ရခိုင်နှင့် ကရင် ၃၄ ဦးမှ ၃၁ ဦး မနက်ဖြန်တွင် ကာလကတ္တား အကျဉ်းထောင်မှ လွှတ်မည်

ရခိုင်နှင့် ကရင် ၃၄ ဦးမှ ၃၁ ဦး မနက်ဖြန်တွင် ကာလကတ္တား အကျဉ်းထောင်မှ လွှတ်မည်
by -
နိရဥ္စရာ သတင်းဌာန

အိန္ဒိယ နိုင်ငံ ကာလကတ္တားရှိ Presidential အကျဉ်းထောင်တွင် နှစ်ရှည် လများထိန်းသိမ်းခံ နေရသူ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး မနက်ဖြန် (မေလ ၁၉ ရက်နေ့) တွင် လွှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

34-comrades-footbal-players
သူတို့ ၃၄ ဦးထဲမှ ရဲဘော် သုံးဦးမှာ အန်ဒမန်ကျွန်းရှိ ပို့ဘလေယား အကျဉ်းထောင်တွင် အကျယ်ချုပ်ဖြင့် ရှိစဉ်က ပြဿနာ ဖြစ်ပွားခဲ့သဖြင့် ဆက်လက် စစ်ဆေးရန် ရှိနေ၍ ယခု လွှတ်မြောက်မူတွင် ပါ၀င်လာမည် မဟုတ်ကြောင်း သိရသည်။

သူတို့ သုံးဦးကို ပို့ဘလေယားတွင် စစ်ဆေးပြီးနောက် အမူပြီးစီးမှ လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

သူတို့လွှတ်မြောက်လာမည့် အကြောင်းကို "kyi phyo" [email protected] အီးမေးလ် အကောင့်မှ တခြား ၈၈ Yahoo Group သို့ ပေးပို့သော စာတွင်လည်း ရေးသား ဖေါ်ပြထားသည်။

ရခိုင်နှင့် ကရင် ၃၄ ဦးမှာ ရခိုင်ပြည်တပ်မတော်မှ ဗိုလ်ရာဇာနှင့် အတူ အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့နှင့် သဘောတူချက်အရ လန်းဖေါ့ကျွန်းတွင် စစ်စခန်း တည်ဆောက်ရန် လာစဉ် ၁၉၉၈ ခုနှစ်ကဖမ်းဆီးခံခဲ့ရ သူများ ဖြစ်သည်။ ယခု ၁၃ နှစ်ကြာပြီးမှ အိန္ဒိယ ထောင်ထဲမှ လွတ်မြောက်ကြမည် ဖြစ်သည်။

Most read this week