ကချင် သွားသည့် ဂီရိဒေသမှ ရခိုင် အလုပ်သမားများ ခေါင်းပုံ ဖြတ်ခံနေရ

ကချင် သွားသည့် ဂီရိဒေသမှ ရခိုင် အလုပ်သမားများ ခေါင်းပုံ ဖြတ်ခံနေရ
by -
မောင်အေး

မိမိဒေသတွင် စီးပွားရေး ကျပ်တည်းမူနှင့် အလုပ် အကိုင် ရှားပါးမှုကြောင့် နေရပ်ရင်းကို စွန့်ခွာပြီး ကချင်ပြည်နယ်ရှိ ယုဇနကုမ္ပဏီတွင် သွားရောက် အလုပ် လုပ်ကိုင်ရန် ထွက်ခွာသွားသည့် ဂီရိမုန်တိုင်း သင့် ဒေသမှ ရခိုင် အလုပ်သမားများမှာခေါင်းပုံ ဖြတ် ခံနေရသည့် အတွက် အခက်အခဲနှင့်ရင်ဆိုင် နေကြရကြောင်း သိရှိရသည်။

ရခိုင်ဘက်မှ ရောက်ရှိလာသည့် ဂီရိသင့်ဒေသမှ ရခိုင် အလုပ်သမားများကို ယုဇနကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်အားခ ကို လစဉ် ထုတ်မပေးဘဲ ၆ လ တကြိမ်သာ ထုတ်ပေးမည်ဆိုသည့် အတွက် ယခုကဲ့သို့အခက်အခဲ နှင့် ကြံုနေကြရခြင်း ဖြစ်ကြောင်းသိရသည်။
Giri-affected-village

ယခုကဲ့သို့ အခက်ခဲကြောင့် ယုဇနကုမ္ပဏီပိုင် စားအုန်းဆီခြံတွင် လုပ်ကိုင်ရန် ထွက်ခွာသွားသူ တစ်ချို့မှာ မိမိဒေသကို ပြန်လာနေကြကြောင်း သိရသည်။

"မင်းပြားမြို့နယ် ဥတ္တရရွာက လူတွေဖြစ်တယ်။ တချို့ဆိုလမ်းမှာ ထမင်းတောင် ငတ်လာတယ်လို့ ပြောတယ်။ သူတို့မှာ ဒီက အိမ်ကို ရောင်းပြီး မိသားစုလိုက်ကြသွားတာတဲ့။ ဟိုကို ရောက်တော့ လုပ်အား ခလည်း ၆ လပြည့် မှ ရှင်းမယ်လို့ပြောတော့ ပိုပြီး ဒုက္ခရောက်တယ်။ ဒါနဲ့ ပြန်လာကြတယ်လို့ ကြားရတယ်" ဟုန်ကုန် တွင်နေထိုင် သည့် ရခိုင်ဦးဇင်းတပါးက ပြောသည်။

မြေပုံနှင့် မင်းပြားမြို့နယ်များတွင် ဒေသအတွင်း စီးပွားရေး အဆင်မပြေမူနှင့် အလုပ်အကိုင် ရှားပါးမှုကို အခွင့်ကောင်းယူပြီး မက်လုံး အမျိုးမျိုး ပေးကာ ရွာတိုင်လှည့်ပြီး ကားကြီးများနှင့် အလုပ်သမား ရှာဖွေရေး အေဂျင့်များက ရခိုင် ကျေးရွာသားများကို စုဆောင်နေကြောင်းသိရသည်။

“တချို့ပြန်လာတယ်လို့လည်းကြားတယ်။ ဘာကြောင်းပြန်လာတယ်ဆိုတာတော့ အတိကျ မသိဘူး။ သွားတဲ့ လူတွေလည်း ဆက်သွားနေတုန်းဘဲ။ တချို့ဆိုရင် ယောကျင်္ား ထွက်သွားတာကို အိမ်က မယားတောင် မသိလိုက်ဘူး။ ရခိုင်ပြည်က အခု ငရဲပြည်လို ဖြစ်နေပြီ †ဟု မင်းပြားမြို့နယ် သက်ပုန် ကျေးရွာသား တဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင်စားသောက်လာသော မြစ်ချောင်းများကို အစိုးရက လေလံပစ်ပြီး တစ်ဦးတည်း လုပ်ကိုင် စားသောက်ခွင့်ပြုပြီး တောင်များကိုလည်း ကုမ္ပဏီများအား ဌားရမ်းထားသဖြင့် ရခိုင်ပြည်သူ လူထုမှာ တောင်သွား၍ မရ မြစ်ကို ဆင်း၍မရ ဖြစ်နေသဖြင့် ရပ်တည်ရေး အတွက် အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေကြရသည်။

ထိုကဲ့သို့ အချိန်တွင် ယမန်နှစ်က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လယ်ယာမြေများ ပျက်စီးကာကျွဲနွားများ လည်း သေဆုံးသွားသဖြင့် ဂီရိသင့် ဒေသမှ ပြည်သူများမှာ ယခုအခါ ဖြစ်ချင်သလို ဖြစ်ဟု ဆိုကာ နေရပ်ရင်းကို မိသားစု လိုက် စွန့်ခွာပြီး တနင်္သာရီတိုင်၊ ကချင် တနိုင်းဒေသနှင့် တာချီလိတ်ဘက်သို့ ထွက်ခွာနေကြသည်ဟု သိရသည်။

ယခုကဲ့သို့ အလုပ်သမားများ စုဆောင်း ပေးနေသူများမှာ ရွှေပြည်ရခိုင် အဝေးပြေး ကားလှိုင်းမှ မင်းပြားဂိတ်မှုး နှင့် စစ်တွေခရိုင်မှုးတို့ ပူးပေါင်းကာ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း မင်းပြား မြို့ခံများက ပြောသည်။

Most read this week