မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့ဗဟိုအကျဉ်း ထောင်တွင် ရက်ပေါင်း ၄၀ ချူပ်နှောင်ခံရပြီး နောက် မေလ ၂၆ ရက်နေ့ကမြန်မာယက္ကန်း သမား ၁၃ဦးပြန်လည်လွတ်မြောက်လာခဲ့ပြီဟု သိရသည်။
၄င်းတို့ကို ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲ ဆင်းနွဲနေစဉ်တွင် မီဇိုရမ်အာဏာပိုင် များက ဖမ်းဆီးခဲ့ပြီး အိုင်ဇောလ်မြို့ဗဟိုအကျဉ်းထောင်တွင် ချူပ်နှောင်ထားခဲ့ခြင်းဖြစ်သည်။
မေလ ၂၅ ရက်နေ့က ဗဟိုတရားရုံးတွင် ရုံးချိန်းခေါ်ယူကာ တရားသူကြီးက အမှုစီရင်ရာတွင် ၎င်းတို့ကို ရက် ပေါင်း ၄၀ ထောင်ကျခံစေရန် နှင့် ဒဏ်ငွေ တစ်ထောင် စီပေးဆောင်ရန် စီရင်ခဲ့သည်။
‘’ တရားသူကြီးက ရက်ပေါင်း ၄၀ ချူပ်နှောင်ဖို့ နှင့် ရူပီးငွေ ၁၀၀၀ စီဒဏ်ငွေရိုက်တယ်၊ ယက္ကန်းသမား ၁၃ ဦးက ထောင်ထဲမှာ ရက်ပေါင်း ၄၀ တိတိနေပြီဆိုတော့ ထပ်ပြီးတော့ချူပ်နှောင်ခွင့်မရှိတော့ဘူး၊ ဒဏ်ငွေ တစ်ထောင်စီ ဆောင်ကြပြီးတော့ နောက်နေ့ ၂၆ ရက်နေ့မှာ အားလုံးပြန်လွတ်လာကြတယ်’’ဟုအိုင်ဇောလ်မြို့ အခြေစိုက် မြန်မာ့လူမှုရေးအသင်းခေါင်းဆောင်တဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့က မြန်မာလူမှုရေးအသင်း၏ဦးဆောင်မှုဖြင့် အိုင်ဇောလ်မြို့မြန်မာယက္ကန်း သမား အများဆုံး နေထိုင်ရာ ဇောလ်းသွေရပ်ကွက်တွင် မြန်မာ့ရိုးရာအတာသင်္ကြန် ပွဲကို ကြီးကျယ်ခမ်းနား စွာကျင် းပနေကြစဉ်တွင် အိုင်ဇောလ်မြို့ ရဲချူပ်၏အမိန့်အရ ၄င်းတို့ကို လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမဝင်နိုင်ငံ ခြားသားမှုဖြင့် တရားစွဲဆိုခဲ့သည်။
မီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံသားများ တရားမဝင်နိုင်ငံခြားမှုဖြင့် အဖမ်းဆီးခံခဲ့ကြပါက ဖမ်းဆီးသည့်နောက် တရက်နှစ်ရက်တွင် အိန္ဒိယ-မြန်မာနယ်စပ်ဘက်သို့ ထောင်ကားဖြင့်ပြန်လည်ပို့ဆောင်လေ့ရှိသည်။
သို့သော်လည်း ယခုပြန်လည်လွတ်မြောက်လာသည့် မြန်မာယက္ကန်းသမား ၁၃ ဦးကိုမူကို နယ်စပ်သို့ပြန် လည်ပို့ ဆောင်ခြင်းမလုပ်ဘဲ ဗဟိုအကျဉ်းထောင်တွင် ရက်ပေါင်း ၄၀ တိတိချူပ်နှောင်ထားခဲ့သည်။
ထို့ကြောင့် ၄င်းတို့အနေဖြင့် ငွေကြေးအမြောက်အများကုန်ဆုံးခဲ့ရကြောင်း ထောင်မှပြန်လွတ်လာသူတဦး၏ ဆွေမျိူးကပြောသည်။
̏ သူတို့ရဲ့အမှုလိုက်ပေးဖို့ဆိုပြီး ရှေ့နေအရင်ဌါးတာက ၁၅၀၀၊ နောက်ပြန်ဌါးတာက ၄၀၀၀၊ ဒဏ် ငွေဆောင်ရ တာက ၁၀၀၀ ၊ ရက်ပေါင်း ၄၀ အတွင်း သူတို့စားဖို့၊ သောက်ဖို့ နှင့် သွားလာရတဲ့ စရိတ်နဲ့ ဆိုရင် တဦးကို ရှုပီး ၁၀၀၀၀ လောက် ကုန်ကျသည် ̋ ဟု ပြောသည်။