သျှမ်းပြည်တပ်မတော်ခေါင်းဆောင်ဗိုလ်ချုပ်ဆေ ထဲင့် အား စစ်တွေမြို့ သံဃာ့ဆေးရုံ၌ ၅ ရက်ကြာ မျက်စိ ခွဲစိတ် ကုသပေးပြီး စနေနေ့ကစစ်တွေ အကျဉ်း ထောင်သို့ အာဏာပိုင်များပြန်လည်ပြောင်း ရွှေ့ပေး လိုက်ကြောင်း စုံစမ်း သိရှိရပါ သည်။
“ဗိုလ်ချုပ်ဆေထဲင့်ကို မျက်စိခွဲထားတုန်း ခြေနဲ့လက်တစ်ဖက်စီ လက်ထိပ်ခတ်ပြီး ကုတင်နဲ့ တွဲထားတယ်။ အခန်း ထဲမှာလဲ အရပ်ဝတ်နဲ့ လုံခြုံရေး ၅ ယောက် အမြဲတမ်းစောင့်ကြပ်နေတယ်။ ဗိုလ်ချုပ်ကိုထားတဲ့ သံဃာဆေးရုံ အပြင် ဘက်မှာ လက်နက်အပြည့်နဲ့ စစ်သားတွေရဲတွေ အယောက် ၁၅၀ ကျော် နေ့ ညစောင့် ကြပ်နေတာ ဆေးရုံဆင်းပြီး ထောင်ထဲပြန်ပို့တဲ့ မေ ၂၁ ရက်အထိပဲ” - ဆေးရုံနှင့်နီးစပ်သည့်သတင်းရပ်ကွက်ကပြောပြပါ သည်။
မေ ၁၇ ရက် (မနက် ၁၁ နာရီခန့်မှ မွန်း လွဲ ၁ နာရီကျော်အထိ) မိသားစုနှင့် အသိပေးညှိနှိုင်းခြင်းမပြုဘဲ ဗိုလ်ချုပ် ဆေထဲင့်အား အာဏာပိုင်များ မျက်လုံးခွဲစိတ်ကုသပေးလိုက်ကြောင်း၊ စစ်တွေမြို့ သံဃာ့ဆေးရုံ၌ ၅ ရက်ကြာ ဆေးဝါးကုသခွင့် ရရှိပြီး မေ ၂၁ ရက် ဆေးရုံမှ ထောင်သို့ ပြန်လည်ပြောင်းရွှေ့ပေးလိုက်ကြောင်း၊ဆေးဝါးကုသ မှု ခံယူနေစဉ်အတွင်း မိသားစုနှင့်လုံးဝ တွေ့ဆုံခွင့်မပေးဘဲ၊ ဆေးရုံမှ ထောင်သို့ပြောင်းရွေ့ပြီး မေ ၂၂ ရက်မှ ထောင်ဝင် စာတွေ့ခွင့်ရခဲ့ ကြောင်း မိသားစုဝင်တဦးက ဤကဲ့သို့ပြောပြပါသည်။
“ဧည့်စာရင်းလဲ အရမ်းစစ်တယ်၊ လာစစ်လို့တွေ့မိရင်လဲ ‘မပြန်သေးဘူးလား။ ဘာလုပ်နေလဲ။ တနှစ်လုံးတွေ့ခွင့် မပေးလဲ ဒီတိုင်းနေ မှာလား’ အဲလိုကိုရိုင်းရိုင်းစိုင်းစိုင်းပြောတာ။ ဆေးရုံမှာ တောက်လျှောက်ရှိတဲ့အချိန်မှာလဲ လုံးဝ တွေ့ ခွင့်မပေးဘူး။ ထမင်း ပို့တာတောင်မှ ထောင်အာဏာပိုင်ဆီကတဆင့် ပို့ရတာ။ ဆေးရုံ ဆင်းပြီး နောက်တရက် မနေ့ကမှ ထောင်ထဲမှာ ထောင်ဝင်စာသွားတွေ့ခွင့်ရတယ်။ ဘာဘဲဖြစ်ဖြစ်အရာအားလုံးချောမွေ့ သွားလို့ ကျေးဇူးတင် ပါတယ်” ဟု ဆိုသည်။
စစ်တွေ ဒေသခံ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ NLD အဖွဲ့ဝင် ရခိုင်အမျိုးသမီးတစ်ဦး၏ ပြောကြားချက်အရ- ဗိုလ် ချုပ် ဆေထဲင့် ထောင်အပြင်ဘက်ရောက်နေစဉ် ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကိုင်လူတစ်စုက ရဟတ် ယာဉ် တစ်စီး ဖြင့် ဝင်ရောက်ကယ်ထုတ်မည်ဟု ထောက်လှမ်းရေးတပ်မှတဆင့် တစ်မြို့လုံးသတင်းဖြန့်ပြီး လုံခြုံရေးအထူးတင်းကြပ် ကာ၊ ရှောင်တခင် ဧည့်စာရင်းလည်း စစ်ဆေး ခဲ့သည်ဟု ဆို၏။
မေ ၂၂ ရက် ညနေပိုင်း ရ ရက်တစ်ကြိမ် ပုံမှန်ထောင်ဝင်စာ တွေ့ခွင့်ရစဉ် - ဗိုလ်ချုပ်၏ ကျန်းမာရေး အခြေ အနေ ကောင်းကြောင်း၊ ခွဲစိပ်ထားသည့်မျက်စိလည်း အရင်ကထက်အမြင်ပိုကြည်လင်လာကြောင်း၊ တဖြည်းဖြည်းပိုမို ကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း ဗိုလ်ချုပ်ဆေထဲင့်က မိသားစုအားပြောပြခဲ့ သည်ဟု SNLD ပြန်ကြားရေး အဖွဲ့ဝင် တဦးကပြောပြပါသည်။
လက်ရှိ ကြံ့ဖွတ်အစိုးရ၏ ထောင်ဒဏ် တနှစ်လျှော့ လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာချက်ကြောင့် ထောင်ဒဏ် ၁၀၆ နှစ်ကျခံရသည့် သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲင့်၏ ထောင်ဒဏ် ၁၀၅ ဖြစ်သွားသည်။