ထိုင်း - မြန်မာနယ်စပ် တာပ်ခရိုင်အတွင်းရှိအန်ဂျီ အို အဖွဲ ့အစည်းများအား တာပ်အာဏာပိုင် များ ကတစ်ဆင့် တနင်္ဂလာနေ ့နေ ့လယ်အချိန်တွင် အစည်းအဝေးခေါ်ခဲ့ပြီးနိုင်ငံရေး၊ စစ်ရေးကိစ္စ များနှင့် ကင်းကင်းရှင်းရှင်း နေ ရန် သတိပေးလိုက် ကြောင်းဒေသခံအန်ဂျီအိုအဖွဲ့မှပြောပါ သည်။
ထိုအစည်းအဝေးတွင် တာပ်ခရိုင်မှူး နှိုက်စာမိုက်လွမ်းဆားတက်ရောက်ပြီး ပထမဦးဆုံး အလုပ်သမားအသစ် လက်ခံခြင်း(ညနတ မနါငျအနမ)မဖြစ်သေးတဲ့အချိန် ဂျွန်လမတိုင်ခင် မြန်မာပြည်မှ အလုပ်သမားများ ဘန်ကောက်သို့ခိုးဝင်မှုအလွန်များပြားပြီး ဒီတနင်္လာနေ့မနက်တွင် တာပ်ခရိုင်မှာ ခိုးဝင်သူအလုပ်သမား (၅၆) ဦးကိုအိမ်တစ်အိမ်ထဲတွင် ပစ္စည်းအပြည့်အစုံနဲ သူတို ့ ဖမ်းထားကြောင်းပြောပါသည်။
တချို့အန်ဂျီအိုအဖွဲ့များသည်နိုင်ငံရေးအဖွဲ့အစည်းများနှင့် ဆက်စပ်မှုရှိနေသည်နှင့်ပက်သက်ပြီးကောင်းသည့် ရလာဒ်ရှိမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံတပ်ချ်ခရိုင်အုပ်ချုပ်ရေးမှူးမှပြောဆိုသွားခဲ့သည်ဟုအဆိုပါအစည်း အဝေးကို တက်ရောက်ခဲ့သူ မဲဆောက်အခြေစိုက် ပညာရေးနဲ့ဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း တာဝန်ခံကိုဗညားက ယခုလိုပြောပါသည်။
“လူမှုရေးလုပ်ငန်းတွေ အခြေခံအလုပ်သမားတွေကိုကူညီစောင့်ရှောက်တဲ့လုပ်ငန်းတွေ ဒုက္ခသည်စခမ်းတွေ ကို ကူညီစောင့်ရှောက်တဲ့လုပ်ငန်းစဉ်တွေကို သူ့အနေနဲ့ထောက်ခံတယ်ဆိုတာ သူက ထောက်ပြတယ်။ ဒါပေမဲ့လည်း တချို့သူပြန်ထောက်ပြတာက တချို့တချို့သောအဖွဲ့အစည်းတွေကဒီအဖွဲ့အစည်းပုံစံကို ဘန်းပြပြီးတော့မှ တချို့နိုင်ငံရေးလုပ်ငန်းတွေလုပ်နေတယ်။ တချို့စစ်ရေး ဆိုင်ရာ တွေကလုပ်ငန်းတွေမှာ ထောက်ပံ့အကူညီပေးနေတယ်ဆိုတဲ့ အချက်အလက်တွေမှာ သူက ထောက်ပြတယ်။ဒီဟာကိုမလုပ်စေချင် ဘူးပေါ့နော်။ ဒါလဲထိုင်းနိုင်ငံအတွက် ကောင်းတဲ့ရလာဒ်တွေဖြစ်ပေါ်စေမှာမဟုတ်ဘူး။ဒီလိုမျိုးဖြစ်နေတယ် ဆိုတဲ့ သူကထောက်ပြတဲ့သဘောပါ”
ထို့အပြင် မြန်မာနိုင်ငံမှ ပြည်ပသို့တိမ်းရှာင်လာသူအရာရှိတစ်ဦး ၀င်ရောက်ခိုလှုံလာသည့်ကိစ္စနှင့်ပက်သက် ၍ ထိုင်းနိုင်ငံတပ်ချ်ခရိုင်အုပ်ချုပ်ရေးမှူးမှရည်ညွှန်းပြောဆိုသွားသေးသည်ဟု အစည်းအဝေးကို ရောက်သည့် အမျိုးသမီးအခွင့်အရေး အယ်ဒွာအဖွဲ့မှမနန်းဖွမ်ကပြောသည်။
