မြန်မာ့ ယာဘား ဘင်္ဂလာဒေချ့်တွင် အဖမ်းအဆီးများ

မြန်မာ့ ယာဘား ဘင်္ဂလာဒေချ့်တွင် အဖမ်းအဆီးများ
by -
မောင်အေး

မြန်မာမှ တင်သွင်းလာသော ယာဘားဆေးပြား များ နယ်စပ် ဘင်္ဂလာဒေချ့်ဘက်ခြမ်းတွင်အဖမ်း အဆီး များနေကြောင်း သတင်း ရရှိသည်။

Yaba-Tabletsလွန်ခဲ့သော ဗုဒ္ဓဟူးနေ့က တက်ကနက်မြို့မှ ကော့စ်ဘဇားမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင် ဘတ်စ်ကားများကို ဒုံဒုံမီယာ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးရာ စိတ်ကြွဆေးပြား ရ၄၃၇ ပြားနှင့် အတူ ဆေးပြား သယ်ဆောင်လာသူ ၃ ဦးကို ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

အဆိုပါ စိတ်ကြွဆေးပြားများကို ဗုဒ္ဓဟူးနေ့ တနေ့တည်း အတွင်း ဘတ်စ်ကားများ ပေါ်မှ သီးခြားစီ ၄ ကြိမ်ခွဲ၍ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူ ၃ ဦးမှာ တက်ကနက်မြို့မှ အာဘူလ်ကာလာမ် (၂၅နှစ်) ၊ အိုခီးယားမြို့ ကာမာလ်အူလ်ဒိန် (၂၇ နှစ်)နှင့် နီလားမြို့နယ် နတ်တောင်မှ ၀ါရှိချ်ဟောဆန်းဆာဒမ် (၂၅ နှစ်) တို့ဖြစ်သည်။

မေလ ၂၅ ရက်နေ့ကလည်း တက်ကနက်မြို့တွင် စိတ်ကြွဆေးပြား ၅၀၀ နှင့် ဆေးခြောက် ၅ ကီလိုကို ဖမ်းမိ ခဲ့ပြီး လွန်ခဲ့သည့် တနင်္လာနေ့ ညဉ့်ကလည်း ဖလောင်းချိတ်မြို့ရှိ အစိုးရ ကောလိပ် ကျောင်းသား တစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၁၀၀ ကို ဘင်္ဂလာ ရဲတပ်ဖွဲ့မှ ဖမ်းဆီး ရမိခဲ့သည်။

မေလ ၁၉ ရက်နေ့ကလည်း မြန်မာနိုင်ငံမှ တင်သွင်းလာသော စိတ်ကြွ ယာဘား ဆေးပြား ၄၀၀၀၀ ကို တက်ကနက် နယ်စပ်တွင် ဖမ်းဆီးရမိပြီး မြို့တော် ဒက္ကားတွင် ဆေးပြား ၁၈၀၀၀ ဖမ်းဆီး ရမိခဲ့သည်။

ယခုကဲ့သို့ ဖမ်းဆီး ရမိသော်လည်း မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံ အကြားတွင် ယာဘား မှောင်ခို နှိမ်နှင်း ရေးကို ယခုအချိန်ထိ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရသည်။

Most read this week