးဝဖျက်ပစ် နိုင်ရမယ်။ ဥပဒေအရကို တိုက်ဖျက်ပစ်နိုင်ရမယ်။ ကျနော်တို့ ရခိုင်လူမျိုးတွေ ချောင်းတွေ မြောင်းတွေမှာ လွတ်လွတ် လပ်လပ် လုပ်ကိုင် စားသောက် ရောင်းဝယ်ခွင့် ရရှိအောင် ကျွန်တော်တို့ ဖန်တီး လုပ်ဆောင် သွားရမယ်။ အဲဒီ အခွင့်ရေးရအောင် ကျနော်တို့ ဥပဒေ အရ တောင်းဆို သွားရမယ်။ နောက်ပြီးတော့လည်း နောက်နှစ်တွေမှာ လေလံကွက်တွေ ပေါ့ဗျာ။ အင်းအိုင် ချောင်းမြောင်းတွေ လေလံကွက်တွေကို ပုဂ္ဂလိက လက်ထဲ ဌားရမ်းတဲ့ စနစ်ကို ဖျက်ပစ် နိုင်ရမယ်။ ဒါတွေဟာ ရေရှည် ပြဿနာပါ။ ဒါတွေကို မလုပ်နိုင်ရင် ကျနော် တို့ ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ကျနော်တို့ ခုလိုဘဲ ၀မ်းနည်းစွာနဲ့လက်ပိုက်ကြည့်နေရ မယ့် အနေအထားမျိုးမှာဘဲ ရှိနေမှာ ဖြစ်ပါတယ်။ အခု ရခိုင်ပြည်သူတွေ ကိုယ်ရခိုင်ပြည်ကို စွန့်ခွာပြီးတော့ မိသားစုလိုက် ပြောင်းရွေ့သွားနေတဲ့ အပေါ်မှာ လောလောဆယ်မှာ ကျနော်တို့ အားလုံး ဝမ်းနည်းကြေကွဲစွာနဲ့ ကြည့်နေရတဲ့ ဘဝမျိုး ဖြစ်နေပါတယ်။

မေး။ ။ အခုလို ရခိုင်လူမျိုးတွေ မိမိ ပြည်က ထွက်ခွာနေတဲ့ အတွက် အနာဂတ် ရခိုင် လူမျိုးတွေရဲ့ အခြေအနေက ဘယ်လိုမျိုး ဖြစ်လာမယ်လို့ သုံးသပ်မိ ပါသလဲ။

ဖြေ။ ။ ရခိုင်လူမျိုးတွေမှာ စိန်ခါ်မှု မျိုးစုံနဲ့ ကြံုတွေ့နေရတယ်။ အလုပ်ကိုင် အခွင့်လမ်းမရှိဘူး။ ရခိုင်ပြည်မှာ လျှပ်စစ်မီး ပြဿနာ၊ သောက်သုံရေ ပြဿနာ၊ ဝမ်းစာ ဆန်စပါး ပြဿနာစတဲ့ ပြဿနာ ပေါင်းစုံတွေနဲ့ ရခိုင်သားတွေ ရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်သည် မဖွံ့ဖြိုးမတိုးတက်တဲ့ လုံးဝ စွန့်ပစ်ခံနေရတဲ့ ဒေသတခု ဖြစ်နေတဲ့အတွက် ရခိုင်ပြည်ကို စွန့်ခွာပြီး သွားကြတာပါ။ အဲဒီလို သွားတယ်ဆိုတာကတော့ သူတို့ရဲ့ ပုဂ္ဂိလိက ရွေးချယ်မှုပါ။ သို့သော်လည်း လူမျိုးတမျိုး အနေနဲ့ ကြည့်မယ် ဆိုရင် လုံးပါး ပါးပြီး လူမျိုး ပျောက်သွားနိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။

မေး။ ။ ရခိုင်အမျိုးသားတွေအနေနဲ့ အခု ပြဿနာကို ဘယ်လို ကာကွယ်ရင် ရနိုင်မယ်လို့ မြင်မိပါသလဲ။

ဖြေ။ ။ ကာကွယ်ဖို့အတွက်ကတော့ ဒီမိမိဘဝရပ်တည်ဖို့အတွက် ရိုးမကို ဖြတ်ကျော်သွားတဲ့သူတွေကို မသွားပါနဲ့လို့လည်း တားလို့ ရမှာမဟုတ်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ရခိုင်ပြည်မှာ အလုပ်ကိုင် အခွင့်လမ်းတွေများအောင် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်လာအောင် ရခိုင်လူမျိုးတွေ တက်တက်ကြွကြွ စည်းစည်း လုံးလုံး ညီညီညွတ်ညွတ် နဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရခိုင်ပြည်မှာရှိတဲ့ နိုင်ငံရေး အသိရှိတဲ့သူတွေ အသိအမြင်ရှိတဲ့ ပညာရှင်တွေနဲ့ နိုင်ငံရေး ပါတီတွေက ရခိုင် ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရခိုင်ပြည်မှာ အဓိက လိုအပ်နေတဲ့ လျှပ်စစ်မီး ရရှိရေး သောက်သုံးရေ ရရှိရေးတို့ အတွက် ဥပဒေဘောင်ထဲက ရွပ်ရွပ်ချွံချွံ မကြောက်မရွံ့ တောင်းဆို ရပါမယ်။

မေး။ ။ ဒေသအတွင်းက နောက်ဆုံး အခြေအနေ ဘယ်လိုရှိတယ် ဆိုတာ နည်းနည်း ပြောပြပေးပါလား။

ဖြေ၊။ ။ အခု သွားနေတာကတော့ ကချင်ပြည်နယ် တနိုင်းကို ပြောင်းရွေ့သွားတယ်လို့ သိရပါတယ်။ ကချင်ပြည်နယ် တနိုင်းမှာ ယုဇနကုမ္ပဏီက ခြံမြေ လုပ်ငန်းတွေ လုပ်ဖို့ အတွက် ဆိုပြီးတော့ခေါ်တယ်။ ခေါ်တော့ သူတို့က သာမာန်အလုပ်သမားတွေမက မိသားစုလိုက် ရွေ့ပြောင်းတယ်ဆိုတော့ တချို့ကလည်း ဒါကို ရိုးရိုးသားသားမှ ဟုတ်ရဲ့လား။ လူမှောင်ခို သဘောမျိုးများ ပါမလားလို့လည်း သံသယ ဖြစ်ကြပါတယ်။ အဲဒီလူတွေဟာ မင်းပြားမြို့ပေါ် ဓမ္မာရုံမှာ မိသားစုတွေ အများကြီး စုတယ်။ လူငါးဆယ်၊ တစ်ရာနှစ်ရာ စု တယ်။ အဲဒီလို စုပြီးတော့ ကားတစီး စာပြည့်ရင် အဲဒီကားပေါ်မှာ ငပိသိပ်၊ငချဉ်သိပ် သိပ်ပြီးတော့ဗမာပြည် ကို တခါတည်း ခေါ်သွားတယ် ခင်ဗျား။

Most read this week