“ဟုတ်တယ် နိုင်ငံရေးကိစ္စနဲ့နည်းနည်းကင်းကင်းနေပေးပါ၊ သူပြောတာကတော့ လူထုတွေရဲ့အခွင့်အရေး တွေကို ၀ိုင်းလုပ်ပေး တာတော့ ၀ိုင်းလုပ်ပေးပေါ့၊ ဒါပေမယ့် နိုင်ငံရေးနဲ ့မပေးပတ်သက်ပါနဲ ့၊ကေအန်ယူဖြစ် စေဒီကေဘီအေဖြစ်စေ။ မြန်မာစစ်တပ်ဖြစ်စေမပတ်သက်ဘို့ပြောပါတယ်။ သူ့ကိုလည်းသူများ တွေ ထင်ထင်ပေါ်ပေါ် အထောက်အထားတွေနဲ့သတင်းပေးပို့လာတယ်။ မော်လမြိုင်လား ဖားအံလား ကျမ လည်းမသေချာဘူး ဗမာပြည်က ခရိုင်မြို့နယ်မှူးက စခန်းထဲမှာလာခိုနေတယ်ဘာညာသူ အဲလိ ပြောတယ်။ အဲဒါတွေလည်းသတိ ထားဘို့လိုတယ်လို့သူကပြောတယ်။”
ဤအစည်းအဝေးတွင် မည်သည့်အဖွဲ့အစည်း၏လုပ်ရပ်ဖြစ်ကြောင်း တိတိကျကျပြောဆိုခြင်းမရှိပေ။ မဲဆောက်မြို့ခံထိုင်းအာဏာပိုင်တွေနဲ့နီးစပ်သူတစ်ဦးကမူ မြန်မာအစိုးရကနေဖိအားပေး၍ယခုလို ကန့်သတ်
လာသည်ဟုဆိုသည်။ ယခုလိုကန့်သတ်ချက်ထုတ်လာခြင်းသည် ကောင်းသောလက္ခဏာမဟုတ်ဟု (Knowledge Zone) ရဲ့ကျောင်းအုပ်ဖြစ်သူ ကိုသက်နိုင်မှပြောပါသည်။
“နယ်စပ်ဒေသမှာ ကျွန်တော်တို့စီးပွါးရေးအဆင်မပြေတဲ့အခါကျတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတော် တော်များများဟာ အတွင်းပိုင်းကိုရောက်ကုန်တယ်။ နယ်စပ်ဒေသမှာ စစ်ပွဲတွေဖြစ်တဲ့အခါကျတော့ရွှေ့ ပြောင်း အလုပ်သမားတွေက နယ်စပ်ဂိတ်တွေပိတ်တဲ့အခါကျတော့ နယ်စပ်မှာ သူတို့သိပ်အဆင်မပြေဘူး။ အဆင်မပြေတဲ့အခါကျတော့ ဗန်ကောက်တို့ချင်းမိုင်တို့ ဘာတို့နေရာမျိုးရွှေ့ပြီးအလုပ်လုပ်ကြတာဖြစ်အခါ ကျတော့ အတွင်းပိုင်းမှာသွားပုံနေတာရှိတယ်။ အဲတာတွေ ကိုလဲသူတို့လျော့ချချင်တာပါတယ်။ နောက် တခုက (Special Ecomomic Zone) အထဲမှာ မဲဆောက်နဲ့မြဝတီက ဒေသ တစ်ခုဖြစ်နေတာကိုး။ အရင် အတိုင်းနေလို့ထိုင်လို့ရတဲ့အခြေအနေက တော်တော်ကိုပြောင်းလဲသွားလိမ့်မယ်ထင်တယ်။”
ထိုင်းနိုင်ငံမဲဆောက်မြို့မှာဆိုရင် အန်ဂျီအိုအဖွဲ့အစည်းတွေ လူမှုအခြေပြုအဖွဲ့အစည်းတွေအပါ၀င်နိုင်ငံရေး အဖွဲ့အစည်းတွေလည်းတည်ရှိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒီလိုနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆက်စပ်မှုရှိနေတဲ့ရုံးတွေကိုလည်း ထိုင်းအာဏာပိုင်တွေကနေ မကြာခနဆိုသလို ၀င်ရောက်စီစစ်မှုတွေ လဲပြုလုပ်နေပါတယ်။