နယူးဒေလီ (မဇ္စျိမ) ။ ။ ရန်ကုန် ဒဂုံမြောက် ပိုင်းမြို့နယ် ၃၄ ရပ်ကွက် ပင်လုံလမ်းမပေါ်ရှိ victory 48 အင်တာနက်ဆိုင် အင်္ဂါညနေ ၄နာရီ ခန့် တွင် မိုးကြိုးထိမှန်သဖြင့် အနည်းဆုံးကွန်ပြူ တာ ၅ လုံးပျက်စီးခဲ့ သည်။
“မိုးကြိုးပစ်တော့ ဖွင့်ထားတဲ့ ဆိုင်တံခါးဝကနေ အလင်းတန်းတခု ဝင်လာတယ်၊ မိုးကြိုးပေါ့။ စက်နံပါတ် ၂ မှာ ထိုင်နေတဲ့ ကောင်မလေးက ကြောက်လို့ ခုန်လိုက်တာ စက်နံပါတ် ၄ ကိုတောင် ရောက်သွားတယ်။ ကွန်ပြူ တာ ၅ လုံးက ချက်ချင်းပိတ်သွားတယ်” ဟု အဆိုပါဆိုင်ရှိ ပျက်စီးသွားသည့် ကွန်ပြူတာများကိုပြန်ပြင်ပေး ခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။
မိုးကြိုးကြောင့် တပ်ဆင်ထားသည့် မိုးကြိုးလွှဲကိရိယာအပြင် ကွန်ပြူတာဆားကစ်များ၊ ဟက်ဒစ်များ၊ ကွန်ပြူတာ ချိတ်ဆက်ပစ္စည်းများ ပျက်စီးသွားသည်။
“အောက်ဒိုးတစုံက ဒေါ်လာ ၆ဝဝ နဲ့၊ ကျန်တာက ၂ သိန်းဖိုးလောက် ထိတယ်။ Power Supply တို့၊ Save Guard လို ဟာမျိုးတွေပေါ့။ နောက်ပြီး သူက ဆာဗာသုံးတာ မဟုတ်ဘူး၊ Router သုံးတာ။ အဲဒါလည်း လောင်သွားတယ်။ နောက် သူ့ကောင်တာမှာသုံးတဲ့ ကွန်ပြူတာဟက်ဒစ်က ဆားကစ်ပြားတွေလည်း လောင်ကုန်တယ်” ဟု သူက ဆိုသည်။
မိုးကြိုးထိမှန်ချိန်တွင် ရပ်ကွက်အတွင်း၌ လျှပ်စစ်မီးပြတ်တောက်နေပြီး၊ victory 48 ဆိုင်တွင်သာမီးစက် မောင်း၍ အသုံးပြုနေစဉ် ဖြစ်သည်။
အင်္ဂါနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပ၊ ဒဂုံမြို့သစ်တောင်ပိုင်းနှင့် ရန်ကင်းမြို့နယ်များတွင် လေပြင်းတိုက်ခက်မှုများ ရှိခဲ့ပြီး၊ သစ်ပင်ပြိုလဲမှုနှင့် နေအိမ်သွပ်မိုးများ လေနှင့်အတူ လွင့်ပါမှုများ ရှိခဲ့သည်။